Saturday, November 17, 2012

ကျန်းမာရေးထိခိုင်စေနိုင်သော ဖုန်း၁၀ လုံး


ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Spe
cific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။


၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။


၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။


ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။
--
Ref: gizmocrazed.com
အောင်ခမ်း (TSJ team)

http://techspacejournal.blogspot.com/2012/10/blog-post_6372.html

Q သော သူ နှင့် ချစ်သောသူ



မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်….

Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။
ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။

Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။
ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။

Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။
ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။

Q သောသူ - သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှုကိုရယူဖို့ ကြိုးစားလေ့ရှိတယ်၊ မင်းကလဲဒါကိုဘဲ မွေ့လျော်နေတတ်တယ်။
ချစ်သောသူ - သူပြောသမျှစကားတွေက မင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီး အများအားဖြင့် မင်းကို အမိန့်ပေးတာမျိုးနဲ့ပြောလေ့ရှိတယ်။

Q သောသူ - သူကမင်း အလိုကိုလိုက်တတ်ပြီး မင်းပျော်နေရင်ရပြီ။
ချစ်သောသူ - သူကမင်းကို အမှားအမှန်တွေ ခွဲခြားပြတတ်ပြီး မင်းကတော့သူ့ကို တော်တော်လျှာရှည်တတ်သူလို့ သတ်မှတ်တတ်တယ်။

Q သောသူ - သူကမင်းကို အပျော်ဆုံးပေးမယ်လို့ ပြောလေ့ရှိတယ်။
ချစ်သောသူ - သူကတော့ မင်းကို သူနဲ့အတူရှိနေခြင်းဟာ သူ့ရဲ. အပျော်ရွှင်ဆုံးအချိန်ဆိုတာကိုဘဲ ကတိပေးလိမ့်မယ်။

Q သောသူ - သူက မင်းရဲ. လှုပ်ရှားမှု အသေးစိတ်ကို သတိထားလိမ့်မယ်၊ မင်းမှားတာလုပ်မိရင်တောင် မင်းကို ထောက်ပြမှာမဟုတ်ဘူး။
ချစ်သောသူ - သူက မင်းရဲ. လုပ်ပုံကိုင်ပုံ ကို သတိထားပြီးဘယ်နေရာမှာ မှားနေလဲဆိုတာကို ထောက်ပြလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလူတွေနဲ့ဆက်ဆံရမှာကို ပြောပြလေ့ရှိတယ်။

Q သောသူ - မင်းဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ တွဲနေသလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။
ချစ်သောသူ - မင်းဘာတွေလုပ်နေသလဲ၊ ဘယ်သူနဲ့တွဲနေလဲ ဆိုတာကို အရမ်းအလေးထားတတ်ပြီး မင်းကို ဘယ်လိုလူတွေနဲ့ မပေါင်းသင့်ဘူးဆိုတာကို သတိပေးတတ်တယ်။

Q သောသူ - သူကအခုချိန်ကိုဘဲစဉ်းစားတယ်။
ချစ်သောသူ - သူကရှေ့ရေးကိုတောင်မျှော်မှန်းနေပြီး မင်းစိတ်ချမ်းသာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို တွေးခေါ်တတ်တယ်။

Q သောသူ - သူက ငါမင်းကို ကြိုက်တယ်လို့ ပြောလေ့ရှိတယ်။
ချစ်သောသူ - သူကတော့ ငါမင်းကိုချစ်တယ် လို့ ပြောတတ်တယ်။

တကယ်လို့မင်းသာ တစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးတယ် သို့မဟုတ် ချစ်ခံ ခဲ့ ရဖူးတယ်ဆိုရင်တော့ ဒီစာတွေဟာသိပ်ကိုမှန်ကန်တယ်လို့ ခံစားရပါလိမ့်မယ်....
                                                                                   ဆိုဒ်တစ်ခုမှ..............

လူသေကောင်ကို ဖုတ်သွင်းပီးလမ်းလျောက်ခိုင်းတဲ့ဓလေ့





လူသေကောင်ကို ဖုတ်သွင်းလမ်းလျှောက်ခိုင်းတဲ့ ဓလေ့
ရှားတော့ရှားပြီဖြစ်ပေမဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ယနေ

့ထက်ထိရှိနေဆဲပါပဲ။အင်ဒိုနီးရှားနိုင်ငံtoraja
ဟာ လူသေကောင
်ကိုဖုတ်သွင်းပြီး သူမြေမြုပ်ခံရမယ့် ဂူထဲကိုသွားစေပါတယ်။
လူသေကောင်ဟာရုတ်တရက်လမ်းလျှောက်ပြီး ဂူထဲကို လျှောက်လှမ်းလာပါတယ်။
ရှားတော့ရှားပေမဲ့ ကျွန်တော်တို့အနေနဲ့ သိပ္ပံ ပညာနဲ့ နေရာတကာမှာချိန်ထိုးပြီး မျက်စိစုံမှိတ်ငြင်းဆန်နေလို့
လဲမဖြစ်သေးပါဘူး။ လူသေကောင်ကိုဖုတ်သွင်းတဲ့ ဓလေ့ကိုတော့ မှော်နက် (black magic)
အောက်လမ်းနည်း စသဖြင့် အမျိုးမျိုးခေါ်ဆိုကြပါတယ်။


ဘာကြောင့်ဒီလိုမျိုးလုပ်ရသလဲဆိုတော့ torajaမှဂူတွေဟာ ထုံးကျောက်တွေနဲ့
တောင်နံ၇ံတွေမှာ တည်ဆောက်ထားတာဖြစ်ပြီးသူတို့ကို သယ်ဆောင်ဖို့မလွယ်ကူပဲ
သူတို့ဘာသာလမ်းလျှောက်ဝင်မှသာအဆင်ပြေနိုင်မှာပါ။
လူသေကောင်ကိုဖုတ်သွင်းလမ်းလျှောက်စေပြီးသူ့အနောက်မှာတော့ ဖုတ်သွင်းသူ
မှော်ဆရာက လမ်းညွှန်ပေးရပါတယ်။ ဒါပေမယ့် အဲဒီချိန်မှာ ဘယ်သူမှအသံမထွက်ပဲ
တိတ်ဆိတ်နေရပါတယ်။ အကယ်၍ လူသေကောင်က တစ်ခုခုကို သတိထားမိသွားတယ်ဆိုရင်
ဖုတ်ကပြန်ထွက်သွားပြီး လူသေကောင်ဟာအဲဒီနေရာမှာပဲ လဲကျသွားမှာဖြစ်ပါတယ်။
ကမ္ဘာမြေကြီးမှာ ကျွန်တော်တို့ သိပ္ပံ ပညာနဲ့ အဖြေရှာမရတဲ့ ပုစ္ဆာပေါင်းများစွာဟာ
ယနေ့ထက်တိုင်ရှိနေဆဲပါပဲ.ဗျား
ဆိုဒ်တစ်ခုမှ ကူးယူ၍ ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ် ......

Monday, November 5, 2012

လက်နှင့် ကျန်းမာရေးဆက်နွယ်ပုံ




တော်ရုံ နဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါ သလား ?

အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမို မြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခု အရလည်း တစ်နေ့ကို နှစ်ကြိမ် နှုန်းနဲ့ ၁ဝ ရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေ အားလုံး ဖြေရှင်း သွားနိုင်တယ်လို့ သိရပါတယ်။
မိမိဘာသာ လုပ်ကြည့်ပါ
သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံမှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ် ပေးထားတဲ့ ဦးနှောက် အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှု ရှိတာကြောင့် လို့ ဆိုပါတယ်။


စိတ်ဖိစီးမှု များလို့ ခေါင်းကိုက် နေပါ သလား?

လက်မနဲ့ လက်ညှိုးကြားက အသားဆိုင် နေရာကို ဖိအားပေးပါ။ ဒီလို ဖိအား ပေးတာကြောင့် စိတ်ပျော်ရွှင်ပြီး ခံစားမှု ကောင်းစေကာ တက်ကြွမှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ဖိနှိပ်တာကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ၁ဝ အောင်စ စာ ကော်ဖီ တစ်ခွက် သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင် အမြန် ရရှိစေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ
လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို ယူပြီး တခြား လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကြား V  ပုံသဏ္ဌာန် နေရာကို ဖိနှိပ် ပေးပါ။ ငါးမိနစ်ခန့် ဖိညှစ် ထားတာကြောင့် ခေါင်းကိုက်တာနဲ့ ပင်ပန်းတာတွေ သက်သာ သွားနိုင် ပါတယ်။ သင် ကိုယ်ဝန် ဆောင်ထား ရရင်တော့ ဒီလို ဖိနှိပ်မှုမျိုး မလုပ်မိ ပါစေနဲ့။ ဗိုက်နာ(contraction) လာနိုင်လို့ပါ။


ဓမ္မတာ လာလို့ ကိုက်ခဲ နေပါ သလား?

အပ်စိုက် ကုထုံးကြောင့် စိတ်တိုတာ၊ စိတ်ခံစားမှု မကောင်းတာနဲ့ ဗိုက်အောင့်တာ လိုမျိုး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ အကြို ဝေဒနာတွေကို ၄၇ ရာခိုင်နှုန်းခန့် သက်သာ သွားနိုင်တယ် လို့ လေ့လာမှု အရ သိရပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
လက်ဖမိုးကို သင့် မျက်နှာဘက် ထားပြီး လက်ကောက်ဝတ် အဆစ်ရဲ့ အပေါ် နေရာကို ပုံမှာ ပြထားတဲ့ အတိုင်း စက္ကန့် ၃ဝ ခန့် ဖိနှိပ်ပါ။ တခြား လက်ကောက်ဝတ် နေရာ ကိုလည်း အဲဒီအတိုင်း ဖိနှိပ်ပါ။ သားအိမ်နဲ့ သက်ဆိုင်တဲ့ နေရာ ဖြစ်ပြီး ဗိုက်အောင့်တာ၊ လေပွတာနဲ့ ဓမ္မတာ အကြို ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။


အစာမကြေလို့ ဗိုက်အောင့် နေပါ သလား?

New Jersey Memorial ဆေးရုံ မှ လေ့လာမှု အရ ဝမ်းဗိုက် နာကျင်သူ ၁ဝ ယောက် အနက် ၉ ယောက်ဟာ အပ် စိုက်ကုထုံးကြောင့် ဝေဒနာသက်သာသွား တယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ခုအရလည်း ဝမ်းပျက်ဝမ်းလျှောသူ တွေ ၁ဝဝ ရာခိုင်နှုန်းဟာလည်း ဒီကုထုံး ကြောင့် ခြောက်နာရီ အတွင်း ဝေဒနာ သက်သာ သွားတယ်လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
သင်ရဲ့ ဘယ်ဘက်လက်ကို သင့် မျက်နှာဘက်မှာ ထားပြီး သင့်လက်မနဲ့ လက်အရင်း အောက်က အသားစိုင် နေရာကို ပုံမှာ ပြထားတဲ့ အတိုင်း ဖိနှိပ် ပေးပါ။ ပြီးရင် သင့် လက်မကို လက်သန်းဆစ် အောက် ရောက်တဲ့ အထိ ဖိအားပေးပြီး ဆက်ဆွဲ သွားပါ။ ငါးမိနစ်ခန့် ပြုလုပ် တာကြောင့် အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ သက်သာ သွားနိုင် ပါတယ်။

နှာပိတ် နေပါ သလား?

လက်ချောင်း ၁ဝ ချောင်း စလုံးရဲ့ ထိပ်ပိုင်းဟာ ဦးနှောက် နဲ့ နှာခေါင်း လိုဏ်ခေါင်း (Sinus) တွေနဲ့ ဆက်စပ်မှု ရှိပြီး လက်ချောင်းထိပ် တွေကို ဖိနှိပ် ထားတာကြောင့် နှာစေး၊ နှာပိတ်တာ သက်သာ နိုင်တယ် လို့ ဆိုပါတယ်။
မိမိ ဘာသာ လုပ်ကြည့်ပါ
သင့် လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်ချောင်းတိုင်းရဲ့ ထိပ်ပိုင်းကို တစ်စက္ကန့်စီ ခန့် ဖိကိုင်ထားပါ။ နာကျင်မှု ဝေဒနာ ခံစားရရင် အဲဒီ နေရာကို အထူး အလေး ထားပြီး နည်းနည်း ကြာကြာလေး ဖိထားပေးပါ။ 
ကိုဇေကြီး စာဖတ်ပ၇ိသတ်များ လက်တွေ ပြုလုပ်ကြည့်ပီး ကျန်းမာပျော်ရွင်ကြပါစေ............။
ကိုဇေကြီး ဘလော့တစ်ခုမှ ကူးယူဖေါ်ပြပါသည်.. 
                                                                              ကိုဇေကြီး

Tuesday, October 30, 2012

ကိုဇေကြီး၇ဲ့ စာဖတ်ပရိသတ်များ ခင်ဗျား....။

  

 ဂေါတမမြတ်စွာဘုရား၇ှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်၌ ဓမ္မစင်္ကြာ တရားဟောအပြီး လူပြည်သို့ ပြန်ကြွလာသည်ကိုလူအပေါင်းမှဆီမီးများဖြင့်ကြိုဆို ပူဇော်ရာမှ ယနေ သီတင်းကျွတ်လပြည့်နေဟူ၍ ဖြစ်ပေါ်လာသည် ။ယနေ ၃၀-၁၀-၂၀၁၂ အင်္ဂါနေ့သည်ကား  မြန်မာပြည်သူတို့၏ နေ့ထူးနေ့မြတ်သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါသည်။
၎င်းအပြင် ယနေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင် တို့၏ အဘိဓမ္မာ အခါတော်နေ့ ဖြစ်ပြီး
မိဘ ၊ ဆရာ ၊ သက်ကြီး ၊ ရွယ်အိုများအား ကန်တော့ခြင်း၊ ၀ါတွင်း ဥပုသ်ဆောက်တည်ခြင်းစသော အခါသမယ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။
မြန်မာ မိဘ ပြည်သူများအားလုံး ဥပုသ်သီလဆောက်တည်နိုင်ကြပါစေ..။
စိတ်၏ ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသောသုခနဲ့ ပြည့်စုံနိုင်ပါစေ....။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ...။
ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြပါစေ...။
                                                      ကိုဇေကြီးမှ ဆုမွန်ကောင်းအပ်ပါသည်..............။

Sunday, October 28, 2012

၄၀ ၀န်းကျင်အမျိုးသမီးများသိကောင်းစရာ


အမျိုးသမီးတွေ ၄၀ နှစ်ဝန်းကျင် ရောက် လာတဲ့ အချိန်ကို သွေးမဆုံးခင် အစောပိုင်း အချိန်တွေလို့ ဆိုလိုပါတယ်။ ဒီအချိန်မှာ အမျိုးသမီး တစ်ယောက်ရဲ့ သားဥတွေ ကလည်း အသက်ကြီးလာပြီး သားဥကြွေရာမှာ ကူညီပေးနေတဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏကလည်း စတင်ပြီး နည်းစပြုလာပါပြီ။

ဓမ္မတာ သွေးဆင်းတဲ့ ဖြစ်စဉ်ကလည်း အရင်လို ပုံမှန် မဟုတ်တော့ဘဲ ရက်စောတာ၊ နောက်ကျတာ၊ ရာသီသွေးနည်းတာ၊ များတာတွေ ကြုံတွေ့လာရ ပါတယ်။

ဒါ့အပြင် တစ်ကိုယ်လုံးပူတာ၊ အေးတာတွေလည်း ခံစားရနိုင်ပါတယ်။ ဒီလိုလက္ခဏာရပ်တွေ ဖြစ်ပေါ်နေတာကြောင့် သင်ကကိုယ်ဝန် မဆောင်နိုင်တော့ဘူး၊ ကလေးမရနိုင်တော့ဘူးလို့တော့ မယူဆလိုက်ပါနဲ့။ သင်ကလေး ရနိုင် ပါသေးတယ်လို့ Dr.Greene က ပြောပါတယ်။ သွေးမဆုံးမီ အစောဆုံး လက္ခဏာတွေ ပြနေချိန်မှာ သင့်အနေနဲ့ သားသမီးလိုချင်သေးရင် သင့်မှာ ကြိုးစားဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။ သင့်အနေနဲ့ ကြိုးစားကြည့်လို့မှ မအောင်မြင်ခဲ့ရင်တော့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ သင်ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်တွေကို ဆရာဝန်က မေးမြန်းတဲ့အခါ တိတိကျကျ ပြောပြပါ။

သားဥဖြစ်ပေါ်အောင် အားပေးတဲ့ FSH ဟော်မုန်းပမာဏကို စစ်ဆေးပါမယ်။ အီစထရိုဂျင်ဟော်မုန်းနဲ့ ပရိုဂျက် စထရုန်းဟော်မုန်း ပမာဏတွေကို စစ်ဆေးပါမယ် (ဓမ္မတာလာပြီး နှစ်ရက်မြောက်(သို့) သုံးရက်မြောက်နေ့မှာ စစ်ရင် ပိုမိုတိကျတဲ့အဖြေကို ရနိုင်ပါတယ်။) ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ဟော်မုန်း လျော့နည်းတဲ့ ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးပါမယ်။ သင်ရဲ့ သားဥကြွေရာနဲ့ သားမွေးလမ်း တစ်လျှောက် အလုံး၊ အကျိတ်၊ အဖုတွေရှိ၊ မရှိ စစ်ဆေးပါမယ်။ သင့်မှာ ကလေးမရနိုင်အောင် ပြောပလောက်တဲ့ အချက်ရှာမတွေ့ခဲ့ရင်တော့ သင့်အမျိုးသားရဲ့ သုက်ပိုးအရေအတွက်ကို စစ်ပါမယ်။ သင်လည်း သွေးဆုံးချိန် မရောက်သေးဘူး။ သင့်အမျိုးသားရဲ့ သုက်ကောင် အရေအတွက်ကလည်း ပုံမှန်ဖြစ်နေရင်တော့ ဆရာဝန်က သင့်ကို ကုသမှုတွေ စတင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေရဲ့ အဖြေပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုခံယူရတဲ့ အပိုင်းတွေ မတူညီနိုင်ပါ။

                                                            အလင်း (ဆေးဝါး)

အိပ်မပျော်သည့် ရောဂါ (Insomnia)



အိပ်မပျော်သည့် ပြဿနာသည် အလွန်အဖြစ်များသော ပြဿနာ တစ်ခု ဖြစ်သည်။ လူကြီး ၃ ဦးလျှင် ၁ ဦးမှာ အိပ်မပျော်သည့် ပြဿနာ ကြုံတွေ့နေ ကြရသည်။

အိပ်ပျော်ရန် ခက်ခဲခြင်း သို့မဟုတ် ခဏခဏ အိပ်ရာမှ နိုးနေခြင်းကြောင့် အိပ်ရေး မဝခြင်း စသည့် ဝေဒနာများ ခံစားနေကြရသည်။

သုတေသန ဓာတ်ခွဲခန်းများတွင် လေ့လာ တွေ့ရှိချက်များအရ လူတိုင်း အတွက် တစ်နေ့လျှင် အိပ်ချိန် ၈ နာရီ လိုအပ်သည် ဆိုသည့်အချက်မှာ မှားယွင်းကြောင်း တွေ့ရှိထားသည်။

အမှန်တကယ်တွင်မူ လူတစ်ဦးတစ်ယောက်ချင်း အပေါ်မူတည်၍ အိပ်စက် အနားယူရမည့် အချိန်နာရီ ပမာဏ လွန်စွာကွဲပြား ခြားနားကြောင်း သိရှိ ရသည်။ အသက်ကြီးလာသည်နှင့်အမျှ အိပ်ချိန်လိုအပ်မှု နည်းလာသည်။

ကမ္ဘာကသိသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာသည် တစ်နေ့လျှင် ၄ နာရီ၊ ၅ နာရီမျှသာ အိပ်စက်လေ့ရှိသည်ဟု ဆိုသည်။ ထို့အပြင် အခြားသော အောင်မြင်ထင်ရှားသည့် ပုဂ္ဂိုလ်အချို့သည်လည်း အိပ်ချိန်နည်းသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

လေ့လာချက်များအရ အိပ်မပျော်ရောဂါ ခံစားနေရသည်ဟု ဆိုသော သူများတွင် သူတို့ ထင်ထားသည်ထက် အိပ်စက်ဖြစ်ကြသည်ကို တွေ့ရှိ ရသည်။ မည်သို့ပင် ဖြစ်စေကာမူ ၎င်းတို့မှာ သာမန်လူများထက် မကြာခဏ အိပ်ရာမှ နိုးလေ့ရှိတတ်ကြသည်။

အိပ်မပျော်ခြင်း ပြဿနာတွင် အိပ်သည့်အချိန်ကာလ နာရီ အရေအတွက် မဟုတ်ဘဲ အိပ်စက်ခြင်း အရည် အသွေးကသာလျှင် ပို၍အရေးကြီးပါသည်။

အိပ်စက်ခြင်းအကြောင်း သုတေသနပြုသူများ ယုံကြည်ထားကြသည့်မှာ အိပ်စက်ခြင်း၏ မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းမှာ Slow Wave Sleep ဟုခေါ်သော အစိတ်အပိုင်း ဖြစ်သည်။ ထိုကာလမှာ ဦးနှောက်လုံးဝ အနားယူ နေခြင်းတွင်သာ ရှိသော အချိန်ဖြစ်သည်။ ထို့အပြင် ထိုအချိန်မှာ ညအိပ်ချိန် ပထမပိုင်း တစ်ဖက်အတွင်းမှာသာ အများဆုံး ပါဝင်ပါသည်။ ထိုအချိန်သည် အရေးကြီးပြီး တကယ်အဖြစ်မှန်မှ ပျောက်ပျက် သွားလေ့ မရှိပါ။

အိပ်မပျော်နိုင်ပဲ အိပ်ရာထဲ လဲလျောင်းရင်း အားအင်ကုန်ခန်း စိမ်မောပန်း နေရတာထက် ပို၍ဆိုးတာ မရှိပါ။
                                                          ကူးယူဖေါ်ပြသည်