Wednesday, June 13, 2012

မိန်းကလေးများ စကပ်တိုနဲ့ အင်တာနက်ဆိုင်မထိုင် မိစေရန်

အဖြစ်မှန်လေးပါ...ရိုင်းတယ်လို့မထင်စေချင်ဘူး ..မိန်းကလေးတိုင်းသတိရှိစေရန်ဖြစ်ပါသည်
တစ်ခါ့က ကျွန်တော် အင်တာနက် သုံးဖို့ဆိုင်ကိုသွားတယ်... ဆိုင်တစ်ပေါ့ဗျာ.... ဆိုင်လေးက တော်တော်သန့်တယ်... ဆိုင်ရဲ့ဖွဲ့စည်းပုံရော ... သုံးထားတဲ့အရောင်တွေရော... မိုက်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့သုံးနေရင်း နာရီဝက်လောက်ကြာတော့ ကျွန်တော့်ဘေးစက်ကိုလူတစ်ယောက် လာသုံးတယ်ဗျ.... သူဟာသူသုံးလိုက် ဆိုင်မှာရှိတဲ့သူနဲ့သိတဲ့ ကောင်လေးတွေကို သူသုံးနေတဲ့စက်ကိုခေါ်ပြလိုက်နဲ့..... အော်ကျယ်အော်ကျယ်နဲ့ပေါ့.... ကျွန်တော်လည်းကိုယ့်အာရုံနဲ့ ကိုယ်မို့လို့သူ့ကို ပထမတော့သတိမထားမိဘူး.... နောက်တော့ ကိုယ့်ဆရာကဘယ်ဟုတ်မလဲဗျ ... vzo ကိုဖွင့်ပြီး web cam ကိုသူ့ခြေမ နဲ့ ခြေညှိုးကြားမှာညှပ်ပြီး အောက်ကနေ ရှေ့ကကောင်မလေးတွေကိုကြည့်နေတာကိုဗျ.... ကောင်မလေးတွေက စကပ်တိုလေးတွေနဲ့ဆိုတော့ ကိုယ့်ဆရာသမားက အကြိုက်တွေ့နေတော့တာပဲ.... ဓါတ်ပုံတွေလဲရိုက်လိုက် တာတဖျပ်ဖျပ်နဲ့..... နောက်တော့ ကောင်မလေးတွေပြန်သွားတယ်... ကျွန်တော်လည်းသူ့ကို သတိထားလိုက်မိတယ်... သူလုပ်တာကို ကိုယ်ကမြင်နေပေမယ့် ဟိုကောင်မလေးတွေက လုံးဝမသိဘူး... နောက်ထပ်ရောက် လာတဲ့ကောင်မလေးကတော့ ထမီတွေ နဲ့ဆိုတော့ ငနဲကတွက်ချေ မကိုက်တော့ဘူး... နောက်ကျွန်တော်လည်းသူ့ကို သေချာဘုရှိုးရှိုးလိုက်တယ်... ခဏကြာတော့ငနဲထလစ်သွားတယ်... ဒီဘဲက အင်တာနက်တောင်ဖြစ်ဖြစ်မြောက်သုံးတတ်တာမဟုတ်ဘူး....ဘာ web site မှကြည့်တာမဟုတ်ဘူး... vzo ကို full screen လုပ်ပြီးကြည့်တာ.... vzo ကိုလည်းဆိုင် ကကောင်လေးတွေ ကိုဖွင့်ခိုင်းပြီးသုံးတာ... ဥာဏ်တော့ တော်တော်ကောင်းပဲ.... ကျွန်တော်လည်းယောကျာ်းလေးပါ... ဒါပေမယ့် ဒီဘဲလုပ်ပုံက တော်တော်အောက်တန်း ကျတဲ့လုပ်ရပ်ပဲ... ကျွန်တော့်သူငယ်ချင်းမလေးတွေလဲ သတိထားလို့ရအောင် သိထားအောင်လို့ သတိပေးလိုက်ပါတယ်.....
                 myanmar express မှကူယူဖေါ်ပြသည်....

Saturday, June 9, 2012

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် စံလွန်တော်မူသွားတာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။ မရှိတော့တဲ့ 
မြတ်စွာဘုရားကို ဆည်းကပ်၊ ကိုးကွယ်လို့ရသေးလား? ကိုးကွယ်နေလို့ကော အကျိုးရှိပါ့မလား?
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေ၊ ကိုးကွယ်တဲ့ဘာသာလား?
ဆင်းတုတွေ၊ ရုပ်ပုံတွေ၊ ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ?
ဒီမေးခွန်းတွေက အနောက်တိုင်ငံခြားတွေ၊ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပါ။
ဂေါတမမြတ်စွာဘရားဟာ ပရိနိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန်စံလွန်သွားပြီဖြစ်ပေမဲ့ သူဟောကြားခဲ့တဲ့ တရားအဆုံးအမတွေက
ပကတိအတိုင်းရှိနေတုန်းပါဘဲ။သူဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာအခုလိုတရားအဆုံးအမတွေကို
 ဟောပြဖို့ဘဲ။ နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် ရောက်ကြောင်းတရားတော်တွေကို ညွှန်ပြပေးခဲ့ဖို့ဘဲ။
ဒါတွေက ယခုထိ အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်းလိုက်နာကျင့်ကြံ အားထုတ်ရင်း
မြတ်ဗုဒ္ဓ ရှိစဉ်တုန်းကလိုဘဲ ထပ်တူထပ်မျှ အကျိုးတူခံစားရပါတယ်။ နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် ချမ်းသာကိုလည်း မျက်မှောက်
ပြုနိုင်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ (၄) မျိုးကို
သတ်မှတ်ပေးတော်မူခဲ့တယ်။
၁။ ဓာတုစေတီ - ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသင်္ဂြီုလ်တဲ့အခါ ကျန်ရစ်တဲ့ဓါတ်တော်များကို ဘုရားရှင်
    ကိုယ်စား ကိုးကွယ်နိုင်တယ်။
၂။ ဓမ္မစေတီ - ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ် ၃ ပုံ၊ မဂ်လေးတန် ၊
    ဖိုလ်လေးတန်နဲ့ နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် တရားတို့ကို ဘုရားရှင်ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်တယ်။
၃။ ဥဒ္ဒိသစေတီ - သက်တော်ထင်ရှား မြတ်စွာဘုရားကိုရည်မှန်း၍ ရေးသားထားတဲ့ ပုံတော်၊ 
    ပန်းချီကားချပ်တွေ ၊ သစ်သားဆင်ဆွယ် စသည်တို့ကို ထုလုပ်ထားတဲ့ဆင်းတုတွေ၊ အုတ်၊သဲ၊
    အင်္ဂတေစသည်တို့ဖြင့် တည်ဆောက်ထားတဲ့စေတီပုထိုးတွေ၊ ဒီအရာတွေအားလုံးကို ဘုရားရှင်၏
   ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။
၎။ ပရိဘောဂစေတီ -  မဟာဗောဓိပင်အပါအ၀င် ဘုရားရှင်အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊
    တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။
    အဲဒီတော့  ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်၊ ပန်းချီကားတွေ ဆင်းတုတွေ၊ကိုရှိခိုးပူဇော်
တာဟာ  ဥဒ္ဒိသစေတီ အဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထုဆင်း
တုတော်များအနေနဲ့ ရှိခိုးပူဇော်တာ မဟုတ်ပါဘူး။ဥပမာ - ကွယ်လွန်သွားပီဖြစ်တဲ့ မိဘများရဲ့ဓါတ်ပုံကို
ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူ ဓါတ်ပုံကို ရှိခိုးကန်တော့နေတာ မဟုတ်ပါဘူး။ သူ့မိဘကို ရည်မှန်းပီး ကန်တော့နေခြင်းသာဖြစ်တယ်။ မိဘဓါတ်ပုံက အသက်ထင်ရှား ရှိစဉ်ကမိဘတို့ရဲ့ ရုပ်ပုံကို ထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူး
ပြုပေးတယ်။
     စက္ကူဓါတ်ပုံကိုကျော်လွန်ပီး မိဘတို့ရဲ့ တကယ်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင်
ကြည့်ရှုရသလို ဘုရားပန်းချီရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပီး မြတ်စွာဘုရားရဲ့ ရုပ်သွင်တော်နဲ့ ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှု ရမှာဖြစ်ပါတယ်။ ပုံတော် ဆင်းတုတော်
တွေက အထောက်အပံ ပစ္စည်းမျှသာဖြစ်တယ်။ ဆင်းတုတော်တွေမရှိဘဲနဲ့လဲ မြတ်စွာဘုရားရဲ့ ဂုဏ်
တော်များကိုရည်မှန်း၍ ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားရှိစဉ်အခါကလည်း ဘုရားဂုင်္ဏတော်တွေကို
ရည်မှန်းပြီး ပူဇော်ရတယ်။
    မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာဘဲ။
ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဥာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ
ဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါက မသိနားမလည်
သူတွေရဲ့ လွဲမှားသောစွပ်စွဲမှုများသာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာ အရဟံ
အစ ဘဂ၀ါအဆုံး အတုမရှိတဲ့ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တော်မူတဲ့ ဗုဒ္ဓဘုရား၊ ထိုဗုဒ္ဓဘုရားရှင် ဟောကြား
ညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ 
သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပီးတဲ့အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ သြ၀ါဒ
အတိုင်း ကျင့်ကြံနေတဲ့ သမုတိသံဃာ၊ ဒီဘုရား၊တရား၊သံဃာ လို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါဘဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာသုံးပါး ဆိုတာ အခြားဘယ်မှာရှာဖွေလို့
ရနိုင်တော့ပါမလဲ။။။။။။။
                                                              ဒေါက်တာမင်းတင်မွန်


   



Sunday, May 27, 2012

တွန်းမလား ဆွဲမလား


တစ်ခါက အက်ဒီဆင်မှာ အားအကိုးရဆုံး တပည့်ကြီးတစ်ယောက်ရှိတယ်.။ သူဟာ အက်ဒီဆင်ရဲ့အားအကိုးရဆုံးသော တပည့်ကြီး တစ်ယောက်ဖြစ်တယ်။ တွေးခေါ်စဉ်းစားလုပ်ကိုင်မှု အားအလွန် ထက်သန်ကောင်းမွန်တယ်.။ လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်.။အက်ဒီဆင်ပြီးရင် သူ့ကို အားလုံးက အလေးစားဆုံး ဖြစ်ခဲ့ကြတယ်.။ ဒါကို သူကဒီလို ပြောတယ်.။

“တကယ်တော့ဗျာ.။ ကျွန်တော် က ဘာမှ တတ်တဲ့ သိတဲ့ တော်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး.။ ကျွန်တော်ဟာ သာမာန်လူတစ်ယောက်ပါ.။ ဒါပေမဲ့ အရမ်းကို တတ်ကြွဖြတ်လတ် နေတတ်တဲ့ ကျွန်တော့်ဆရာနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ကျွန်တော်မှာအင်အားတွေ အလိုလို ရှိလာတယ်.။ အတွေးတွေ ထက်မြက်လာတယ်.။ ကျွန်တော့်မှာစိတ်ပျက်နေမိတဲ့ နေ့ရက်တွေ ၊ အင်အားမဲ့နေတဲ့ အချိန်တွေမှာ ဆရာရဲ့ အမြဲတမ်းသွက်လက်နေမှုက ကျွန်တော့်ကို အမြဲတမ်းသွက်သက် ထက်မြက်လာအောင် ဆွဲဆောင်လှုံ့ဆော်သွားတာပါပဲ.။ ”


တကယ်တော့ ကျွန်တော်ဟာ ဒီစကားလေးကို သဘောပေါက် နားလည်ဖို့ အချိန်တွေများစွာ ပေးခဲ့ရ ပါတယ်.။ ကျွန်တော် ငယ်ငယ်ကတော့ ဖေဖေက ဒီစကားလေးသဘောပေါက်စေဖို့ ကျွန်တော့်ကို ခဲလုံးလေး တစ်လုံး ၊ အပ်ချည်ကြိုးတစ်စ ၊ တုတ်လေး တစ်ချောင်း ပေးပြီး စမ်းသပ်စေခဲ့ပါတယ်.။
ခဲလုံးလေး တစ်လုံးကို နေရာရွှေ့အောင် တွန်းကြည့်စေခဲ့တာပါ.။ ဒီမှာခဲလုံးလေး နေရာ ရွေ့စေဖို့ တုတ်ချောင်းလေး တစ်ချောင်းနဲ တွန်းပြတယ် ။နောက်တော့ ဒီခဲလုံးကိုပါပဲ နေရာ ရွေ့စေဖို့ အပ်ချည်ကြိုးနဲ့ကြိုးစားတွန်းကြည့်ရာမှာ .. ၊ အပ်ချည်ကြိုးက ဘယ်လိုမှ ခဲလုံးကို နေရာရွေ့အောင် မတွန်းနိုင်ပါဘူး.။ သူက နဂိုကကို ပျော့ပြောင်းနေတာလေ.။ဒါကြောင့် ဘယ်လိုမှ တွန်းလို့ မရ..။ ဒါပေမဲ့ ဒီခဲလုံးလေးကိုပဲဒီအပ်ချည်ကြိုးလေးနဲ့ ချည်ပြီး ဆွဲလိုက်တော့ ခဲလုံးလေး နေရာရွေ့လာပါတော့တယ် ။
ဒီနောက်မှာတော့ ကျွန်တော် စာအုပ်လေးတွေ လိုက်ဖတ်နေရင်း ရူပဗေဒ ဆိုင်ရာ သဘောတရားမှာ “အရွေ့တစ်ခုအတွက် တွန်းမှု နဲ့ ဆွဲမှု အင်အားစိုက်ထုတ်ရမှုမှာ အရာဝတ္ထု တစ်ခုရွေ့လျားဖို့ အတွက် ဆွဲအားထက် တွန်းအားက အနည်းဆုံး ၅ ဆလောက် ပိုပြီးအားစိုက်ထုတ်ရကြောင်း ” ဖတ်လိုက်ရပါတော့တယ်.။
ဒါလေးကို ကျွန်တော် ဆက်စပ်ပြီး လူ့လောကနဲ့ ပတ်သတ်ပြီးတွေးကြည့်မိပါတော့တယ်.။ လူတွေမှာ ပြောတတ်ကြတယ်လေ.။ အထူးသဖြင့် မိဘတွေကလေ.။သူတို့ သားသမီးကို ဖြစ်စေချင်ဇော နဲ့ အတင်းတွန်းပို့ မိတတ်ပါတယ်.။ ဒီတော့သားသမီးနဲ့ ဝါသနာ အကြောင်းအရာ မတူလေတော့ လုပ်ရပ် တော်တော်များများမှာအခက်အခဲပေါင်းများစွာ ရှိတတ်ကြပါတယ်.။
တကယ်ဆိုလူတစ်ယောက်ကို အောင်မြင်စေလိုရင် တွန်းပို့မှုထက် ဆွဲဆောင်မှုကအကောင်းဆုံးပါပဲ..။ ဒါကြောင့်မို့လိုလည်း အဖေ ဆရာဝန် ၊ အမေဆရာဝန်က မွေးတဲ့သားသမီးတွေက ဆရာဝန်တွေ ဖြစ်တယ် ဆိုတာ တကယ်တော့ မိဘတွေက တော်နေလို့ဆိုတာထက် သူတို့ရဲ့ ဆွဲဆောင်မှု နောက်ကို သားသမီးတွေက လိုက်သွားတာပါ.။
အခု ကျွန်တော် ပြောတာတွေ တော်တော်ရှည်နေပါပြီ..။ အကြောင်းအရာတွေ များနေလို့ ထုံများသွားမလားပဲ.။ တကယ်တော့ ဒါဟာ Management တစ်ခုပါ.။ Manager တွေ အတွက် အရေးကြီးမှု တစ်ခုပါ.။
Managerတွေဟာ အောက်က လူတွေကို အမိန့်တွေပေး. ၊ အတင်းတွန်းပို့တတ်ကြပါတယ်.။တကယ်တော့ ကိုယ်ကလည်း တက်တက်ကြွကြွ နဲ့ လုပ်ကြည့်ပါ.။ ကိုယ်က နေရာတကာမှာတက်ကြွနေရင် ကိုယ့်ရဲ့ တက်ကြွမှုတွေက သူတို့ကို ကူးစက်ပြီး အလိုလိုပါလာပါလိမ့်မယ်.။ ဒါဆို အတင်းတွန်းပို့စရာ မလိုတော့ပါဘူး.။
သူများကို ဆွဲဆောင်နိုင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းထား ရပါလိမ့်မယ် ဆိုတာကတော့ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်.။
                        fb မှ.........                                      ကိုဇေကြီး

Monday, May 21, 2012

အမျိုးသမီးများ သတိပြုဆင်ခြင်စရာ

အမျိုးသမီးအများစုဟာ ဒေါက်မြင့်ဖိနပ်ကို အမြတ်တနိုးစီးကြပါတယ်။ ဒေါက်မြင့်စီးလိုက်လျှင် မိန်းကလေးများရဲ့စိတ်ထဲမှာ  ပိုကြွ၊ ပိုလှလာတယ်လို့ အထင်ရှိနေတက်ပါတယ်။


ဒါပေမယ့်... ဒေါက်မြင့်ဖိနပ်စီးလို့ ကျန်းမာရေးကို ဘယ်လို ထိခိုက်တယ်ဆိုတာ သိထားသင့်ပါတယ်။
ဒေါက်မြင့် ဖိနပ် စီးတဲ့အတွက် အနည်းဆုံး ခြေမပေါ်မှာ အနာ စိမ်းပေါက်တာ၊ နောက်ကြွက်သားနဲ့ အရိုးကို ဆက်သွယ် ပေးထားတဲ့ အရွတ်ကို ပျက်ဆီးစေတာ၊ ခြေချောင်းလေးတွေပျက်စီးတာ စသဖြင့် ဖြစ်ပွားစေ ပါတယ်။

အဓိက ဖြစ်ပွားစေတာကတော့ ပုံမှာ ပြထားတဲ့အတိုင်း ball of the foot လို့ ခေါ်တဲ့ ခြေမနဲ့ ခြေဖ၀ါးအရိုးကို ဆက်ထားတဲ့ နေရာကို တကိုယ်လုံးက ဖိအားတွေ ကျရောက်ပြီး အဲဒီ အရိုးဆုံလည် ပျက်ဆီးတာတွေ၊ အရိုး ကျီးပေါင်းတက်တာတွေ၊ နောက် အရိုးအတက်ပေါက်တာတွေနဲ့ ခြေထောက်ပုံသဏ္ဍန် ပျက်စီးတာတွေ လည်းဖြစ်စေပါတယ်။

ဒေါက်က မြင့်လေ လေ ဖိအားက အဲဒီ အရိုးဆုံလည်အပေါ် တကိုယ်လုံးရဲ့ဖိအားက သက်ရောက်လေဖလဖြစ်ပါတယ်။

နောက်ထပ် ဆိုးကျိုးကတော့ ဒူးနဲ့ ကျောကိုပါ ထိခိုက်လာနိုင်တာပဲဖြစ်ပါတယ်။ မကြာခဏ အကြောတက်တာ၊ ခါးကိုက် တာတွေလည်းဖြစ်စေပါတယ်။ ၊ အမြဲလိုလို ဒေါက်မြင့်ဖိနပ်ကို စီးမယ် ဆိုရင်တော့ ခြေထောက်ကို ဆိုးဆိုးဝါးဝါး ပျက်စီးစေ မှာ အသေအချာပါဘဲ။

fb မှ ကိုဇေကြီး ကူးယူ၍ မသိ၇ှိသေးသော အမျိုးသမီးများအား သိစေရန်၇ည်၇ွယ်သည်
                                                                                                            ကိုဇေကြီး



ကိုယ့်ကိုယ်ကို ကျန်းမာစေချင်တယ် တကယ် လှစေချင်တယ်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ် မစီးတာ အကောင်းဆုံးပါဘဲ။

Thursday, May 3, 2012

မိဘကျေးဇူး ဆပ်ဖူးချင်တယ်

                                     မိဘကျေးဇူး ဆပ်ဖူးချင်တယ်
         သားတွေက အမေကို ပိုချစ်တယ်တဲ့...ကျွန်တော် ၀န်ခံပါတယ်...
အဖေ ထက် အမေ့ကို ကျွန်တော် ပိုချစ်ပါတယ်...တကယ်တော့ ...အဖေရော အမေ ရော 
ကျွန်တော့် ဘ၀ အတွက် အရေကြီးဆုံး လူသားတွေပါ...သူတို့ထက် အေ၇းကြီးတာ 
ကျွန်တော့မှာ မ၇ှိပါဘူး...ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အခု အရွယ် (၂၁) နှစ်ထိ 
ဖြတ်သန်းလာတဲ့ ကျွန်တော့်ရဲ့ ဘ၀ တစ်စိတ်တစ်ဒေသမှာ မိဘ၇ဲ့ ပံ့ပို့းမှု ၊ ဆုံးမှသွန်သင်မှုသာမရခဲ့ရင်
ကျွန်တော် ဒီနေ့ ဒီအခြေအနေကိုရောက်လာစရာ အကြောင်းမရှိပါဘူး...လက်ဦးဆရာလို့ခေါ်ထိုက်တဲ့
မိဘများအား ကျေးဇူးဆပ်သင့်ကြောင်း ကမ္ဘာပေါ်ရှိလူသားတိုင်း သိ၇ှိကြပါတယ်...ဒါပေမဲ့ မိဘကိုကျေးဇူး
ဆပ်ခဲ့ဖူးတဲ့လူ၊ ကျေးဇူးမဆပ်ရသေးဘဲ ကျေးဇူးဆပ်ရန် ပြင်ဆင်ကြိုးစားနေသူ၊ ကျေးဇူးဆပ်ရမှာကို
သိသော်လည်း ဥပေက္ခာပြုထားသူ၊ အထူးသဖြင့်ကျွန်တော်ပြောနေတာက ဘာသာကွဲ၊လူမျိုးကွဲ မ၇ှိပါဘူး။
လူသားအားလုံးမှာ မိဘနှစ်ပါးကိုစီ၇ှိကြပါတယ်။ ကဲဒါကထားပါ...
                                          ဘယ်လိုကျေးဇူးဆပ်မှာလဲ။
    ကျွန်တော်လဲ ဘာမှမသိပါဘူး..ဒါပေမဲ့ ကျွန်တော့် အ၇ွယ် ကျွန်တော့် ဥာဏ်နဲ့ စဉ်းစားပီး ကျွန်တော် 
လုပ်ချင်တာလေး ၊ ကျွန်တော်ဖြစ်ချင်တာလေးပြောပါ့မယ်။ ဘာလို့ဒီလိုပြောရလဲဆိုတော့...ကျွန်တော် ကိုယ်တိုင်ကလည်း...မိဘကျေးဇူးဆပ်မလို့ ပြင်ဆင်နေတဲ့သူပါ။
 ၁။ မိဘများအား ကြင်နာပါ။
               မိဘများက ဖ၀ါးလက်နှစ်လုံး ပခုံး လက်နှစ်သစ် မှ မိမိ အပေါ် ကြင်နာခဲ့တာ အခုချိန်ထိပါဘဲ။
 ၂။ မိဘများအား ဂရုစိုက်ပါ။
              မိဘအနာမှာရှိနေရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့လို အဝေးမှာ၇ှိနေသူများအဖို့တော့
  မိဘများအား " နေကောင်းလား...ကျန်းမာရေးကောင်လား..." စသဖြင့် ပေါ့။
 ၃။ မိဘများအားနွေးနွေးထွေးထွေး ဆက်ဆံပြီး မိမိ မှ အမြဲတမ်း သတိရကြောင်းပြောပေးပါ။
              "အမေ ထမင်းစားပီးပီလား ...ဘာဟင်းတွေချက်လဲ...အမေချက်တာလား....အမေချက်တာ
ဆိုတော့ ကောင်းမှာပေါ့...အမေစားကောင်းလား" စသဖြင့်ပေါ့။
 ၄။ မိဘများအား မည်သည့်အခါမှ အော်မပြောပါနှင့်။
              "အမေကလဲဗျာ...အဖေကလဲဗျာ....ဒီလိုမလုပ်ပါနဲ့ဆို......" စသဖြင့်ပေါ့။
 ၅။ မိဘများအား အမြဲပြုံးနိုင်အောင် ပြုလုပ်ပေးပါ။ မဲ့ပြုံး မပြုံးမိစေနဲ့။အမြဲ ဂုဏ်ယူစေနိုင်အောင်ကြိုးစားပါ။
              " ဒါမှ ငါ့သားလေး...
 ၆။ မိဘများအား တရားဘာဝနာနှင့်ကုသိုလ် များ ပြုလုပ်နိုင်အောင် ကူညီဖြည့်ဆည်းပေးပါ။
               လူဆိုတာ တစ်နေ့တစ်ချိန်သေကြရမှာပါ။ မြတ်စွာဘုရားကိုယ်တိုင် သေခြင်းတရားကို မလွန်ဆန်နိုင်ဘူး။ လူဆိုတာတော့ပြောမနေနဲ့တော့။ နောက်ကျတာနဲ့ စောတာဘဲကွာတာပါ။ စာဖတ်သူလဲ
သေခြင်းတရားကို ရင်ဆိုင်ရမှာဘဲ။ အဲတော့..မိဘများ မျက်ကွယ်မပြုခင်အချိန်မှာ မိဘများအား ကုသိုလ်ရေးများ ဘာသာရေးများ လိုက်စားခြင်း၊ ဘုရားကျောင်းကန်သွားခြင်း၊ ဥပုဒ် စောင့်ခြင်း၊ တရားနာခြင်း ၊ လှူဒါန်းခြင်း စသဖြင့် ပြုလုပ်စေလိုပါတယ်။
               မိဘ ကိုကျေးဇူးဆပ်ခြင်း သည် အပယ် ငရဲ မကျပါ။ မိဘလုပ်ကျွေးသောသားသမီး ဒုက္ခမရောက်ဘဲ ချမ်းသာသုခရရှိခြင်းကို ဘုရားဟောဇာတ်တော်တွေမှာ ဟောထားတာစာရေးသူ
ဖတ်ရပါတယ်။ မိဘလုပ်ကျွေးရခြင်းသည် နည်းပါးသောကုသိုလ်မဟုတ်ပါ။ တစ်ချို့ လုပ်ကျွေးချင်
သော်လည်း လုပ်ကျွေးခွင့်မရ။ အနီးနားမှာ လုပ်ကျွေးချင်သော်လည်း အဝေးမှာနေရတယ်။ မိမိသည် 
မိဘ နှင့်အတူ ဥမကွဲ သိုက်မပျက် နေရခြင်းကို ကံကောင်းလှသည်ဟုမှတ်ပါ။ 
                                           မိဘအားလုပ်ကျွေးကြပါ။
မှတ်ချက်။ ။ ကိုဇေကြီးသည်၏စိတ်၌ ဖြစ်သောအကြောင်းအ၇ာများအားတက်သလောက်
                   တင်ပြထားခြင်းဖြစ်ပါသည်။မည်သည့် ဆိုဒ်မှကူးယူခြင်းမဟုတ်ပါ။
                                                                                                                                      ကိုဇေကြီး
             
               
      
        
    

Wednesday, April 18, 2012

ဂင်းနစ် မှတ်တမ်းတွင် နှစ်ကြိမ်တိုင်တိုင် ပါဝင်ခဲ့သော မင်းကွန်းဆရာတော်ဘုရားကြီး



ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။  ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။


(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)
                                                                                                    ကိုဇေကြီး

Monday, April 2, 2012

ငွေနဲ့ဝယ်လို့မရတဲ့အရာ

ငွေနဲ့.....
အိမ်ကိုဝယ်လို့ရပေမဲ့....... ချမ်းမြေ့ ဂေဟာကိုဝယ်လို့မရနိုင်ပါဘူး။
နာရီကို ၀ယ်လို့ရပေမဲ့....... အချိန်ကိုဝယ်လို့မရနိုင်ပါဘူး။
အိပ်ယာကိုဝယ်လို့ရပေမဲ့...... အိပ်ပျော်ခြင်းကိုတော့ဝယ်လို့မရနိုင်ပါဘူး။
စာအုပ်ကိုဝယ်လို့ရပေမဲ့.......ဗဟုသုတ ကိုတော့ဝယ်လို့မရနိုင်ပါဘူး။
ဆေးဝယ်လို့ရပေမဲ့........ကျန်းမာရေးကိုတော့ဝယ်လို့မရနိုင်ပါဘူး။
နေရာကောင်း တစ်ခုကိုဝယ်လို့ရပေမဲ့....... မျှော်လင့်ချက်တွေကိုတော့ဝယ်လို့မရနိုင်ပါဘူး။
သွေးပုလင်းကိုဝယ်လို့ရပေမဲ့........ အသက်ကိုဝယ်လို့မရဘူး။
ကာမဂုဏ်ကို ၀ယ်လို့ရပေမဲ့........အချစ်ကိုဝယ်လို့မရနိုင်။
တရားခွေကိုဝယ်လို့ရပေမဲ့........နိဗ္ဗာန် ကိုဝယ်လို့မရနိုင်ပါဘူး။
ထို့အတူ.....ကိုဇေကြီးကိုလည်းဝယ်လို့မရပါဘူး...........။
                                                   ကိုဇေကြီး