Tuesday, July 17, 2012

န၀ရတ် လက်စွပ်အကြောင်းသိကောင်းစရာ


ဤနဝရတ်လက်စွပ်စတင်ဝတ်ဆင်ခြင်းအစဉ်အလာကိုအနောက် မဇ္ဈိမဒေသ မဂဓတိုင်းရာဇဂြိုလ်ပြည်မှ မြန်မာနိုင်ငံသို့ ကူးပြောင်းလာကြောင်းတွေ့ရှိရသည်။
ဗိမ္ဗိသာရမင်းမှဤရာဇဝင် စတင်ခဲ့သည်ဟုသိရှိခဲ့ရပါသည်။
ဗိမ္ဗိသာရမင်းကို သားတော် အဇာတသတ် လုပ်ကြံ၍ ထီးနန်းဆက်ခံသည်။
သာသနာတော် ၂၄-ခု နန်းသက် ၃၂-တွင်  အဇာတသတ်မင်းကို သားတော် ဥဘယဘဒ္ဒါ
လုပ်ကြံ၍ ထီးနန်းဆက်ခံသည်။
 သာသနာတော် ၄၀-ပြည့်၊ အိမ်နိမ့်စံ ၁၆ နှစ်တွင်  ဥဘယဘဒ္ဒါကို ၎င်း၏သားတော် အနုရုဒ္ဓါ
လုပ်ကြံ၍ နန်းတက်စံပြန်သည်။
သာသနာတော် ၄၀-ပြည့်၊ အိမ်နိမ့်စံ ၁၆ နှစ်တွင်  ဥဘယဘဒ္ဒါကို ၎င်း၏သားတော် အနုရုဒ္ဓါ
လုပ်ကြံ၍ နန်းတက်စံပြန်သည်။
အနုရုဒ္ဓါ ကို သာသနာတော်  ၄၄-ခု နန်းသက် ၄-နှစ်တွင် သားတော်ရင်း မုန္ဒ(မုဏ္ဍ) လုပ်ကြံ၍
ထီးနန်းဆက်ခံပြန်သည်။
သာသနာတော် ၄၈-ခု၊ နန်းသက် ၄-နှစ်တွင်မုန္ဒမင်းကို သားတော် နာဂဒါသ သတ်၍ မင်းလုပ်အုပ်ချူပ်ပြန်သည်။
သာသနာတော် ၇၂-ခု နန်းသက် ၂၄ နှစ်တွင် ၎င်းမင်းကို ရာဇဂြိုလ်ပြည်သားတို့ နန်းချ၍
လိစ္ဆဝီ အနွယ်မှ ဆင်းသက်လာသော သုသုနာဂ ပညာရှိအမတ်ကို နန်းတင်သည်။
သုသုနာဂမင်းသည်  နာဂဒါသမင်း၏ သားတော် ၃-ပါးဖြစ်သောဇလာမိကရာဇ၊ ဥသိကရာဇက၊ ကိစ္စနရာဇ တို့ကို အသက်အန္တရာယ်မပြုဘဲ ဆွေတော်မျိုးတော် ၃-သောင်းအမှုအထမ်းအခြံအရံ ပြည့်စုံစွာဖြင့်တိုင်းပြည်မှ နှင်ထုတ်လိုင်လေသည်။
ထိုမင်းသား၃-ပါးသည် အရှေ့တောင်အရပ်သို့ ၃ -လကျော် ၄- လခန့် ကုန်းကြောင်းခရီးဖြင့်
လျှောက်လှမ်းခဲ့ရာ(၍) သာသနာသက္ကရာဇ် ၇၃-တွင်မြန်မာနိုင်ငံ တောင်ညိုအရပ်(ကလေးတောင်ညို)သို့ရောက်ရှိခဲ့သည်။
အရှေ့အရပ် သီရိပတ္တတောင်ပေါ်မှစီးဆင်းကျသော နန့်ကရဲည်းချောင်းကို အမှီပြု၍ အရိမည ဟူ၍ယာယီမြို့တည်တော်မူသည်။
 မင်းသား၃-ပါးသည် ဤမြေ ဤရပ် ဤဒေသသို့ရောက်သည့်အချိန်မှစ၍အဖသတ်ကံကြွေးကျေပါစေ၊ဝဋ်ကြွေးဟူသမျှကင်းစင်စေ၊ အရာရာကိုအောင်နိုင်စေရန် ရည်စူး၍
ဗေဒင် နက္ခတ်-ဟူးရားအတတ်တို့၌ ကျွမ်းကျင်သည့်ပညာရှိကြီးများ၊ရှေးဟောင်းပုရပိုက်
အထောက်အထားများနှင့် တွက်စစ်၍ အလွန်အဖိုးတန်သော ရတနာ ၉-ပါးနှင့်စီရင်သည့်
နဝရတ်လက်စွပ်ကို ဖန်တီးစေသည်။
 မင်းသား ၃-ပါးသည် လက်စွပ်ကိုဆင်မြန်း၍ တောင်ညိုအရပ်ကို၂၇-တိုင်တိုင်သိမ်းသွင်းပြီး
အာဏာစက်ပျံ့နှံ့ရာဟူသမျှတို့ကို ယောနကတိုင်း(ယောနယ်)ဟု
သမိုင်းမော်ကွန်းစိုက်ထူခဲ့သည်။
အာဏာစက်ကျရာ အရပ်ဒေသ၌ သီလ သမာဓိ ပညာ ရဲစွမ်းသတ္တိဂုဏ်နှင့်ပြည်စုံသော
လူစွမ်းကောင်းတို့အား ချီးမြှင့်မြှောက်စား သိမ်းသွင်းတော်မူသည်။ချီးမြှင့်ခံရသည့် ပညာရှိများအားနဝရတ်ရတနာ ချီးမြှင့်တော်မူသည်။
နောင်တော်ကြီး ဇလာမိကရာဇာသည် ယောနကတိုင်းကို အုပ်ချူပ်စံစားသည်။
ညီလတ် ဥသိကရာဇာသည် သာသနာတော် ၉၅-တွင် မိုးညှင်းမြို့ တည်၍ စိုးစံတော်မူသည်။
ညီငယ် ကိစ္စနရာဇာသည် မဟာမြိုင်တောနေရာတွင် မဟာနံမြို့ ကိုသာသနာတော် ၉၂-တွင်
တည်၍စိုးစံတော်မူသည်။ညီနောင် ၃-ပါးသည်တကောင်း၊ဟန်လင်း၊မှော်ဇာ၊ကမ်းယံ၊ရခိုင်၊အဂ္ဂဘတ်၊ကသည်း၊ရှမ်းပြည်နယ်တို့တွင် အာဏာစူးရောက်စေပြီး ၎င်းတို့၏ အစဉ်အဆက်နှင့် သစ္စာတော်ခံတို့အား
နဝရတ်လက်စွပ် ဆင်မြန်းစေသည်။
                           နဝရတ်လက်စွပ်၏အင်္ဂါများ

၁။တည်ကြည်ခြင်း
၂။သီလခိုင်မြဲခြင်း
၃။ဥာဏ်ပညာကြီးခြင်း
၎။ရဲစွမ်းသတ္တိရှိခြင်း
၅။ဖြောင့်မတ်ရိုးသားခြင်း
၆။ဘုန်းကံကြီးမားခြင်း
၇။သူတပါးအပေါ်၌အာဏာစက်တည်မြဲခြင်း။
၈။ဘေးရန်အနှောက်အယှက်တို့အားကာကွယ်နိုင်ခြင်း
၉။မျိုးရိုးကိုစောက်ရှောက်ခြင်း
      နဝရတ်လက်စွပ်စီရင်သောအခါ ရက်ကောင်း ရက်ရာဇာကျရောက်သောနေ့၌ အခါလဂ်မှ
၁၀-တန့် တွင်တနင်္ဂနွေဂြိုဟ်ရောက်သောအချိန်၌-
အလယ်မှ ပတ္တမြားကို စတင်ထည့်သွင်းခြင်းပြုသည်။
     နဝရတ်လက်စွပ် စီရင်မည့် ရတနာ ၉-ပါးကို ကျကျနနရွေးချယ်၍ဘုရားကျောင်းဆောင်ပေါ်တွင်ဖျင်ဖြူခင်း၍

ကြာနီပွင့်ပေါ်တွင်                                            ပတ္တမြား
ကြာဖြူပွင့်ပေါ်တွင်                                           သန္တာ
ဖုံမသိမ်ပွင့်ပေါ်တွင်                                           ပုလဲ
ကြက်မောက်နီပွင့်ပေါ်တွင်                                ကြောင်
မာလာပွင့်ပေါ်တွင်                                          ဂေါ်မုတ်
 လေးညှင်းပွင့်ပေါ်တွင်                                       မြ
ကရမက်ပွင့်ပေါ်တွင်                                        ဥဿဖယား
ပန်းရင်းပွင့်ပေါ်တွင်                                          နီလာ          ကြက်ပွိုင့်ပွင့်ပေါ်တွင်                                         စိန်
   ဤကဲ့သို့ထားရှိပြီး ကျောက်တို့ကို အစဉ်အတိုင်း တစ်မျိုးပြီးတစ်မျိုး အဆင့်ဆင့်ထည့်သွင်းခြင်းပြုသည်။
  ထည့်သွင်းသောအခါ-

      အလယ်မှပတ္တမြားကို ဦးစွာထည့်သည်။
      အရှေ့မြောက်ထောင့်တွင်                                             သန္တာ
      အရှေ့ထောင့်တွင်                                                      စိန်
      တောင်ထောင့်တွင်                                                    ကြောင်
     အနောက်တောင်ထောင့်တွင်                                        ဂေါ်မုတ်
     အနောက်ထောင့်တွင်                                                 မြ
     အနောက်မြောက်ထောင့်တွင်                                       ဥဿဖယား
     မြောက်ထောင့်တွင်                                                   နီလာ
 ထည့်သွင်းသောပန်းထိမ်ဆရာသည် မြောက်အရပ်ကိုမျက်နှာမူ၍ ၁ မှ ၉ အထိ
အစဉ်အတိုင်းထည့်ရသည်။
 မြောက်အရပ်ရှိ နီလာ နှင့်တောင်အရပ်ရှိကြောင် တို့ကြားရွှေ နှင့်ကွင်းကိုပြု၍
လက်စွပ်စီရင်သည်။
    လက်စွပ်ဝတ်ဆင်သောအခါ လက်သန်းဘက်ခြမ်းတွင်ကြောင်၊ လက်ခလယ်ဘက်တွင်
နီလာ၊လက်သူကြွယ်၏လက်သည်းခွံဘက်ခြမ်းတွင်စိန်၊လက်သူကြွယ်အရင်း၌မြ တို့ကို  ထား၍ဝတ်ဆင်သည်။
တစ်နှစ်လျှင် တစ်ကြိမ် နဝရတ်လက်စွပ်ကို သိဒ္ဓိတင်က အထူးကောင်းသည်။
ရခိုင်ငှက်ပျော ၉-ဖီး၊ အုန်းသီး ၁-လုံး၊ အောင်သပြေ ၉-ညွန့်၊ ပေါက်ညွန့် ၉-ညွန့်၊
အမွေးတိုင် ၉-တိုင် တံခွန်၉-ခု၊ ယပ် ၉-ခု၊ ဖယောင်းတိုင် ၉-တိုင်၊ ဆွမ်း ၉-ပွဲ၊ သစ်သီး ၉-လုံး၊
လက်ဖက် ၉-ပုံ    ပွဲထိုး၍တင်ရသည်။
                                                                 ဘလော့တစ်ခုမှ..ကိုဇေကြီး

ယောင်္ကျားလေးများ မကြိုက်သော မိန်းမများ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ 

                                                                   ကိုဇေကြီး

Thursday, July 12, 2012

မြန်မာပြည်က ဖုန်းနဲ့ အင်တာနက်သုံးလိုသူတွေအတွက် Internet Setting လုပ်နည်း......




အခုနော ခေတ်နဲ့အညီ ရင်ဘောင်တန်းပြီး တိုးတက်နေတဲ့ ကျနော်တို့ မြန်မာပြည်ကြီးမှာ ဖုန်းတွေနဲ့ အင်တာနက်သုံးလို့ ရနေပြီဆိုတော့ အင်တာနက် Setting လုပ်တတ်ဖို့ လိုအပ်လာပြီ ထင်ပါတယ်။ အဲဒီအခါမှာ ကိုယ်က မလုပ်တတ်တော့ ဖုန်းဆိုင်ကိုပြေး။ ဖုန်းဆိုင်ကလည်း ခပ်တည်တည်နဲ့ ဘယ်လောက်ကျတယ်ဆိုပြီး မတန်တဆတောင်း။ အဲသလို အလကား ပိုက်ဆံကုန်မယ့်ဘေး ကေ
ဝးရလေအောင် အင်တာနက်ကတွေ့လာတဲ့ Internet Setting လုပ်နည်းလေး ဝေမျှ လိုက်ပါတယ်။ မိတ်ဆွေများ မိုဘိုင်းအင်တာနက်ဖြင့် ပျော်ရွှင်နိုင်ကြပါစေ။
အားလုံးကို လေးစားလျှက်…
Good Idea

အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။

Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွ
ားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။
Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes လုပ်ပါ။ Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။

အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။


ဒါဆိုပြီးသွားပါပြီ။ options ကနေ exit လုပ်ပြီး ထွက်လိုက်လို့ရပါပြီ။ ဖုန်းနဲ့ အင်တာနက် ထဲဝင်ချင်ရင် menu ထဲမှာရှိတဲ့ ကမ္ဘာလုံးပုံ web ဆိုတာနဲ့ အင်တာနက်ထဲဝင်ပါ။ ခဏနေတာနဲ့ Yatanarpon web page ပေါ်လာပါလိမ့်မယ်။PC ကနေသွားမယ် ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်။ ပြီးတော့ Nokia Ovi suite (သို့) Nokia PC suite ကွန်ပြူတာမှာ install လုပ်ထားတာရှိရပါမယ်။ အဲ့ဒီ software ကနေ connect your computer to the internet ဆိုတာနိုပ်ပြီး connect လုပ်ပါမယ်။ ပြီးရင်တော့ ကြိုက်ရာ Broswer ကိုသုံးနိုင်ပါပြီ။ ဘာ proxyမှထည့်စရာမလိုပါ။


အချိန်ရရင် Sony Ericsson အတွက်ရေးပေးပါဦးမယ်။

ဒီနေ့ငွေသွင်းပြီးရင် ညနေ ငါးနာရီလောက်ဆိုသုံးနိုင်ပါပြီ။
100MB လောက်ကို download ဆွဲတာတော့ တစ်နာရီလောက်ကြာပါတယ်။ဒီပို့စ်ကို Nokia N8, C6, C7 တို့ကိုအခြေခံ ပြီးရေးပါသည်။

ကျေးဇူးတင်ပါတယ် ကြိုက်သလိုသုံးနိုင်ပါတယ်ခင်ဗျာ
ပိုက်ဆံသာသွင်းလိုက်ရပြီး ဘာကိုမှမသိ လိုက်ရတဲ့သူတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ ကြိုးစားရေးလိုက်တာပါ။ connection မိရင် E ဆိုတဲ့ စာလေး ဖုန်းရဲ့ Notification Area မှာပေါ်ကြောင်းလေးပါ ထပ်ဖြည့်ပေးပါ။ 
credit: ဒီလင့်မှ DD85 ရေးသားထားသော post ကို ပြန်လည် မျှဝေပါသည်။
 DDF File အနေနဲ့သိမ်းထာခြင်းတယ်ဆို ဒီလင့်မှာဒေါင်းနိုင်ပါတယ်ဗ
 
 
 

Sunday, July 8, 2012

ကောင်မလေးရေ

စွဲလမ်းမိတဲ့ ဒီတစ်ယောက်
နှလုံးသားရဲ့တောက်လျောက်မှာ
မင်းကို အခါခါလွမ်းမိပါရဲ့

ကြယ်စင်တွေခရ
နှင်းမှုန်တွေကြွေကျတဲ့ညမှာ
ရင်ဘက်က တေးသွားတစ်ပုဒ်ကို
မင်းသောတဆင်နိုင်ဖို့
မျှော်နေတိုင်း မြင်နိုင်ပါစေ(ချစ်သူ)
                                                           မိုးစက်လင်းထက်

Saturday, June 30, 2012

ရင်ထဲကစာသား


ငါဟာပျော်ရွှင်နေပေမဲ့ 
လမင်းလေးလိုမပြုံးနိုင်ခဲ့ဘူး...။
လမင်းလေးလိုပြုံးနေပေမဲ့ 
ငါဟာမပျော်ရွှင်ခဲ့ဘူး....။
အချစ်ကိုစသိတုန်းကပေါ့.......
-နှင်းဆီပန်းကို မနမ်းရသေးပေမဲ့ 
 ငါ့ရင်မှာမွှေးနေခဲ့တယ်..
-နေမင်းရဲ့ အလင်းရောင်မထွက်ပေါ်သေးပေမဲ့ 
 ငါ့ရင်မှာ လင်းနေခဲ့တယ်...
-သီချင်းသံတွေမကြားရသေးပေမဲ့...
 ငါ့ရင်မှာ သာယာငြိမ့်ညောင်းတဲ့ ဂီတသံတွေရှိနေခဲ့တယ်...
-ကဗျာဆရာ၊ တေးရေးဆရာမဟုတ်ပေမဲ့
 ကဗျာတွေသီချင်းတွေ ရေးစပ်တက်လာခဲ့တယ်...
ငါမသိလိုက်ခင်မှာဘဲ ငါ့ရဲ့နှလုံးသားက 
စေလိုရာစေနိုင်တဲ့ မင်းရဲ့အပြုံးအောက်မှာ 
ဒူးထောက် ခစားရောက်ရှိသွားတော့တယ်......။
                                                                           ကိုဇေကြီး

Friday, June 29, 2012

ချစ်သူရဲ့အပြုံး


ချစ်သူက
ငြိမ်းချမ်းစွာပြုံးသောအခါ
ကျွန်တော့်မှာ ကြည့်နူးရ၏။

ချစ်သူက 
လှစ်ခနဲ့ ပြုံးသောအခါ
ကျွန်တော့်မှာ ရင်တွေခုန်ရပါ၏

ချစ်သူက 
အိနြေ္ဒ နှင့်ပြုံးသောအခါ 
ကျွန်တော့်မှာ ဘ၀င်တွေဘာတွေမြင့်ရပါ၏
                                                                              ကိုဇေကြီး

နင်..........အတွက်...........

ငါ လွမ်းတယ်..............
ဝိုးတ၀ါးဝါး မြင်တွေ့ရတဲ့
တောင်တန်းကြီး ကို ငေးကြည့်မိခိုက်
နေ၀င်ဆည်းဆာ တောင်တန်းလှကို ငါငေးမိခိုက်..
အိပ်တန်းငှက်တို့ တေးဆိုသံကို ငါကြားမိတစ်ခဏ..
 ရင်ဝယ်လွမ်းချင်း...ဆိုမိတော့မယ်
ငါ့ နိုင်ငံ ။ငါ့မြို့ ။ငါ့ရွာ။ငါ့အိမ်။ငါ့မိသားစု....
ငါ လွမ်းဆွတ်တိုင်း .....
ဖြေသိမ့်ရတယ်....
တစ်ခါ တစ်ခါ ငါသိလိုက်တယ်
ငါ့ ရဲ့ ပါးပြင်..စိုစွတ်လေတော့..
ငါ့ မျက်ရည်လား....နှင်းစက်တွေလား

                                                             မော်စကို(MAI)