Sunday, January 13, 2013

မြန်မာ အမျိုးသမီးထု အစဉ် ဂရုပြု


မြန်မာ အမျိုးသမီးထု အစဉ် ဂရုပြု (ဆောင်းပါးရှင်-ရွှေတိုင်လွင်)

ဤကမ္ဘာ လောကကြီးတွင် မွေးဖွား သန့်စင် လာကြသော လူသား တိုင်းသည် မာတာမိခင် တို့မှ ရင်နှစ် သည်းချာ မွေးဖွား သန့်စင် လာကြရ သူများ ဖြစ်လေသည်။ သို့ဖြစ်ရာ မြန်မာ နိုင်ငံရှိ အမျိုးသမီး အများစု တို့သည် တစ်ချိန်သော ကာလဝယ် အနာဂတ် သားကောင်း တို့၏ မိခင်လောင်းများ ဖြစ်လာ ကြမည်မှာ ဧကန် မုချပင် ဖြစ်ကြပါမည်။

သို့ဖြစ်ရာ အမျိုးသမီးငယ် တို့ကလည်း လက်ရှိ မိမိနိုင်ငံနှင့် လူမျိုး ဆင်ယင် ထုံးဖွဲ့မှု တို့ကို မြန်မာမှု အစဉ်အလာ ရှိရှိနှင့် မိခင်ကောင်း ပီသစွာ ကြိုးပမ်း လုပ်ဆောင်ပေး လာကြရမည် ဖြစ်ပေသည်။ တိုင်းတစ် ပါး ယဉ်ကျေးမှုနှင့် ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုတို့ အစား မြန်မာမှု ဓလေ့ ထုံးစံနှင့် ယဉ်ကျေးမှု အနုပညာ တို့တွင်လည်း မြန်မာမှု ဟန်ပန် မပျက် သွန်သင် ကျင့်သုံး ပေးသွား ကြဖို့ လိုအပ် လှပေသည်။

ယနေ့ခေတ် ကာလသည် တိုးတက် ပြောင်းလဲ နေသောခေတ် ကမ္ဘာကို ရင်ပေါင် တန်းနေသော ကာလ ဖြစ်တာပဲ ဆိုပြီး မြန်မာတို့၏ ယဉ်ကျေးမှု အသွင် သဏ္ဌာန် တို့ကို မေ့ပျောက်လို့ မရပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးသူ မြို့ထဲမှာ အမျိုးသမီးကြီး အတော် များများပင် တိုင်းတစ်ပါး အဝတ်အစား တို့ကို တိုတိုနံ့နံ့ ကျပ်ကျပ် တည်းတည်း ဝတ်ဆင် နေကြ သည်ကို တွေ့မြင် ရပါသည်။ သူတို့ ကိုယ်တိုင်က မိဘ အရွယ် ဖြစ် ပြီး နောင်လာမည့် မျိုးဆက်သစ် မြန်မာ သမီးငယ် လေးတွေကို ဘယ်လို စံနမူနာပေး သွားမလဲဟု စိတ်မကောင်းဖွယ် ရှုမြင် ခဲ့ရပေသည်>>> http://www.myawady.net.mm/post/post2/2012-11-15-06-47-16

No comments:

Post a Comment