Saturday, March 9, 2013

နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ



နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။

ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။

ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။
                                                                                               credit>> မြ၀တီ

ထမင်း စားပြီးလျှင် ရှောင်ကြဉ် သင့်သည့် အချက်များ



မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိ ရှိစေရန် ဖော်ပြ လိုက်ရ ပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာ သုတေသန ပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ် သောက်ခြင်းသည် စီးကရက် ဆယ်လိပ် သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာ ရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီး သစ်သီးများကို ချက်ချင်း စားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည် ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီ အကြာနှင့် ထမင်း မစားမီ တစ်နာရ အလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည် မသောက်ပါနှင့်။

လက်ဖက် ရွက်တွင် အက်ဆစ် ပါဝင်မှုနှုန်း မြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်း ဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း (တစ်နည်း အနည်းငယ် လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့ သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ် တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျ သွားသည့် အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်း သွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။

လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက် ခြင်းသည် ခြေလမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက် ရှည်ရှည် နေရ မည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။

တစ်ကယ်တော့ ထိုသို့ ပြုလုပ်ခြင်းကြောင့် အစာချေ စနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအေ ဟာရများကို စုပ်ယူရန် အခက်ခဲ ဖြစ်သွား ပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်

ထမင်းစားပြီး ချက်ချင်း အိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေ နိုင်တော့ပေ။

ဦးပဉ္စင်း ဦးကိတ္တိသာရ(ခ) ဦးကျော်ဟိန်း အင်တာဗျူး



နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံအားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြားသိရသဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည် မျှဝေ ဖော်ပြလိုက်ပါသည်။
...
လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ်က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ်ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာတွေ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာကြီးမဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရမယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ်ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ခေတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြားမှုလေးကို ရှင်းပြပေးပါလား ဘုရား။
စိတ်ဆိုတာ အာရုံကို သိရုံသိတာ။ စေတသိက်က စိတ်ကို မှီပြီး ခြယ်လှယ်တာ၊ ဒုက္ခပေးနေတာ စေတသိက်ဆိုတဲ့ စိတ်တွေ။

အသိနဲ့ သတိကို ခေါင်းစီးနာမည် ယူထား တာလည်း သိချင်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရည်အချင်းတွေကို ကြည်ညိုလွန်းလို့ သိစေချင်တယ်။ ဂုဏ်တော်ကိုးပါးမှာ ဒုတိယအချက်ဖြစ်တဲ့
သမ္မာသဗ္ဗုဒ္ဓေါ ဂုဏ်တော်မှာ မြတ်စွာဘုရားဟာ သိစရာ မှန်သမျှ အရာအားလုံးကို ဆရာမလို ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ်တော်တိုင် ထိုးထွင်းပြီး အကြွင်းမရှိ သိမြင်တော်မူတယ်။ လက်တဖျစ် အတွင်းမှာ ရုပ်ခန္ဓာရဲ့ ဖြစ်ပျက်မှုဟာ အကြိမ်ကုဋေပေါင်း ငါးထောင်၊ စိတ်က ကုဋေတစ်သိန်းဆိုတာ ဘုရားရဲ့ အသိဉာဏ်တော်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုခါနီးမှာ နောက်ဆုံးမှာခဲ့တာ ၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္မာဒေထတဲ့။ ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကြကုန်၏။ မမေ့မလျော့သော သတိတရားနဲ့ ကိစ္စ ပြီးအောင် ဆောင်ရွက်ကြကုန်လော့တဲ့။ သတိ အရေးကြီးဆုံးဆိုတာ ဟောခဲ့လို့ အသိနဲ့ သတိကို ဦးညွတ်တဲ့သဘော။

ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေ၊ လက်ရှိ သူတို့ လုပ်ကိုင် နေကြပုံတွေကို အားရရဲ့လား ဘုရား။
ပြည်တွင်းက လူငယ်တွေ စဉ်းစား တွေးခေါ်ပုံတွေကို ပြောရရင်တော့ သူတို့ လွတ်လပ်စွာ တွေးခေါ်ခွင့် ရနေပြီလား။ ရခဲ့ရင်လည်း တကယ်တွေးခေါ်နိုင်တဲ့ အတွေ့အကြုံတွေရော ရနေပြီလား၊ အခွင့်အရေးရခဲ့ရင်ရော အသုံးချဖို့ အဆင်သင့် ပြင်ဆင်ထားတဲ့ အရည်အချင်း ရှိနေပြီလား ဆိုတာတွေကို ကြည့်ပြီးတော့မှ အားရတယ်၊ အားမရဘူးဆိုတာ ပြောနိုင်မှာပေါ့။ လူငယ်တွေ အနေနဲ့လည်း သူတို့လုပ်ချင်တာတွေ လုပ်ခွင့်ရပြီး လုပ်ပြနိုင်တဲ့ အရည်အချင်းတွေ အဆင်သင့် ဖြစ်နေပြီဆိုရင် လက်ခုပ်တီးပေးမယ့် လူတွေက နေရာတိုင်းမှာ အပြည့်ပဲ။ အားလုံးက စွမ်းအားအသစ်တွေ လိုချင်နေကြပြီ။ ကိုယ့်ဘက်က အဆင်သင့် ပြင်ဆင်ထားဖို့ပဲ လိုတယ်။ ဒီသဘောကို မသိကြဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။

အနုပညာလောကသားတွေနဲ့ ပြန်တွေ့ ဖြစ်သေးလား။ တွေ့ဖြစ်ရင်ရော သူတို့တွေကို အကြံပေး ဝေဖန်မှုတွေ လုပ်ပေးသေးသလား ဘုရား။
တွေ့ဖြစ်ပါတယ်။ တွေ့တဲ့အခါမှာ သူတို့လည်း ဘာဆက်လုပ်ရင် ကောင်းမလဲ ဆိုတာကို မေးကြတယ်။ အားလုံးတိုင်ပင် ဆွေးနွေးပြီး လုပ်ကြရင်တော့ ကောင်းလာ မှာပါ။ မျှော်လင့်နေကြတဲ့ အခွင့်အရေးတွေ ရလာကြရင် အဆင်သင့် ဖြစ်နေဖို့ ပြင်ဆင်ထားစေချင်တယ်။ အင်္ဂလိပ်စာ ဘာသာရပ်၊ ကွန်ပျူတာ ဘာသာရပ်၊ အင်တာနက် အသုံးပြုမှု စတာတွေ တတ်ထားစေချင်တယ်။

မြန်မာ့ရုပ်ရှင်လောကကို ဘယ်လို မြင်ပါသလဲ ဘုရား။
အပြောင်းအလဲတွေ ရှိလာပြီ ဆိုတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဟောပြောပွဲတွေ အများကြီး လုပ်ခဲ့ဖူးတာ ဦးကျော်ဟိန်းကြောင့် လူများတာလား။ ဦးပဉ္စင်း ယခုလေ့လာ ကျင့်သုံးခဲ့တဲ့ အသိတရားတွေ များကြောင့်လား ဘုရား။
အရင်ဦးဆုံးကတော့ သူတို့သိခဲ့တဲ့ ကျော်ဟိန်းဆိုတာကို လာကြည့်ကြတာ။ ဦးပဉ္စင်းက စိတ် အကြောင်းတွေ၊ ဒုက္ခ အကြောင်းတွေ၊ သိစရာရှိတာ သိဖို့အကြောင်းတွေ၊ မရှိတာထက် မသိတာခက်တဲ့အကြောင်း၊ မသိတာထက် မလုပ်တာခက်တဲ့ အကြောင်းတွေ ပြောတော့ သူတို့ ကြားချင်တာ မပြောပေးလို့ ကျေနပ်မှုတွေ ရှိချင်မှ ရှိနိုင်မယ်။ အသိနဲ့ သတိအကြောင်းကိုပဲ အဓိကထား ပြောတဲ့နေရာမှာ တစ်ချိန်ချိန်တော့ အသိနဲ့သတိ အရေးကြီးတာကို သဘောပေါက်လာမယ်လို့ ယုံကြည်တယ်။ စိတ်ရှည်ပေးရမှာပေါ့။

ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးများလို မရွတ်ဖတ်နိုင်တော့ ယခုလို လေ့လာ ကျင့်ကြံ တွေ့ရှိမှုတွေဟာ ဦးပဉ္စင်းဘက်မှာ ဘယ်လို သက်ရောက်မှု ရှိခဲ့သလဲ ဘုရား။
သက်ရောက်မှုတွေ ရှိတာပေါ့။ ဘုရားစာကို နှစ်ပေါင်းများစွာ ကျက်မှတ်ထားတဲ့ ဘုန်းကြီးတွေလို မရွတ်ဖတ်နိုင်တော့ဘဲ ရဟန်းဘောင် ၀င်ပြီး ဘာမှမကြာဘူး၊ စာအုပ်တစ်အုပ် ထွက်လာတယ်။ ဦးပဉ္စင်းဟာ ဘယ် ဂိုဏ်းဝင်ပါ၊ ပြောနေတဲ့ စကားတွေက အဓမ္မ၀ါဒီတွေပါ၊ ဘုရားရဲ့ အယူအဆ တွေကို ပြောင်းပြန်ဖြစ်အောင် လုပ်နေတာပါ။ ဓမ္မတွေ၊ ၀ါဒတွေကို အပြောင်းအလဲ ဖြစ်ကုန်မယ်နော်၊ ဒီလူကြီးကို လွှတ်မထားနဲ့၊ သတိထားပါ ဆိုပြီး ရဟန်းခြောက်ပါးက တိုင်တယ်။ အဖွဲ့အစည်းတွေကလည်း စောင့်ကြည့် ကြတာပေါ့။ ဦးပဉ္စင်းအနေနဲ့ ကျော်ဟိန်း ဘ၀ကို စွန့်လွှတ်ပြီးတဲ့နောက်မှာ ဘာကို လိုချင်ရဦးမှာလဲ။ ဘာမှမဖြစ်ချင်၊ မလိုချင်တော့ဘူး။ ဘယ်အရာမှ မမြဲဘူး ဆိုတာကို ဦးပဉ္စင်းက သဘောပေါက်နေပြီ။ ဦးပဉ္စင်းက ဘုရားရဲ့ တရားတော်တွေကို အများသိအောင်၊ တစ်ဖက်တစ်လမ်းကနေ ကူညီချင်တာ။ သြော် ဦးပဉ္စင်းကြီးက သာသနာကို တစ်ဖက်တစ်လမ်းက နိုင်သလောက် အကူအညီ ပေးနေတာလို့ အကောင်းမြင်တဲ့ဘက်က သိပေးရင်၊ နားလည်ပေးရင် အဆင်ပြေမှာပါ။

လူအဖြစ် ပြန်လည် မနေထိုင်တော့ဘူးလား ဘုရား။
မနေထိုင်တော့ပါဘူး။ အာရုံတွေကို ကြိုက်တတ်တဲ့ စိတ်တွေကို ဆက်တိုက် စွန့်လွှတ်နိုင်အောင် ကြိုးစားရင်း နောက်ဆုံး စွန့်လွှတ်စရာ အသက်ပဲ ကျန်တော့တယ်။ မသေခင် အကြွေးတွေ အကုန်ဆပ်ခဲ့ချင်တယ်။

ဒီဝက်ဘ်ဆိုဒ်လေးက နိုင်ငံတကာမှာရှိတဲ့ မြန်မာလူမျိုးများလည်း လေ့လာနိုင်တယ်ဆိုတော့ သူတို့နှင့်တကွ ပြည်တွင်းမှ မြန်မာလူမျိုးအားလုံးရဲ့ ဝေဖန်မှုကို ဘယ်လိုမျှော်လင့်ထားသလဲ ဘုရား။
အပြုသဘောနဲ့ ဝေဖန်တာကို လက်ခံရမယ်။ လူဖြစ်နေတဲ့အတွက် ပြည်စုံပြီလို့ မပြောနိုင်ဘူး။ မှားတာကို ထောက်ပြနိုင်လို့ ဦးပဉ္စင်းဘက်က မှားမှန်း သိရင် ချက်ချင်းပြင်မယ်။

ဦးပဉ္စင်းရဲ့ ဘ၀တစ်လျှောက်မှာ ဆုံးရှုံးခဲ့ဖူးတယ်လို့ လူတွေထဲမှာ ပြောသံ မကြားဖူးဘူး ဘုရား။ ဒီဘ၀မှာ ကျရှုံးမှု မရှိခဲ့လို့ ယခုလို နောက်လာမယ့် ဘ၀မှာ မဖြစ်အောင် ယခုလို ကျင့်ကြံနေတာလား ဘုရား။
နောက်ဘ၀ကို မျှော်လင့်ပြီး ဘာမှမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ အောင်မြင်နေတဲ့ လူအားလုံးကို မေးကြည့်လိုက်! ဆုံးရှုံးမှုကို မကြုံဖူးပဲနဲ့ အောင်မြင်မှု အကြီးစား ရတဲ့သူဆိုတာ မရှိဘူး။ ဦးပဉ္စင်းကတော့ ဆုံးရှုံးခဲ့တာတွေ များလွန်းလို့ လူတော့လူပဲ ဒါပေမယ့် ဒဏ်ရာများနဲ့လူ။

ယနေ့လို အပြောင်းအလဲ မြန်ဆန်လွန်းနေတဲ့ မြန်မာပြည်မှာ ဦးပဉ္စင်းလို အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပထမဆုံး လုပ်ဆောင်သင့်သည့် တာဝန် (သို့) လုပ်ငန်းဆောင်တာ ငါးချက်ကို ပြောပြလို့ ရမလားဘုရား။
ပြောကြည့်မယ်။ ငါးချက်တော့ ပြည့်ချင်မှ ပြည့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတက် အောင်မြင်စေချင်တဲ့ စိတ်အသိနဲ့ ညှိကြည့်စေချင်တယ်။ အကောင်းမြင်တဲ့ဘက်က ဝေဖန် စေချင်တယ်။ ဝေဖန်ခံစေချင်တယ်။ ညှိနှိုင်းပြီး အဖြေထွက်လာရင် ချက်ချင်း အကောင်အထည် ဖော်စေချင်တယ်။ တစ်ခုခုကို ချက်ချင်း လက်မခံပါနဲ့။ ချက်ချင်းလည်း မပယ်ပါနဲ့လို့ ပြောချင်ပါတယ်။
တိုင်းပြည်ကြီးလည်း ပြောင်းလဲနေပြီဆိုတော့ လက်ရှိ အခြေအနေလေးကို သုံးသပ်ပေးလို့ ရမလား ဘုရား။
တိုင်းပြည်မှာ လက်ရှိ အခြေအနေက တိုးတက်ဖို့ ကြိုးစားနေတဲ့ အချိန်ဆိုတော့ တကယ် တိုးတက်အောင် လုပ်နိုင်တဲ့ လူတွေနဲ့ တွဲလုပ်ပါ။ စိတ်တွေ ရှင်းဖို့လိုတယ်။ ဟန်မဆောင်နဲ့၊ မလိမ်နဲ့၊ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး၊ လုပ်တတ်တယ်၊ မလုပ်တတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ လုပ်နိုင်တဲ့လူ၊ လုပ်တတ်တဲ့လူကို လုပ်ခွင့်ပေးပါ။ လုပ်ခွင့်ရတဲ့ လူကလည်း ရိုးသား စင်ကြယ်တဲ့ စိတ်မျိုးထားပြီး လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပါ။ ချက်ချင်း လုပ်ပါ။

ဦးပဉ္စင်း လူသူကင်းမဲ့တဲ့ တောထဲမှာ တစ်ပါးတည်း သီတင်း သုံးတယ်လို့ ကြားပါတယ် ဘုရား။ ယခင်က ချောချောလှလှလေးတွေ ၀ိုင်းနေတဲ့ ပတ်ဝန်းကျင်ကနေ ယခုလို ကျင့်သုံးနိုင်ဖို့ ဘယ်လိုများ ကြိုးစားခဲ့ပါသလဲ ဘုရား။
အရင်က ချောချောလှလှလေး တွေလည်း အခုချိန်ဆို ပြောင်းလဲနေကြပြီ ပေါ့။ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူး။ အားလုံးကို စွန့်လွှတ်ရမယ်ဆိုတာတွေ ကြိုသိထားပြီး ပြင်ဆင်ထားတဲ့နည်းနဲ့ အချိန်တွေကို ရင်ဆိုင်နေတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ ဦးပဉ္စင်းကို ICT အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ၀က်ဘ်ဆိုဒ် လွှင့်တင်တဲ့ အခါမှာလည်း တစ်ကမ္ဘာလုံးရှိ လူသားအားလုံးက စိတ်ဝင်တစား ၀င်ရောက် ကြည့်ရှုကြမယ့် Website တစ်ခု ဖြစ်မယ်ဆိုတာ ယုံကြည်နေပါသည်။

                                                                                         credit>> Myanmar ICT

ယောက်ျားများကြောက်သော မိန်းမ


ကြည့်ရတာ စိတ်ဝင်စားကြတဲ့အတွက် ထပ်တင်လိုက်ပါတယ်။ ကျွန်မလည်း ဒီ(၁၀)မျိုးထဲက အနည်းဆုံး (၇) မျိုးလောက်တော့ နည်းနည်းစီပါ ပါတယ်။ အချိန်ယူပြီး ၀င်ရောက်ဖတ်ရှု့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဘယ်လို မိန်းကလေးမျိုးကို ယောက်ကျားလေး
်းများ ကြောက်ကြပါသလဲ။ မိန်းကလေးတိုင်း (၁၀)မျိုးထဲတွင် တစ်မျိုးမက နှစ်မျိုးပါဝင်နေမည်မှာ ဧကန်မလွဲပင်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ ကိုယ်ကို သုံးသပ်ဖူးပါသလား။

(၁) ညစ်ပတ်သောမိန်းမ
- ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။

(၂)အတင်းပြောသောမိန်းမ
 - BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

(၃)စကားများသောမိန်းမ
- ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

(၄) ခိုင်းနိုင်းတတ်သောမိန်းမ
- ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။


(၅) နှုတ်ကြမ်းသောမိန်းမ
- စကားပြောကြမ်းသော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

(၆) သ၀န်တိုလွယ်သောမိန်းမ
- ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

(၇) တုံးအသောမိန်းမ
- အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ်
သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။

(၈) ငွေသုံးကြမ်းသောမိန်းမ
Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး
ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

(၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ
- ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။

(၁၀) ချွဲနွဲ့လွန်သောမိန်းမ
- မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ
ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။

                                                                                                     နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ဗုဒ္ဓဆိုတာ



ယေရူခရစ်တော်မပေါ်မှီ နှစ်ပေါင်း၅၆၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘုရင်မိသားစုမှ မွေးဖွားလာ သူဖြစ်သည်။သူသည် စည်းစိမ်ဥစ္စာ အချွေအရံများစွာနှင့် ကျန်းမာချမ်းသာစွာ လူလားမြောက်ခဲ့သည်။ သူ၏ ဖခင်သည် သူအားသူလိုပင် တိုင်ပြည်အုပ်ချုပ်မင်းလုပ်စေချင်ခဲ့သည်။ သူအားပစ္စည်းဥစ္စာအချွေအရံမြောက် များစွာဖြင့် ပျော်ရွင်အောင်နေစေခဲ့သည်။
နောက်ပိုင်းတွင် စည်းစိမ်ဥစ္စာနှင့် အချွေအရံ အဆောင်အယောင်များသည် ပျော်ရွင်မူ ငြိမ်းချမ်းမူကို အမှန်တကယ်မပေးနိုင်ကြောင်း တဖြေးဖြေး သဘောပေါက်လာခဲ့သည်။သူပတ်ဝန်းကျင်ရှိလူများ၏ ဒုက္ခများစွာ တို့ကိုတွေ့မြင်ခဲ့သည်။တစ်ခါတွင် ဥယာဉ်သို့အပန်းဖြေသွားစဉ် သူအို သူနာ သူသေ ရဟန်းဟူသော နိမိတ်လေးပါးထင်လာပါတယ်။သူလဲ ထိုနိမိတ်များကဲ့သို့ အိုခြင်း နာခြင်း သေခြင်းများဖြစ်ရအုန်းမည်။ရဟန်း ဟုသောနိမိတ်သည်သာ သူအား အိုခြင်း နာခြင်း သေခြင်းမှကင်းလွတ်အောင်လုပ်ပေးနိုင်လိမ့်မည်ဟု သူစိတ် တွင်ထင်မြင်ခဲ့သည်။ှ
ထိုအချက်တို့က သူအား လူတို့ကိုအမှန်တကယ် ပျော်ရွင်စေနိုင်သည့် ငြိမ်းချမ်းမူကို ရစေနိုင်သည့် လွတ်မြောက်မူကို ရှာဖွေရန် ဆန္ဒပြင်းပြခဲ့သည်။ထိုကြောင့်အသက်၂၉ နှစ်အရွယ်တွင် ချစ်လှစွာသော ဇနီးနှင့် မွေးကာစ သားငယ်ကိုထားခဲ့ကာ အမှန်တရားကိုရှာဖွေရန် အိုခြင်းနာခြင်းသေခြင်းကင်းရာကို ရှာဖွေရန် နန်းတော်မှ ညအချိန်တွင် ထွက်ခွာခဲ့သည်။
သူသည် ထိုခေတ်အခါက ထိပ်သီးဘာသာရေးခေါင်းဆောင်ဆရာကြီးများထံတွင် နည်းခံကာ ကျင့်ကြံ ကြိုးကုတ်အားထုတ်ခဲ့သည်။ထိုသူတို့ရသောအသိညာဏ်ကိုရသော်လည်း ထိုအသိနှင့်အကျင့်များသည် လွတ် မြောက်ရာအစစ်မဟုတ်သေးကြောင်းနားလည်သဘောပေါက်ခဲ့သည်။
လူအများအဘယ့်ကြောင့်ဆင်းရဲဒုက္ခဖြစ်ရသည် အဘယ်သို့သောအကြောင်းကြောင့်ဆင်းရဒုက္ခဖြစ် လာရသည် အဘယ်သို့သောနည်းလမ်းဖြင့် ထိုဆင်းရဲဒုက္ခတို့မှ လွတ်မြောက်အောင်လုပ်ဆောင်နိုင်သည့်ကို ထိုဆရာကြီးများသင်ပြမပေးနိုင်ကြပေ။ထိုဆရာကြီးများကို ဖဲခွာ၍ ဆင်းရဲခြင်းအပေါင်းမှ လွတ်မြောက်ရန် ၆ နှစ်တိုင်တိုင် ပြင်းထန်စွာ ရှာဖွေအားထုတ်ခဲ့သည်။
သူလောက်ပြင်းထန်သောအားထုတ်မူမျိုးကို မည်သူတစ်ဦးတစ်ယောက်မှကျင့်နိုင်မည်မဟုတ်ချေ။ထို သို့ပြငိးထန်သောအကျင့်ဖြင့် လွတ်မြောက်မူကိုမရရှိမှန် သဘောပေါက်သောကြောင့် အလယ်အလတ်လမ်းစဉ် ဟုခေါ်သောကျင့်စဉ်ကို ပြောင်းလဲကျင့်ကြံခဲ့သည်။သူသည်အစားအစာတို့ကိုမျှတအောင်စားကာ ရာသီဥတု စိတ်တို့ကိုမျှစွာထားကာ အားထုတ်လိုက်သောအခါ ဆင်းရဲအပေါင်းမှလွတ်မြောက်သောအကျင့် အသိညာဏ် တိုကို့ရရှိခဲ့သည်။ထိုအချိန်မ၍ သူအား ဗုဒ္ဓ(Buddha) အရာအားလုံးကိုအမှန်အတိုင်းသိမြင်သူ ဟု သတ်မှတ် ခေါ်တွင်ခဲ့ကြသည်။
သူသည် ၃၆ နှစ်အရွယ်တွင် လွတ်မြောက်ကြောင်းအမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်၊နောက်ထပ် အသက်၄၅နှစ် အသက်ရှင်နေထိုင်ခဲ့သည်။သူသည် သူသိ၇ှိရရှိခဲ့သော လွတ်မြောက်ကြောင်းအမှန်တရားတို့ကို အခြားသူတို့အားလည်း ရစေခြင်းသည်။ထိုကြောင့် ၄၅နှစ်အတွင်းသူသိခဲ့သော အမှန်တရားလွတ်မြောက် ကြောင်းတရားတို့ကို နေ့ညမနား သင်ကြား ဟောတော်မူခဲ့သည်။
သူ၏ မေတ္တာ စေတနာ ဂရုဏာတို့ကြောင့်များစွာသောလူတို့သည် သူနောက်လိုက် နောက်ပါများဖြစ် ကုန်ကြသည်။လူများစွာတို့သည်လည်းသူကဲ့သို့ အမှန်တရားကိုသိနားလည်ခဲ့ကြသည်။ အသက်ရှစ်ဆယ်ပြည့်
သောအခါတွင် အိုမင်းရ်ျမကျန်းမမာဖြစ်လာခဲ့သည်။ ထိုအချိန်မှာပင် ကြည်ညိုဖွယ်အဆင်းသငှာန်ရှိရ်ျ ကြည်
လင်အေးချမ်းဆဲပင်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် လွတ်မြောက်ရာသို့ ရောက်ရှိခဲ့သည်။ သူ့အားမှီခိုအားထားသူတို့အားလည်း လွတ်မြောက်ရာသို့ ရောက်စေခဲ့သည်။ ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာ
လွတ်မြောက်ကြောင်း နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း တရားပေါင်းများစွာကိုလည်း သူ၏ကိုစား ချန်ထားခဲ့
သည်။ နှစ်ပေါင်း၂၅၀၀ ကျော်သည်ထိပင် သူရှာဖွေတွေ့ရှိသော ဆင်းရဲဒုက္ခမှ လွတ်မြောက်ရာ လွတ်မြောက်
ကြောင်း အမှန်တရားတို့သည် မှန်ဆဲမှန်လတံ့ဖြစ်နေဦးမည်မှာ အမှန်ပင်ဖြစ်တော့သည်။
လွတ်မြောက်ကြောင်းအမှန်တရား၎ပါး
၁) ဒုက္ခသစ္စာ - The Noble True Of Suffering မွေးဖွားခြင်းဆင်းရဲမှု ၊ အိုရခြင်းဆင်းရဲမှု ၊ နာရခြင်းဆင်းရဲမှု ၊ သေရခြင်းဆင်းရဲမှု၊ ၀မ်းနဲပူပင်ရခြင်း နာကြည်းရခြင်း ကြေကွဲရခြင်း ဆင်းရဲခြင်းနှင့် လိုချင်တောင့်တရ်ျ မရခြင်းဆင်းရဲခြင်းဆိုပြီး ဆင်းရဲခြင်းအကြောင်းတရား၅မျိုးကို ဒုက္ခသစ္စာဟုခေါ်ပါသည်။
၂) သမုဒယသစ္စာ - The Noble True of the Origin of Suffering ဆင်းရဲခြင်း၏အကြောင်း ဖြစ်သော တက်မက်တွယ်တာမှုသည် အမှန်တရားတခုပင်ဖြစ်သည်။ ထိုသဘောတရားသည် ဆင်းရဲခြင်းကိုအမှန်တကယ်ဖြစ်စေသည်ဟု ဆိုပြီး ဗုဒ္ဓကထုတ်ဖော် ဟောကြားတော်မှုခဲ့သည်။ ဘ၀အသစ်၌
တဖန်ဖြစ်ရန် တက်မက်တွယ်တာခြင်း တဏှာလောဘနှင့် ယှဉ်၍ဖြစ်စေ ရာဂနှင့်ယှဉ်၍ဖြစ်စေ တက်မက်တွယ်တာခြင်းမျိုးတို့သည် သမုဒယသစ္စာဟူသော အမှန်တရားဖြစ်သည်။
၃) နိရောဓသစ္စာ - The Noble True of Cessation of Suffering ဒုက္ခအပေါင်း၏ချုပ်ငြိမ်းရာဖြစ်
သော သိအပ်မြင်အပ်သောအမှန်တရားကိုခေါ်ပါသည်။ တဏှာလောဘကို ပယ်စွန့်နိုင်ရာအတွက် ဖြတ်တောက်
နိုင်ရန်အတွက် သိမြင်အားထုတ်သော အမှန်တရားကိုခေါ်ပါသည်း
၎) မဂ္ဂသစ္စာ - The Noble True of the Path Leading to the Cessation ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုဆိုလိုသည်။ တနည်းအားဖြင့်ဆိုရလျှင် ၃၁ ဘုံမှလွတ်မြောင်ကြောင်း အမှန်တရား အကျင့်လမ်းပင်ဖြစ်သည်။
လွတ်မြောက်ကြောင်းအကျင့် ၈ပါး
Right view ကောင်းစွာသိမြင်ခြင်း
Right thought ကောင်းစွာကြံစဉ်ခြင်း
Right Speech ကောင်းစွာပြောဆိုခြင်း
Right Action ကောင်းစွာပြုမူနေထိုင်ခြင်း
Right Living hood ကောင်းစွာအသက်မွေးခြင်း
Right Affect ကောင်းစွာအားထုတ်ခြင်း
Right Mindfulness ကောင်းစွာအောက်မေ့ခြင်းနဲ့
Right Concentration ကောင်းစွာတည်ကြည်ခြင်းတို့ဖြစ်သည်။
ဗုဒ္ဓသည် မဂ္ဂ၈ပါးအကျင့်တရားကို အလယ်အလတ်လမ်းစဉ်ဟု ထုတ်ဖော်ညွန်ကြား ဟောကြားခဲ့သည်။ ထို့ပြင် အစွန်းရောက်အကျင့်တရားများကိုလည်း ရှောင်ရှားရန် ဟောကြားတော်မူခဲ့သည်။
အစွန်းရောက်အကျင့်တို့ဆိုသည်မှာ
က) လောကကြီး၏ သာယာမှုများတွင် ပျော်မွေ့ပြီး ဆင်းရဲဒုက္ခကို မေ့လျော့ကာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို မေ့လျော့နေခြင်းဟုဆိုသော အကျင့်ဖြစ်သည်။ဗုဒ္ဓသည် နန်းတော်ထဲတွင်နေစဉ်က
အခြွေအရံ အသင်းအပင်း စည်းစိမ်ဥစ္စာအများအပြားဖြင့် ပျော်မွေ့စွာ နေခဲ့သည်။ ထိုသာယာမှု ပျော်ရွှင်ခြင်းတို့သည် တကယ့်သာယာမှု ပျော်ရွှင်မှု မဟုတ်ဟု သူကိုတိုင်သိရှိနားလည်ခဲ့သည်။
ခ) မိမိကိုယ်ကို မိမိအလွန်အကြူး ညှင်းပန်းနှိပ်စက်ပြီး ဆင်းရဲဒုက္ခမှ လွတ်မြောင်နိုင်ရန် ကြိုးစားအားထုတ်ခြင်းဆိုသည့် အဖက်စွန်းရောက်အကျင့်ဖြစ်သည်။ ထိုအကျင့်ကို ဗုဒ္ဓသည် ထိုခေတ်ထိအခါက အလွန်အကြူး ကျင့်သူတို့ထက် ထူးထူးကဲကဲသာလွန်ကာ အသက်ကို ပဓာနမထားပဲ ကျင့်ကြံခဲ့သည်။ ထိုသို့ကျင့်ကြံခဲ့သော်လည်း ဆင်းရဲခြင်းမှ လွတ်မြောက်ကြောင်း အကျင့် မဟုတ်ဘူးဆိုသည်ကို သိရှိ သဘောပေါက်ခဲ့သည်။
ထို့ကြောင့် ဗုဒ္ဓကိုယ်တော်တိုင် ထိုးထွင်းသိမြင်ခဲ့သော အလယ်အလတ်လမ်းစဉ်ဟုဆိုအပ်သော မဇ္ဈိမပဋိပဒါ လမ်းစဉ်ကို ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့် အေးချမ်းမှုအစစ် ပျော်ရွှင်မှုအစစ်တို့ကို ရယူခံ
စားကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။
မေတ္တာဖြင့်
ဓမ္မအလင်းရောင် ဆရာတော်

                                                                                           ဓမ္မအလင်းရောင် (Light of Damma)

ဓာတုအဆိပ်သင့်မှု ကင်းရန် အသီးအရွက်မချက်မီ ဆားရည်စိမ်ထားသင့်




အသီးအရွက်များ မချက်ပြုတ်မီ ဓာတုအဆိပ်သင့်မှု ကင်းရန်အတွက် ဆားရည်ဖြင့် အနည်းဆုံးနာရီဝက်ခန့် စိမ်ပေးသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းမှ သိရသည်။

”အခုသုံးနေတဲ့ ပိုးသတ်ဆေးတွေက ပင်လုံးပျံ့ပိုးသတ်ဆေးတွေ။ အပင်မကဘူး အမြစ်အထိပါပျံ့နှံ့ပြီး နောက်ဆုံးမှာ မြေဆီလွှာပါပျက်စီး တယ်။ မစားရင် အကောင်း ဆုံးပဲ”ဟု ၄င်းအသင်းမှ ဦးဗအုပ်ခိုင်က ပြောသည်။ သီးနှံများတွင် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများသုံးခြင်းသည် မြန် မာနိုင်ငံတွင် တွင်ကျယ် နေသည်မှာ အချိန်ကာလအားဖြင့် မခန့်မှန်းနိုင် လောက်အောင် ကြာပြီ ဖြစ်သော် လည်း ယခုအခါ၌ သီးနှံဓာတု အဆိပ်သင့်ခြင်းများသည် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ မုန်ညင်းထုပ်များ တွင် အများဆုံးဖြစ်တတ်ပြီး ၄င်းတို့ တွင် ပင်လုံးပျံ့ ပိုးသတ်ဆေးများအား အသုံးပြုကြကြောင်း သိရသည်။

အသီးအနှံ၊ အရွက်များတွင် အသုံးပြုနေသော ပိုးသတ်ဆေး၊ မှိုသတ်ဆေးသည် သုံးမျိုးရှိပြီး ၄င်းသုံးမျိုးမှာ ထိသေပိုးသတ်ဆေး၊ တစ်ဖက်ပေါက် ပိုးသတ် ဆေးနှင့် ပင်လုံးပျံ့ ပိုးသတ်ဆေးတို့ ဖြစ် သည်။

ထို့ကြောင့် စိုက်ပျိုးထုတ်လုပ် သည့်သူများ အသိပညာကြွယ်ဝ စေရန်နှင့် ၄င်းပိုးသတ်ဆေးများ၏ ဆိုးကျိုးများကို သိထားသင့်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

”ဒီလိုသာ ဆက်ပြီးသွားနေ မယ်ဆိုရင်သီးနှံဓာတု အဆိပ်သင့် တာတွေက လျော့သွားဖို့ မရှိဘူး။ တိုးလာဖို့ပဲရှိတယ်။ လူတွေကလည်း organic ကို ရွေးပြီးစားမယ့်သူက အင်မတန် နည်းနေသေးတယ်”ဟု ၄င်းက ထပ်မံ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ် ထမံသီ စံပြကျေးရွာအုပ်စု ယက်ပရွာရှိ သစ်ပါးလွှာစက်ရုံတွင် ဂေါ်ဖီထုပ်ကြောင့် ၃၂ ဦးအစာ အဆိပ်သင့်ခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

                                                              မိုးငယ် - Popular Myanmar News Journal