Thursday, February 28, 2013

Misscall ဒီနံပတ်နဲ့လာရင်ပြန်မခေါ်ပါနဲ့ (မလေးရှား)

မတ် ၁ ရက်၊ ၂၀၁၃

ယနေ့ အထူးအဆန်းသတင်းတစ်ပုဒ်အနေနဲ့ မလေးရှားနိုင်ငံ အထူးထောက်လှမ်းရေး အဖွဲ့မှ အောက်ပါသတင်းတစ်ပုဒ်အား မလေးရှား တွင်...နေထိုင်သူများ နိုင်ငံသားများကို ထုတ်ပြန်ခဲ့ပါတယ် ။
သတင်းမှာ အကယ်၍ သင့်ဖုန်းထံ ( +375 ) ( +371 ) ( +081 )နဲ့ စတဲ့ နံပတ်တွေနဲ့ Misscall တွေဝင်လာခဲ့ရင် ပြန်မခေါ်မိစေဖို့ ယနေ့မလေးရှား အထူးရဲတပ်ဖွဲ့မှအတိအလင်းကြော်ငြာသွားခဲ့ပါတာဖြစ်ပါ တယ် ။
ရဲများက ထိုနံပတ်များကို သားကောင်ဖမ်းသော နံပတ်များရယ် လို့တင်စားပြီး ဖုန်းအသုံးပြုသူများထံမှ ပြန်ခေါ်ပါက နိုင်ငံတကာ တွင် မရှိသော ဆိုးဝါးတဲ့ နှုန်းထားများနဲ့ ပိုက်ဆံဖြတ်တောက် သွားမည်ဖြစ် ပါတယ် ။ အထူးထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှုးချုပ် Comm Datuk Syed Ismail Syed Azizan က သူတို့ထောက်လှမ်းရရှိ မှု့နံပတ် များမှာ+375602605281, +37127913091 နံပတ် များ ဖြစ်တယ်လို့ဆို ပါတယ်။ အဆိုပါနံပတ်များအပြင် ( +375 ) ( +371 ) ( +081 ) နဲ့စတဲ့ နံပတ်တွေနဲ့ Misscall လာတတ်ပြီး ပြန်ခေါ်မိပါက ဆိုးရွားစွာ ငွေကြေး ကုန်ကျမည်ဖြစ်တယ်လို့ရှင်းပြထားပါတယ် ။
အထူးသဖြင့် လပေးဖုန်း နဲ့ လိုင်းဖုန်းအသုံးပြုသူများအထိ နာကြောင်း လည်းဆက်လက်ပြောကြားသွားခဲ့ပါတယ် ။ လပေး SIM ကဒ်သုံးသူ တစ်ယောက် ဆိုလျှင် အဆိုပါ Misscall ကိုတွေပြီးနောက် ပြန်လည်ခေါ် ဆိုသောအခါ ပြန်ဖြေကြားတာပဲရှိပြီး မည်သို့မှ ပြန်လည်မတုန့်ပြန်ကြောင်း ၊ လကုန်၍ ဖုန်း Bill တက်လာသောအခါ ထိုနံပတ်သို့ခေါ်ဆိုမှု့အတွက် ရာချီကုန်ကျသည်ကိုတွေ့ရကြောင်း ထောက်လှမ်းရေးမှုးက ပြောကြား သတိပေးခဲ့ပါတယ် ။
အဆိုပါနံပတ်များကိုလည်း မည်သည့်နေရာမှဖြစ်သည် ကို ထောက်လှမ်း လျှက်ပင်ရှိသေးကြောင်း ပြည်တွင်း သို့မဟုတ် ပြည်ပ အဖွဲ့တစ်ဖွဲ့မှ အဆက်အသွယ်ရယူကာ ဖော်ထုတ်မည်ဖြစ်ကြောင်း ဖုန်းခေါ်ဆိုသူများအနေဖြင့် အဆိုပါဖုန်းနံပတ် 2လုံးသာမက +375 , +371 ဖြင့်ဖုန်းဝင်လာပါက လုံးဝပြန်မခေါ်သင့်ကြောင်း ဆက်လက် သတိပေးသွားခဲ့ပါတယ် ။
အိုင်ယာလန်နိုင်ငံတွင်လည်း အဆိုပါ အဖြစ်အပျက်နှင့် ဆင်တူ ဖြစ်ပွား လျှက်ရှိပြီး ဖုန်းခေါ်ဆိုသူများကို သတိပေးထားကြောင်း ၊ အထက်ပါ နံပတ်များကို စုံစမ်ရန်အတွက် ခေါ်ဆိုကြည့်သောအခါ 081 ဖြင့်စသော Slovenia လိုင်းဖုန်းများသို့ လွဲပစ်ကြောင်း သတင်းရရှိပါတယ် ။
သို့ပါသောကြောင့် မလေးရှားသာမက နိုင်ငံတကာရောက်မြန်မာနိုင်ငံသား များ သိရှိစေရန် အဆိုပါ နံပတ်များဖြင့် Misscall လာပါက ပြန်လည်ခေါ် ဆိုခြင်း မပြုရန် အသိပေးရင်း 2013 ရဲ့ ထူးဆန်းတဲ့ ငွေလည့်ဖြားမှု့တစ်ခုကို သိစေဖို့ ဧဒင်ဥယျာဉ်မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ

Myawady