Wednesday, October 3, 2012

Sex ၏ အံ့အားသင့်ဖွယ်ရာ အစွမ်းများ


အိမ်ထောင်သည်တို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးပြီး လင်မယား အတူနေတာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။





- စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။

- သွေးတိုးကို ကျစေပါတယ်။

- ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

- ကိုယ်လက် လှုပ်ရှားမှု လုပ်ဖြစ်စေပါတယ်။

- ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

- နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေပါတယ်။

- ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် တိုးစေပါတယ်။

- စိတ်ဓာတ် သန်မာစေပါတယ်။

- ကိုက်ခဲမှု သက်သာစေပါတယ်။

- အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

- တင်ပါးဆုံတစ်ဝိုက် ကြွက်သားတွေကို သန်စွမ်းစေပါတယ်။

- နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

ကေအမ်
ကြပ်ကြပ်ထုပ်ထုပ် ကြိုက်သူများ သတိပြု

ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုး သမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများ ရွေး ချယ်သည့် အဝတ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေး အတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ် အစားများ ပုံမှန်လဲလှယ်မှု မရှိသည့်အတွက် လုံလောက်သည့် သန့်ရှင်းမှု မရှိခြင်း၊ ကြပ်လွန်းသည့် အဝတ်အစားများကြောင့် သတိမပြုမိလိုက် သော်လည်း နေ
ာက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာ မြတ်စန္ဒာကျော်က ပြောသည်။ ခန္ဓာကိုယ်အလှကို ပိုမိုပေါ်လွင်စေသည့် ဘောင်းဘီကြပ်ကြပ်များ လူငယ်ထုအတွင်း ပိုမိုအကြိုက်များလာကြသည်။

ထိုဘောင်းဘီအကြပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုလည်း ဖြစ်နိုင်ကြောင်း သိရသည်။ ဘောင်းဘီကြပ်ကြပ်သည် စမတ်ကျ လှပသော်လည်း သက်သောင့်သက်သာတော့ သိပ်မရှိလှပေ။ လှုပ်ရှား သွားလာနေသူများအတွက် ကြပ်နေသည့် ဘောင်းဘီသည် အရေပြား ပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြေဥခြင်းများအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေသည့် အရေပြားမှတစ်ဆင့် ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်ကြောင်း သိရသည်။

ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ မကြာခဏ ဆီးသွားလိုခြင်း၊ ဆီးသွားလျှင် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း၊ ညပိုင်းတွင် ဆီမကြာခဏသွားခြင်း၊ ဆီးအရောင်အနံ့ပြောင်းလာခြင်းနှင့် ဆီးသွားလျှင် သွေးပါခြင်းတို့သည် ရောဂါလက္ခဏာများဖြစ်ပြီး ဆီးနှင့် ကျောက်ကပ်ရောဂါ အများစုမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခြင်းဖြစ်ကာ စောစီးစွာ မကုသပါက ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ဘောင်းဘီရှည် အကြပ်သည် အစာအိမ်ကို သွားဖိမိသည့်အတွက် အစာအိမ်ထဲမှ အစာချဉ်ရည်များထွက်ခြင်း၊ ရင်ခေါင်းပူပြီးနာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ဝမ်းသွားခြင်း စသည့် ဆိုးရွားသည့် ပြဿနာများပါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ "အောက်ခံ အဝတ်ကြပ်ကျပ်တွေကတော့ ပထမဆုံး ပေါင်ပွန်းတာတွေ ဖြစ်တယ်။ ပြီးရင် မွေးညင်းပေါက်တွေ ရောင်လာတာ၊ မှိုပိုးဝင်တာတွေ ဖြစ်လာတယ်။ အရေပြားမှာ ပွေးပေါက်တာမျိုးတွေဖြစ်ပြီး အဲဒီကနေ စနစ်တကျ ကုသမှုမရှိရင် ထပ်ဆိုးဝါးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။ အရေပြားတွင် ဖြစ်သည့် ယားနာများအတွက် လိမ်းဆေးများအသုံးပြုလျှင် လွယ်လွယ်ကူကူ ပျောက်ကင်းနိုင်သည်ဆိုသော်လည်း လိမ်းဆေးအချို့တွင် အရေပြား ကိုယ်ခံစွမ်းအားကျစေသည့် စတီးရွိုက်ပါဝင်သော လိမ်းဆေးများလည်း ရှိသည်။

ထိုကဲ့သို့သော လိမ်းဆေးများအား ရိုးရိုး ယားနာပျောက်ရန်အတွက် လိမ်းသည့်အခါ အရေပြားပွန်းပဲ့ခြင်းကြောင့် ပုံမှန်မဟုတ်သော အရေပြားသည် အရေပြားကိုယ်ခံစွမ်းအား ကျဆင်းသွားစေပြီး ပိုးဝင်ခြင်းကို ပိုမိုဆိုးရွားသွားစေသည်လည်းရှိကြောင်း သိရသည်။ ဘောင်းဘီကြပ်များက ပေါင်နေရာအား စည်းထားသလို ဖြစ်သည့်အတွက် ကျင်ခြင်း၊ နာခြင်း၊ ထုံခြင်းတို့အပြင် အာရုံကြောများ ဖိထားသလိုဖြစ်ခြင်းကြောင့် ခြေထောက် အာရုံကြောများ နာကျင်စေခြင်း၊ တင်ပါးစုံမှ အာရုံကြောများ ထိခိုက်နိုင် ခြင်းတို့ပါ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ ထို့အပြင် ကြပ်လွန်းသည့် ဘောင်းဘီများကြောင့် ခြေထောက်ရှိ အကြောများ ပြတ်တောက်၍ အရေပြားတွင် အကြောများ ပြတ်တောက်ခြင်းကြောင့် ဖြစ်သည့် ဆိုးကျိုးများလည်း ဖြစ်ပေါ်စေနိုင်သည်။ ဆီးချိုရောဂါရှိသူများ၊ ကိုယ်အလေးချိန်များသူများ၊ တုံ့ပြန်လွယ်သည့် အသားအရေရှိသူများ၊ မူလက အရေပြားရောဂါ ခံစားနေရသူများ ဘောင်းဘီကြပ်ကြပ်ဝတ်ခြင်းအား ပိုမိုသတိပြုသင့်ကြောင်း သိရသည်။ များသောအားဖြင့် ကိုယ်အလေးချိန် တက်လာသော်လည်း အောက်ခံအဝတ်အစားများအား မူလသုံးသည့် ဆိုဒ်များသာ သုံးခြင်းကလည်း အရေပြားပွန်းပဲ့ပြီး နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသား၊ အမျိုးသမီးများအတွက် အောက်ခံအဝတ်အစားများသည် ကျန်းမာရေးအတွက် အရေးကြီးသည်။ အောက်ခံအဝတ်အစားကို အကြမ်းဖျင်းအားဖြင့် တစ်ရက်ထက်ပို၍ ဝတ်ဆင်ရန် မသင့်တော်ပေ။

ခန္ဓာကိုယ်မှ ထွက်ရှိလာသည့် ချွေးများကြောင့်နှင့် စိုစွတ်နေသည့် အောက်ခံအဝတ်အစားများအတွင်း ပိုးပေါက်ဖွားပြီး မှိုပိုးများ ဝင်နိုင်ခြင်း၊ ပွေးကဲ့သို့သော အရေပြားရောဂါများ ဖြစ်ပွားလာနိုင်ခြင်း စသည်တို့ကို ခံစားကြရနိုင်ကြောင်း သိရသည်။ ထို့အပြင် အဟောင်းများကို မကြာခဏ ပြန်ဝတ်ခြင်း၊ အလွန်ဟောင်းသွားသည်အထိ ထိုအောက်ခံများအား အသုံးပြုနေခြင်းတို့သည် အောက်ခံအဝတ်များ ဟောင်းသည့်အခါတွင် ထွက်လာသော အမွေးများက အရေပြားတွင် တုံ့ပြန်လွယ်ခြင်းများကြောင့် အရေပြားနီရဲခြင်း၊ ရောင်ခြင်းများလည်း ခံစားရနိုင်ကြောင်း ဒေါက်တာ မြတ်စန္ဒာကျော်က ပြောသည်။ အောက်ခံအဝတ်အစားများအား ခြောက်လထက်ပိုပြီး အသုံးမပြုသင့်ဘဲ အခြားသူများနှင့် မျှဝေသုံးစွဲခြင်း၊ တစ်ထည်တည်းကို ထပ်ခါဝတ်ခြင်း၊ ပူလောင်နေသည့် အသားဖြင့် ချုပ်ထားသော ပစ္စည်းများသုံးခြင်းကို ဆင်ခြင်ခြင်းဖြင့် ရောဂါများ ကူးစက်ဖြစ်ပွားခြင်းကိုလည်း သတိပြုရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အောက်ခံအဝတ်အစား ကြပ်ကြပ်များအား ၂၄ နာရီလုံး ဝတ်ဆင်ထား ခြင်းသည် အမျိုးသားများအတွက် သားသမီးရနိုင်သည့် စွမ်းရည်ကိုပါ ကျဆင်း စေသည်အထိ ဖြစ်နိုင်ကြောင်းနှင့် ကြပ်လွန်းသည့် အောက်ခံ အဝတ်အစားများကို အမျိုးသား၊ အမျိုးသမီးများပါ ညအိပ်ဝတ်ခြင်းကိုမူ လုံးဝရှောင်ကြဉ်သင့်ကြောင်း နိုင်ငံတကာမှ ပညာရှင်များကလည်း အကြံပြု ပြောကြားထားသည်။

“ညဘက်အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေလည်း နားနေ ကြတယ်။ အဲဒီချိန်မှာ အညစ်အကြေးတွေ ထုတ်တာ၊ ကိုယ်ခံအားစနစ်တွေ ပြုပြင်ပေးတာတွေ လုပ်နေတဲ့အချိန်မှာ ကြပ်တဲ့ အောက်ခံတွေက အနှောင့် အယှက်တွေပေးတယ်။ အမျိုးသားတွေမှာ အဲလို အောက်ခံကြပ်ကြပ်တွေရဲ့ ဆိုးကျိုးကို ပိုခံစားကြရတယ်” ဟု ဒေါက်တာမြတ်စန္ဒာကျော်က ပြောသည်။ နေ့စဉ် ဝတ်ဆင်သည့် အဝတ်အစားများမှတစ်ဆင့် ရောဂါများ ရရှိသည်အထိ မဖြစ်စေရန် ရွေးချယ်အသုံးပြုကြရန် လိုအပ်ပြီး မိမိနှင့် သင့်လျော်သည့် သိပ်မကြပ်လွန်း၊ မကျယ်လွန်းသည့် အဝတ်အစားများ အသုံးပြုခြင်း၊ အောက်ခံ အဝတ်အစားများအား တစ်ထည်တည်းကို ထပ်ခါဝတ်ဆင်ခြင်းနှင့် အချိန်ကြာ ဝတ်ဆင်ခြင်းအား သတိပြုခြင်း၊ ချွေးစုပ်နိုင်သည့် အသားဖြင့် ပြုလုပ်ထားသော အောက်ခံများအား အသုံးပြုသင့်ကြောင်း သိရသည်။ နိုင်ငံတကာရှိ ကျန်းမာရေးဆိုင်ရာ ပညာရှင်များမှ လေ့လာတွေ့ရှိထားသည့် ကျန်းမာရေးအတွက် ဆိုးရွားစေသည့် ဆင်ခြင်ရမည့် အချက်များထဲတွင် ဒေါက်ဖိနပ်အမြင့်များစီးခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ ခန္ဓာကိုယ် အပေါက် များဖောက်ခြင်း၊ နေပူခံခြင်း စသည့် အကြောင်းအရာများအပြင် အလွန် ကြပ်သည့် ဘောင်းဘီများကလည်း ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားကြသည်။

ဝတ်ရည်အောင်

ရှောင်သင့်သောယောက်ျားများ

အကျင့်စရိုက်တွေကိုလည်းနားလည်အောင်သင်ယူနေတဲ့အချိန်ပါ။ အဲဒီလိုတစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင်သင်ယူနေ
တဲ့အချိန်မှာ မလိုအပ်တဲ့အမှားတွေကို ရှောင်တတ်ဖို့လိုပါတယ်။
ဘ၀မှာပျော်ရွှင်မူမပေးနိုင်ဘူးလို့ထင်တဲ့ယောက်ျားလေးတွေကိုရှောင်တတ်ရပါမယ်။

(၁) playboys/lady killers
ဒီလိုယောက်ျားလေးတွေဟာ မိန်းကလေးတွေကသဘောကျလောက်အောင် ပြုမူပြောဆိုတတ်တဲ့လူတွေပါ။
အဲဒါတွေဟာ စိတ်ထဲကအမှန်စစ်စစ်တွေမဟုတ်ပါဘူး။
သူတို့ဟာကိုယ့်အပေါ်မှာကောင်းသလို တစ်ခြားကောင်မ
လေးတွေအပေါ်မှာလည်းကောင်းတတ်ကြပါတယ်။
ကိုယ့်ကအဲလိုယောက်ျားလေးကိုမှ အမှန်တကယ်ချစ်မိပြီ ဆိုရင် ကိုယ်ပဲခံစားရမှာပါ။

(၂) bad boys/rebels
လင်ဆိုးမယား တဖားဖားဆိုသလိုပါပဲ...ဒီလိုယောက်ျားလေးကိုမှ ချစ်မိခဲ့ရင်
ကိုယ့်ရဲ့အနာဂတ်ဟာ ပျော်ရွှင်ဖို့
လှမ်းဝေးလှပါတယ်။
ဦးနှောက်ရှိတဲ့ မိန်းကလေးတိုင်းဒီလိုယောက်ျားလေးမျိုးကို ရှောင်သင့်ပါတယ်။

(၃) slackers
ကပ်ပါးကောင်တွေလိုပါပဲ။
အပြင်ထွက်တိုင်း ပိုက်ဆံအိတ်မေ့ခဲ့တယ်၊
ငွေထုတ်ဖို့မေ့ခဲ့တယ်လို့အကြောင်းပြပြီး
မိန်းကလေးတွေကို ပိုက်ဆံရှင်းခိုင်းတတ်တဲ့လူမျိုးဖြစ်ပါတယ်။
ဒီလိုမျိုးလူကိုလှူမဲ့အစား လမ်းဘေးကအလှူခံတွေကို လှူခဲ့သင့်ပါတယ်။

(၄) mama's boys
အီတလီယောက်ျားလေးတွေဟာ မင်္ဂလာဆောင်ပြီးရင်လည်း အမေနဲ့ပဲနေချင်ကြပါတယ်။
အမေဟာသူတို့ကို ကောင်းကောင်းပြုစုနိုင်လို့ပါတဲ့ ။
မင်္ဂလာဆောင်ပြီးရင်လည်း ဘာမဆိုအမေရဲ့အဆုံးအဖြတ်၊ အမေကျွေးတာကိုပဲ
စားမယ်၊ အမေနဲ့ခွဲမအိပ်နိုင်သေးဘူးလို့ပြောတဲ့
နို့နံ့မစင်သေးတဲ့ယောက်ျားတစ်ယောက်ကို ယူရဲပါသလား။

(၅) moody type
ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်စရာစကားတွေပြောနေတုန်း အခုပဲထပေါက်ကွဲတတ်တဲ့
စိတ်အပြောင်းအလဲမြန်တဲ့ယောက်ျားမျိုးပါ။
တစ်နေရာရာကိုကိစ္စတစ်ခုနဲ့သွားဖို့ သေချာချိန်းထားပြီးခါမှ
ချက်ချင်းဖျက်ပစ်လိုက်တတ်တဲ့လူမျိုးပါ။
စိတ်အပြောင်းအလဲဟာ ရာသီဥတုထက်ပြောင်းလွဲမြန်ပါတယ်။
ဒီလိုလူရဲ့စိတ်ကိုငြိမ်အောင် မစွမ်းဆောင်နိုင်
ဘူးဆိုရင် ကိုယ်ရဲ့ပျော်ရွှင်မူဟာလည်း
နေသာလိုက်၊မိုးရွာလိုက်၊မုန်တိုင်းထန်လိုက်ပါပဲ။

(၆) passive-aggressive type
ဒီလိုယောက်ျားလေးမျိုးကိုကြုံ ဖူးပါသလား။
ဆိုပါစို့...တစ်ခုခုသွားစားရင် ''ခင်ကြိုက်တာစားပါ ..ခင်ကြိုက်တာမှာပါ''
ဆိုပြီး အစားအစာများလာချတဲ့အချိန်
ှမှာ ဘာလို့ဒီဟင်းကိုမှာရတာလဲ ..ဘာလို့ဒီဆိုင်မှာလာစားရတာလဲ
စသဖြင့်ရန်လိုတတ်သောလူစားမျိုးပါ။
သူ့စိတ်ထဲစိတ်ကူးကိုထုတ်ဖော်မပြောပဲ လူတွေကိုခန့်မှန်းခိုင်းတတ်တဲ့လူစားမျိုးပါ။
ကိုယ်သဘောလို့ပြောပြီးနောက်ဆုံးတော့
သူ့သဘောဖြစ်သွားတတ်တဲ့လူစားမျိုးပါ။
ဒီလိုသွယ်ဝိုက်ပြီး လူကိုထိန်းချုပ်တတ်တဲ့ ယောက်ျားမျိုးဟာ ကြောက်
စရာအကောင်းဆုံးပါပဲ။

သင်ဟာ ဘယ်လိုယောက်ျားမျိုးလဲ။
သင်ဟာ ဘယ်လိုယောက်ျားမျိုးကို လက်ထပ်ယူချင်ပါသလဲ။
Tags: သုတ
hay mam ko

ကျွန်တော့်ရဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခု ဆုံးရှုံးသွားခြင်း

အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတယ်။ ကျွန်တော့ အမျိုးသမီး ရေးချိုးခန်းကထွက်လာပြီး ကျွန်တော့ကို ပြောတယ် “ခြေထောက်မှာ ဘာလို့မှဲ့တစ်လုံးထွက်လာပါလိမ့်?”
ကျွန်တော်ကတော့ မိန်းကလေးတွေတော်တော်များများ ဘာမှမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်တတ်တယ် ဆိုပြီး ဂရုမစိုက်ဘဲ ဒီတိုင်းထားလိုက်တယ်။

ကျွန်တော်တို့ ဘ၀က ဖြတ်သန်းလာရတာ အေးအေးဆေးဆေးပါဘဲ။ ကျွန်တော် ကုမ္ပဏီမှ
ာ ရာထူးတစ်ခု ရပြီးနောက်ပိုင်းမှာ သူကလဲ အိမ်က ဝေရာဝိစ္စတွေအားလုံး ကို တာဝန်ယူခဲ့တယ်။

ကျွန်တော့ အလုပ်က အမြဲအချိန်ပို လုပ်နေရသလို ခရီးလဲ ခဏခဏထွက်ရတယ်။ တခါတလေ ထွက်လိုက်ရင်လဲ ၃ပတ်လောက်ကြာတယ်။ ခရီးထွက်နေတုန်း တချို့ကတော့အိမ်က လူကြီးတွေရဲ့ကျန်းမာရေး၊ ကလေးတွေရဲ့ပညာရေးကို စိတ်ပူတတ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ချလက်ချပါဘဲ၊ ဘာလို့လဲဆိုတော့ ကျွန်တော်သိတယ်၊ သူကျွန်တော့ မိဘတွေကို ကောင်းကောင်းပြုစုလိမ့်မယ်၊ သားလေးကိုလဲ စာပြပေးမယ် ဆိုတာတွေကို…

တကယ်တော့ သူ့ကို အားကျနေတဲ့သူတွေဟာ ကျွန်တော့ကိုအားကျနေတဲ့သူတွေလိုဘဲများပါတယ်။
တခြားလူတွေရဲ့ အမြင်မှာ သူဟာ မနက်၉ နာရီ ကနေ ညနေ ၅နာရီ အထိ အထက်လူကြီးရဲ့ မျက်နှာကိုကြည့်ပြီးလုပ်စရာ မလိုဘူးလေ။ ကျွန်တော်တို့လဲ အရင်ကတည်းက ကားဝယ်ထားတယ်၊ ကွန်ဒိုကိုလဲ ပြောင်းနေနိုင်ပါပြီ။ ကျွန်တော်တို့ ရိုမန်းတစ်ဆိုတာ ကို မသိပေမဲ့ ကျွန်တော်တို့ ရဲ့ကမ္ဘာလေးဟာ သာသာယာယာပါဘဲ။

သူဒီလို တစ်ခုခု လွဲနေသလိုလိုခံစားနေရပြီး သူတစ်ယောက်တည်းဆရာဝန်သွားပြတယ်။
ဆေးစစ်ချက်ထွက်လာပြီ… မှဲ့ကင်ဆာတဲ့။ ဒီဆေးစစ်ချက် အဖြေဟာ ကျွန်တော့ကို တုန်လှုပ်သွားစေတယ်။ အဲဒီနေ့တွေမှာ ကျွန်တော်တို့ နာမည်ကြီးဆေးရုံးတော်တော်များများ ကိုပတ်ခဲ့တယ်။ အဖြေတွေကတော့ အတူတူတွေပါဘဲ။

နာမည် အရမ်းကြီးတဲ့ ဆရာဝန်တစ်ယောက်ကကျွန်တော့ကို ပြောပြတယ် “မင်း အမျိုးသမီးရနေတဲ့ အရေပြားကင်ဆာ ဟာ သေနှုန်း ၉၀% ရှိတယ်။ အဆိုးဆုံးအရေပြားကင်ဆာတစ်ခုပါ၊”

သိပ်မကြာပါဘူး။ ဆရာဝန်ပြောထားသလိုဘဲ သူ့ရဲ့ လက်မောင်း၊ ပေါင်၊ နောက်ကျောတွေမှာ မှဲ့ အသစ်တွေ အများကြီးထွက်လာတယ်။ သူ့ရဲ့ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်တွေဟာ တဖြေးဖြေးချင်း ကျဆင်းလာတယ်။ ကျွန်တော်မှတ်မိသလောက် သူ အရင်ကတည်းက တခါတလေဖျားပြီးဗိုက်နာတတ်တာကလွဲလို့ သူနေမကောင်းတဲ့ အချိန်မရှိသလောက်ဘဲ။
ဒါပေမဲ့ အခုတော့…
တခဏလေးမှ အနားမယူတတ်တဲ့သူက နောက်ဆုံးတော့ ဆေးရုံကုတင်မှာလဲနေရပါပြီ။

သူမရှိတော့တဲ့အိမ်ဟာ အရမ်းကိုတိတ်ဆိတ်လွန်းတယ်။
မီးဖိုခန်းမှာ အပူငွေ့မရှိတော့ဘူး။ ရေချိုးခန်း၊ ဧည့်ခန်းက အသုံးအဆောင်ပစ္စည်းတွေပေါ်မှာ ဖုန်တွေလွမ်းခြုံနေပြီ။

အရင်တုန်းက လင်းလင်းရှင်းရှင်း နွေးနွေးထွေးထွေးရှိတဲ့၊ ပြန်ရောက်တာနဲ့ သက်တောင့်သက်သာရှိတဲ့ အိမ်လေးဟာ ကျွန်တော် မသိတဲ့ နေရာ အဖြစ်ပြောင်းလဲတော့မယ်။
ကျွန်တော် အိမ်ကပစ္စည်းတော်တော်များများနဲ့ “စိမ်း” နေပါလား။

မိုက်ခရိုဝေ့ သုံးတာ၊ ထမင်းချက်တာ၊ ကော်ဖီ၊ လက်ဖက်ရည် တစ်ခွက်ဖျော်ဖို့၊ ခေါက်ဆွဲထုတ်ပြုတ်ဖို့…
ကျွန်တော် စမ်းနေတာ နေ့ဝက်ရှိပြီ၊ ဘယ်ခလုတ်နှိပ်ရမှန်း မသိဘူး၊ ချက်လို့ထွက်လာတာ ကလဲ သူချက်တာနဲ့ အရသာနဲ့ ကွာနေပါလား။

အရင်က သူလွယ်လွယ်ကူကူ လက်ကမ်းပေးလိုက်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဟာ အခုရှာနေတာ နေရာနှံ့နေပြီ။ ရှာမတွေ့ဘူး။

သူဆေးရုံတက်ပြီးနောက်ပိုင်း ကျွန်တော်လဲ ခွင့်ရက်ရှည်ယူလိုက်ပြီး သူ့အနားမှာ တတ်နိုင်သလောက် အဖော်လုပ်ပေးတယ်။
ဒီအချိန်မှာမှ ကျွန်တော်သဘောပေါက်လိုက်တယ်…
အိမ်တစ်အိမ်မှာ တာဝန်ကျေပွန်တဲ့ ဇနီးကောင်းတစ်ယောက်မရှိရင်၊ ယောက်ျားတွေ ပိုက်ဆံဘယ်လောက်ရှာနိုင်ပါစေ၊ အပြင်မှာ ဘယ်လောက်ဘဲ သားသားနားနားရှိနေပါစေ အလကားပါဘဲ။

တနေ့မှာ အသိတစ်ယောက်က ကွမ်ကျိုးမှာ ဒီလိုအရေပြားကင်ဆာကို အထူးကုတဲ့ ဆေးရုံးတစ်ရုံရှိတယ် ပြောတယ်၊ ဒီလိုရောဂါမျိုးကုလို့ပျောက်တာတွေလဲရှိတယ်။ ဒါပေမဲ့ စရိတ်တော့တော်တော်ကြီးတယ်။ ကုထုံးတစ်ခုက ၃လကြာတယ်၊ သိန်း ၃၀လောက်ကုန်တယ်။

ကျွန်တော်ဒီသတင်း မိန်းမကိုပြောပြတော့ ရောဂါဝေဒနားဒဏ်ညင်းပန်းခံ နေရပြီး သတိ မလည်တလည်နဲ့ ကျွန်တော့ကို ရှင်းရှင်းလင်းလင်းလေးပြောလိုက်တယ်
“ရှင်တို့နဲ့ မခွဲရက်ဘူး… ”

သူ့ အားအင်ချိနဲ့ပြီး ရှင်းလင်းတဲ့ စကားသံလေးတွေကြားတော့ ကျွန်တော့ မျက်ရည်တွေဟာ မျက်လုံးအိမ်ထဲမှာ မနေနိုင်တော့ပါဘူး…
ကျွန်တော် အရင်က တခါမှ မထင်မိခဲ့ဖူးဘူး၊ ငါတို့လင်မယားဒီလောက်ထိချစ်ကြတာကို…

ဒါပေမဲ့…
အဲဒီအချိန်မှာ…

ကျွန်တော်ခံစားရတယ်… ငါတို့ဟာကမ္ဘာပေါ်မှာ အချစ်ဆုံးတွေ၊ အတူတူ နေထိုင်ခွင့်ရတာ ဘယ်လောက်ထိကောင်းလဲ။

“သူ ငါ့ကိုထားခဲ့လို့မရဘူး”
“ငါသူ့ကိုလိုအပ်တယ်”

ငါတို့ အတူတူအိုကြမယ်… သားလေးလူကြီးဖြစ်တဲ့ အချိန်ထိ၊ သားလေးရဲ့ သားလေးက “ဖိုးဖိုး ဖွားဖွား” လို့ခေါ်တာကို အတူတူနားထောင်မယ်။ သူ့ကို ကွမ်ကျိုးခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။

ကျွန်တော် ရုံးကိုသွားပြီး ခွင့်ရက်ရှည်ယူတဲ့ အချိန်မှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်တီးတိုးပြောတာကြားလိုက်တယ်။ “ငါသာဆိုရင် ကုမနေတော့ပါဘူး… သိန်း ၃၀တောင်… မပျောက်ရင် လူလဲရှုံး ပိုက်ဆံလဲဆုံး နေဦးမယ်…”

ဒီလိုပြောနေကြတဲ့လူတွေဟာ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူဆုံးရှုံးရတော့မဲ့ ၀မ်းနည်းမှုမျိုးကို မခံစားဖူးသေးလို့ပါ။
ဒီလို အသက်ရှင်ခွင့်ရမဲ့ အခွင့်အရေး တစ်မျှင်လေးဟာ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဆိုတာကိုလဲ မသိကြပါဘူး။
အဲဒီ အချိန်မှာ ကျွန်တော်စဉ်းစားတယ်… သိန်း ၆၀ သိန်း ၁၀၀ ဖြစ်နေပါစေ… အိမ်တွေ ကားတွေကိုဘဲ ရောင်းရောင်း… သူ အသက်ရှင်ခွင့်ရမယ်ဆိုရင် အားလုံး ကျေနပ်ပါတယ်။

ကွမ်ကျိုးမသွားခင် အိမ်နားက စူပါမားကတ်မှာ နေ့စဉ်သုံးလိုမဲ့ ပစ္စည်းတွေသွားဝယ်တယ်။ သီတင်းကျွတ် ရှေ့ရက်ပိုင်းဆိုတော့ စူပါမားကတ်ထဲက လူတွေရဲ့မျက်နှာဟာ ပြုံးရွှင်နေကြတယ်… လူတွေအားလုံးရယ်ရယ်မောမောနဲ့…

ကျွန်တော်ရုတ်တရက် ခံစားရလိုက်တယ်…
ငါဒီပြုံးပျော်နေတဲ့သူတွေနဲ့ တော်တော်လေးကို ကင်းကွာနေပါလား…
ပျော်ရွှင်ရယ်မောခြင်း အားလုံးဟာ ကျွန်တော့ ဇနီး နေမကောင်းတဲ့ အချိန်က စပြီး ကျွန်တော်နဲ့ မသက်ဆိုင်တော့ သလိုပါဘဲ…


ကျွန်တော် သူပေးလိုက်တာစာရင်းအတိုင်း နေ့စဉ်သုံးပစ္စည်းတွေကို ၀ယ်လိုက်တယ်။
အိတ်ကိုမ ပြီးထွက်လာတော့မှ တော်တော်လေး လေး နေပါလား…
ဒီလောက်နှစ်ရှည်လတွေမှာ အိမ်မှာ စားတာ သုံးတာအားလုံး သူစီမံထားတာ စေ့စေ့စပ်စပ်ပါဘဲ။

ကျွန်တော် လုံးဝမသိခဲ့ဘူး… ဆန်တစ်အိတ်ဘယ်လောက်ကျလဲ… ဆီတစ်ပုံး ဘယ်လောက်ကျလဲဆိုတာတွေကို…
ကျွန်တော် လုံးဝမသိခဲ့ဘူး… ဒီပစ္စည်းတွေကို အိမ် သယ်ပြန်ရတာဟာ တော်တော်လေးပင်ပန်းတဲ့ အလုပ်တစ်ခုဆိုတာကို …

ကျွန်တော် ဟာ ကျွန်တော်တို့ အိမ်ရဲ့ မဏ္ဍိုင်ကျောမလို့ တစ်သက်လုံးထင်လာခဲ့တာ…
သူလဲသွားတဲ့ အချိန်မှာမှဘဲ သဘောပေါက်တော့တယ်… သူကသာ ကျွန်တော်တို့ အိမ်ရဲ့ဗဟိုကျောမပါ…

ကျွန်တော်တို့ ကွမ်ကျိုးမှာ နေခဲ့တဲ့ အချိန်ဟာ မင်္ဂလာဆောင်ပြီးနောက်ပိုင်း အချိုမြိန်ဆုံး ဘ၀အစိတ်အပိုင်းလေးပါ။ ဒီ ၃လ အတွင်းမှာ ကျွန်တော်တို့ နေ့နေ့ညညခြေတစ်လှမ်းမှ မခွာခဲ့ဘူး။
တူတူရယ်မောကြတယ်… တူတူ ငိုကြတယ်… ကျွန်တော်တို့ ရင်ဖွင့်စကားသံတွေ မကြားရတာ ဘယ်လောက်ထိကြာပြီလဲဆိုတာကို မမှတ်မိတော့ပါဘူး။


ပထမတစ်လမှာတော့ သူတော်တော်လေး ကောင်းလာသလိုလိုရှိလာတယ်…
တခါတလေ… သူ့လက်ကိုတွဲပြီး ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ကျွန်တော်တို့ ၂ယောက်ရဲ့ အတိတ်က ဇာတ်လမ်းတွေကို ပြန်ပြောဖြစ်တယ်။

ကျွန်တော်တို့ ပထမဆုံး ဆုံတဲ့ အချိန်လေး… ပထမဆုံး အတူကြည့်ခဲ့တဲ့ ရုပ်ရှင်နာမည်လေးက “Titanic”…
သူကျွန်တော့ကို ပြောပြတယ်… ကျွန်တော်သူ့ကို ဒီရုပ်ရှင်ကြည့်ဖို့ချိန်းတဲ့ အချိန် အမှန်တကယ်တော့ သူ သူ့ သူငယ်ချင်းတွေနဲ့ ကြည့်ပြီးသားပါ။ ကျွန်တော့ ကို မငြင်းရက်လို့ ကျွန်တော်နဲ့ နောက်တစ်ခေါက် လိုက်ကြည့်ပေးတာပါတဲ့…

ဒီလို အကြောင်းလေးတွေဟာ အခုချိန်ပြန်စဉ်းစားလိုက်ရင် ဒဏ်ရာတစ်ခုလိုပါဘဲ…
အတူနေလာတာ ဒီလောက်ကြာပြီ… ဒီလောက်ထိ စကား အကြာကြီး မပြောဖြစ်ခဲ့ ပါဘူး။

ဒီ ၃လအတွင်း ကျွန်တော့ မျက်စိရှေ့မှာ သူတစ်နေ့တစ်ခြား ဆုတ်လျော့လာတာကို မြင်နေရတယ်။
အထူးကုထုံးကလဲ သူ့ အပေါ်မှာ အာနိသင်မရှိခဲ့ဘူး။ သူဆန်ပြုတ်လေး တစ်ခွက်ကိုတောင် မသောက်နိုင်တော့ပါဘူး။
နောက်ဆုံး သူကျွန်တော့ကို ပြောတယ် “အိမ်ပြန်ချင်တယ်…”

ဒီလိုနဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ကင်းမဲ့ စွာနဲ့ အိမ်ပြန်လာခဲ့တယ်။


အိမ်ပြန်ရောက်ပြီးတော့…
သူ့ အခြေအနေဟာ ပိုပိုပြီးဆိုးလာခဲ့တယ်။ နောက်ပြီး ကင်ဆာဝေဒနာရှင်တွေ ကြောက်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သူခံစားနေရပြီ…
သူ တစ်ညလုံး အိပ်လို့ မပျော်ဘူး… နာကျင်မှု ညည်းညူသံတွေဟာ အမှောင်ညတွေရဲ့ သံစဉ်ဖြစ်ခဲ့တယ်။
ကျွန်တော် သူ့ကိုယ်စား ဒ်ီအနာတွေကို ခံပေးလိုက်ချင်တယ်။ သူဒီလောက်ထိ ခံစားနေရတာကို မြင်နေရတဲ့ စိတ်ဒဏ်ရာ ဟာလဲ သူ့ ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မှုတွေနဲ့ ထပ်တူထပ်မျှပါဘဲ…

သူနဲနဲ နေကောင်းတဲ့ အချိန်မှာ တော့ ကျွန်တော့ကို စပြီး မှာကြားနေတော့တယ်…
ဒီလောက်ထိရှုပ်ထွေးတဲ့ အိမ်မှုကိစ္စတွေကို သူတစ်ယောက်တည်းလုပ်လာခဲ့တာကို ဒီအချိန်မှာမှ သဘောပေါက်မိတယ်။
သူကျွန်တော့ကို ပြောသေးတယ်…
“ကျွန်တော် အမြဲတမ်းစားကောင်းတယ်လို့ပြောတဲ့ အစားအစာတွေဟာ ဘယ်ဆိုင်က၀ယ်တာ…”
“ကျွန်တော်အမြဲဝတ်တဲ့ အ၀တ်အစားတွေဟာ ဘာတံဆိပ်… ဘယ်ဆိုင်မှာသွားဝယ်တာ…”

သူမဆုံးခင် ၃ ရက် အလိုမှာ ကျွန်တော့ကို အ၀တ်လျှောစက်သုံးပုံသုံးနည်းသင်ပေးလိုက်သေးတယ်။
နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဒီ အ၀တ်လျှောစက်လေးဟာ သူနဲ့ကျွန်တော် အတူတူ သွားဝယ်ခဲ့တာပါ။
ဝယ်လာပြီးနောက်ပိုင်းမှာတော့ သူဘဲ ကိုင်တွယ်နေတာပါ…
ကျွန်တော် မျက်ရည်တွေကို မအောင့်နိုင်တော့ပါဘူး… အသံတိတ်စွာ ကျနေပါတယ်…

မဆုံးခင်ရှေ့တစ်ရက်မှာ ကျွန်တော့ ကိုပြောတယ်… ကျွန်တော်နဲ့ လက်ထပ်ခဲ့ တာဟာ သူဘ၀မှာ အပျော်ဆုံး အချိန်လေးပါ။ ကွမ်ကျိုးမှာ နေခဲ့တဲ့ ၃လတာ ကာလဟာလဲ သူ့ဘ၀ရဲ့ အကြည်နူးဆုံး အချိန်တွေပါဘဲ…

ဒီ ၃လဟာ ကျွန်တော့ အတွက်လဲ ရင်ထဲမှာ သိမ်းထားရတဲ့ အမှတ်တရ အဖြစ်ထင်ကျန်ခဲ့ပါတယ်။
ဒီ ၃ လကြောင့် ရာထူးတိုးမဲ့ အခွင့်အရေး လက်လွတ်ခဲ့ရတယ်… ငွေကြေးတွေဆုံးရှုံခဲ့တယ်…
ဒါပေမဲ့ ကျွန်တော့ ဇနီးနဲ့ ယှဉ်လိုက်ရင် ဒါတွေဟာ ပြင်ပ အရာဝတ္ထုတွေပါဘဲ…

ဒီ ၃ လ အချိန်လေးရှိခဲ့လို့တော်သေးတာပေါ့… မဟုတ်ရင် ကျွန်တော် တစ်ဘ၀လုံး နောင်တရမိလိမ့်မယ်ဗျာ…

သူဆုံးသွားတဲ့နေ့ ဟာ အေးအေးချမ်းချမ်းပါဘဲ… ကျွန်တော်က သားလေးကိုပြောတယ်…
မေမေဟာ ဟိုး အဝေးတစ်နေရာကို ထွက်သွားပြီး ဖေတို့ကိုစောင့်နေတာပါ… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဖေဖေတို့ မိသားစုအားလုံး ပြန်ဆုံကြမယ်။ မေမေက မေမေဘဲ… ဖေဖေကလဲ ဖေဖေဘဲ… သားလေးကလဲ ဖေဖေမေမေ တို့ရဲ့သားလေးပါဘဲ…

အခုချိန်မှာ သူများမိသားစု စုံစုံလင်လင်ရှိနေတာကို မြင်တွေ့ရမှာ ကျွန်တော် အကြောက်ဆုံးဘဲ။
လျှောက်ခဲ့တဲ့ ပန်းခြံလေး… အတူတူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံ… အတူတူပတ်ခဲ့တဲ့ စူပါမားကတ်တွေကို ရောက်တိုင်း ကျွန်တော့မျက်ရည်တွေကို မအောင့်နိုင်ဘူး…

အ၀တ်လျှောစက်သုံးတဲ့ အချိန်… မိုက်ခရိုဝေ့ ခလုတ်နိပ်တဲ့ အချိန်…
သားအတွက် အ၀တ်အစားဝယ်ပေးရတဲ့ အချိန်… အချိန်ပို အလုပ်ဆင်းပြီး အိမ်မှာ တစ်ယောက်တည်း ခေါက်ဆွဲထုတ်ပြုတ်စားရတဲ့ အချိန်… ညသန်းခေါင် နိုးလာပြီး ကုတင်ကျယ်မှာ တစ်ယောက်တည်းအိပ်နေရတဲ့ အချိန်… အဲဒီအချိန် အားလုံးတွေဟာ ကျွန်တော့ကိုငိုချင်စေတယ်…

သူရှိနေတဲ့ အချိန်တုန်းက ကျွန်တော် ကိုကျွန်တော် ဒီလောက်ထိ ကံကောင်းတဲ့လူလို့ သတိမထားမိခဲ့ဘူး။ သူဟာ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာပေါင်းလာခဲ့တဲ့ ဇနီးတစ်ယောက်… သားလေးရဲ့ မိခင် ဆိုတာလောက်ဘဲ သိခဲ့တယ်။ အခုသူမရှိတော့ မိုးပြိုကျလာသလိုပါဘဲ။

အရင်တုန်းက ဇာတ်လမ်းတွေမှာ မင်းသားက သူ့ချစ်သူ သေပြီးနောက်မှာ အကြီးအကျယ်ငိုတာဟာ လူတွေကို လုပ်ပြနေတာပါလို့ထင်ခဲ့တဲ့ ကျွန်တော်ဟာ အခုချိန်မှာတော့ သူတို့နဲ့အတူမျက်ရည်ကျ နေရပြီ…

ကျွန်တော်ပြန်စဉ်းစားမိတယ်… သူသားလေးကို အမြဲပြောလေ့ရှိတယ်…
“ဖေကြီး က ပိုက်ဆံရှာပေးရတာ အရမ်းပင်ပန်းတယ်… ဖေကြီးက အရေးအကြီးဆုံး”

အမှန်တကယ်မှာတော့ သူဟာ အရေးကြီးဆုံးပါ။
သူမရှိတော့ ကျွန်တော်တို့ သားအဖ ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာတစ်ခုဆုံးရှုံးခဲ့တယ်… “ပျော်ရွှင်ခြင်း”


ကျွန်တော်ဟာ ကိုယ့် ခံစားချက်ကို မထုတ်ဖော်တတ်တဲ့လူတစ်ယောက်ပါ…
ချစ်သူဘ၀မှာတုန်းကလဲ “ချစ်”ဆိုတဲ့ စကားကို မသုံးခဲ့ဘူး…
သူ ၀တ္ထုတွေ… ကိုးရီးယားကားတွေကြည့်ပြီးငိုတော့ ကျွန်တော်တောင်သူ့ကို စသေးတယ်…

အခုချိန်မှာတော့ “ချစ်”ဆိုတဲ့ စာသားလေးဟာ သူ့ရဲ့ အုတ်ဂူမှာဘဲ ထွင်းထုထားနိုင်တော့တယ်…
ကျွန်တော့ရဲ့ “ချစ်ဇနီး”…

မိန်းကလေးတိုင်း ကိုယ့်ချစ်သူ ပါးစပ်ကနေ အကြိမ်ပေါင်းထောင်သောင်းမက ပြောစေချင်တဲ့ အဲဒီ စကားကို ကျွန်တော် ဘာဖြစ်လို့ သူပြောစေချင်တဲ့အချိန်… သူနေကောင်းကျန်းမာနေတဲ့အချိန်မှာ များများမပြောခဲ့ရတာလဲဗျာ…?                 
                                                            *************