ဤနဝရတ်လက်စွပ်စတင်ဝတ်ဆင်ခြင်းအစဉ်အလာကိုအနောက် မဇ္ဈိမဒေသ မဂဓတိုင်းရာဇဂြိုလ်ပြည်မှ မြန်မာနိုင်ငံသို့ ကူးပြောင်းလာကြောင်းတွေ့ရှိရသည်။
ဗိမ္ဗိသာရမင်းမှဤရာဇဝင် စတင်ခဲ့သည်ဟုသိရှိခဲ့ရပါသည်။
ဗိမ္ဗိသာရမင်းကို သားတော် အဇာတသတ် လုပ်ကြံ၍ ထီးနန်းဆက်ခံသည်။
သာသနာတော် ၂၄-ခု နန်းသက် ၃၂-တွင် အဇာတသတ်မင်းကို သားတော် ဥဘယဘဒ္ဒါ
လုပ်ကြံ၍ ထီးနန်းဆက်ခံသည်။
သာသနာတော် ၄၀-ပြည့်၊ အိမ်နိမ့်စံ ၁၆ နှစ်တွင် ဥဘယဘဒ္ဒါကို ၎င်း၏သားတော် အနုရုဒ္ဓါ
လုပ်ကြံ၍ နန်းတက်စံပြန်သည်။
သာသနာတော် ၄၀-ပြည့်၊ အိမ်နိမ့်စံ ၁၆ နှစ်တွင် ဥဘယဘဒ္ဒါကို ၎င်း၏သားတော် အနုရုဒ္ဓါ
လုပ်ကြံ၍ နန်းတက်စံပြန်သည်။
အနုရုဒ္ဓါ ကို သာသနာတော် ၄၄-ခု နန်းသက် ၄-နှစ်တွင် သားတော်ရင်း မုန္ဒ(မုဏ္ဍ) လုပ်ကြံ၍
ထီးနန်းဆက်ခံပြန်သည်။
သာသနာတော် ၄၈-ခု၊ နန်းသက် ၄-နှစ်တွင်မုန္ဒမင်းကို သားတော် နာဂဒါသ သတ်၍ မင်းလုပ်အုပ်ချူပ်ပြန်သည်။
သာသနာတော် ၇၂-ခု နန်းသက် ၂၄ နှစ်တွင် ၎င်းမင်းကို ရာဇဂြိုလ်ပြည်သားတို့ နန်းချ၍
လိစ္ဆဝီ အနွယ်မှ ဆင်းသက်လာသော သုသုနာဂ ပညာရှိအမတ်ကို နန်းတင်သည်။
သုသုနာဂမင်းသည် နာဂဒါသမင်း၏ သားတော် ၃-ပါးဖြစ်သောဇလာမိကရာဇ၊ ဥသိကရာဇက၊ ကိစ္စနရာဇ တို့ကို အသက်အန္တရာယ်မပြုဘဲ ဆွေတော်မျိုးတော် ၃-သောင်းအမှုအထမ်းအခြံအရံ ပြည့်စုံစွာဖြင့်တိုင်းပြည်မှ နှင်ထုတ်လိုင်လေသည်။
ထိုမင်းသား၃-ပါးသည် အရှေ့တောင်အရပ်သို့ ၃ -လကျော် ၄- လခန့် ကုန်းကြောင်းခရီးဖြင့်
လျှောက်လှမ်းခဲ့ရာ(၍) သာသနာသက္ကရာဇ် ၇၃-တွင်မြန်မာနိုင်ငံ တောင်ညိုအရပ်(ကလေးတောင်ညို)သို့ရောက်ရှိခဲ့သည်။
အရှေ့အရပ် သီရိပတ္တတောင်ပေါ်မှစီးဆင်းကျသော နန့်ကရဲည်းချောင်းကို အမှီပြု၍ အရိမည ဟူ၍ယာယီမြို့တည်တော်မူသည်။
မင်းသား၃-ပါးသည် ဤမြေ ဤရပ် ဤဒေသသို့ရောက်သည့်အချိန်မှစ၍အဖသတ်ကံကြွေးကျေပါစေ၊ဝဋ်ကြွေးဟူသမျှကင်းစင်စေ၊ အရာရာကိုအောင်နိုင်စေရန် ရည်စူး၍
ဗေဒင် နက္ခတ်-ဟူးရားအတတ်တို့၌ ကျွမ်းကျင်သည့်ပညာရှိကြီးများ၊ရှေးဟောင်းပုရပိုက်
အထောက်အထားများနှင့် တွက်စစ်၍ အလွန်အဖိုးတန်သော ရတနာ ၉-ပါးနှင့်စီရင်သည့်
နဝရတ်လက်စွပ်ကို ဖန်တီးစေသည်။
မင်းသား ၃-ပါးသည် လက်စွပ်ကိုဆင်မြန်း၍ တောင်ညိုအရပ်ကို၂၇-တိုင်တိုင်သိမ်းသွင်းပြီး
အာဏာစက်ပျံ့နှံ့ရာဟူသမျှတို့ကို ယောနကတိုင်း(ယောနယ်)ဟု
သမိုင်းမော်ကွန်းစိုက်ထူခဲ့သည်။
အာဏာစက်ကျရာ အရပ်ဒေသ၌ သီလ သမာဓိ ပညာ ရဲစွမ်းသတ္တိဂုဏ်နှင့်ပြည်စုံသော
လူစွမ်းကောင်းတို့အား ချီးမြှင့်မြှောက်စား သိမ်းသွင်းတော်မူသည်။ချီးမြှင့်ခံရသည့် ပညာရှိများအားနဝရတ်ရတနာ ချီးမြှင့်တော်မူသည်။
နောင်တော်ကြီး ဇလာမိကရာဇာသည် ယောနကတိုင်းကို အုပ်ချူပ်စံစားသည်။
ညီလတ် ဥသိကရာဇာသည် သာသနာတော် ၉၅-တွင် မိုးညှင်းမြို့ တည်၍ စိုးစံတော်မူသည်။
ညီငယ် ကိစ္စနရာဇာသည် မဟာမြိုင်တောနေရာတွင် မဟာနံမြို့ ကိုသာသနာတော် ၉၂-တွင်
တည်၍စိုးစံတော်မူသည်။ညီနောင် ၃-ပါးသည်တကောင်း၊ဟန်လင်း၊မှော်ဇာ၊ကမ်းယံ၊ရခိုင်၊အဂ္ဂဘတ်၊ကသည်း၊ရှမ်းပြည်နယ်တို့တွင် အာဏာစူးရောက်စေပြီး ၎င်းတို့၏ အစဉ်အဆက်နှင့် သစ္စာတော်ခံတို့အား
နဝရတ်လက်စွပ် ဆင်မြန်းစေသည်။
နဝရတ်လက်စွပ်၏အင်္ဂါများ
၁။တည်ကြည်ခြင်း
၂။သီလခိုင်မြဲခြင်း
၃။ဥာဏ်ပညာကြီးခြင်း
၎။ရဲစွမ်းသတ္တိရှိခြင်း
၅။ဖြောင့်မတ်ရိုးသားခြင်း
၆။ဘုန်းကံကြီးမားခြင်း
၇။သူတပါးအပေါ်၌အာဏာစက်တည်မြဲခြင်း။
၈။ဘေးရန်အနှောက်အယှက်တို့အားကာကွယ်နိုင်ခြင်း
၉။မျိုးရိုးကိုစောက်ရှောက်ခြင်း
နဝရတ်လက်စွပ်စီရင်သောအခါ ရက်ကောင်း ရက်ရာဇာကျရောက်သောနေ့၌ အခါလဂ်မှ
၁၀-တန့် တွင်တနင်္ဂနွေဂြိုဟ်ရောက်သောအချိန်၌-
အလယ်မှ ပတ္တမြားကို စတင်ထည့်သွင်းခြင်းပြုသည်။
နဝရတ်လက်စွပ် စီရင်မည့် ရတနာ ၉-ပါးကို ကျကျနနရွေးချယ်၍ဘုရားကျောင်းဆောင်ပေါ်တွင်ဖျင်ဖြူခင်း၍
ကြာနီပွင့်ပေါ်တွင် ပတ္တမြား
ကြာဖြူပွင့်ပေါ်တွင် သန္တာ
ဖုံမသိမ်ပွင့်ပေါ်တွင် ပုလဲ
ကြက်မောက်နီပွင့်ပေါ်တွင် ကြောင်
မာလာပွင့်ပေါ်တွင် ဂေါ်မုတ်
လေးညှင်းပွင့်ပေါ်တွင် မြ
ကရမက်ပွင့်ပေါ်တွင် ဥဿဖယား
ပန်းရင်းပွင့်ပေါ်တွင် နီလာ ကြက်ပွိုင့်ပွင့်ပေါ်တွင် စိန်
ဤကဲ့သို့ထားရှိပြီး ကျောက်တို့ကို အစဉ်အတိုင်း တစ်မျိုးပြီးတစ်မျိုး အဆင့်ဆင့်ထည့်သွင်းခြင်းပြုသည်။
ထည့်သွင်းသောအခါ-
အလယ်မှပတ္တမြားကို ဦးစွာထည့်သည်။
အရှေ့မြောက်ထောင့်တွင် သန္တာ
အရှေ့ထောင့်တွင် စိန်
တောင်ထောင့်တွင် ကြောင်
အနောက်တောင်ထောင့်တွင် ဂေါ်မုတ်
အနောက်ထောင့်တွင် မြ
အနောက်မြောက်ထောင့်တွင် ဥဿဖယား
မြောက်ထောင့်တွင် နီလာ
ထည့်သွင်းသောပန်းထိမ်ဆရာသည် မြောက်အရပ်ကိုမျက်နှာမူ၍ ၁ မှ ၉ အထိ
အစဉ်အတိုင်းထည့်ရသည်။
မြောက်အရပ်ရှိ နီလာ နှင့်တောင်အရပ်ရှိကြောင် တို့ကြားရွှေ နှင့်ကွင်းကိုပြု၍
လက်စွပ်စီရင်သည်။
လက်စွပ်ဝတ်ဆင်သောအခါ လက်သန်းဘက်ခြမ်းတွင်ကြောင်၊ လက်ခလယ်ဘက်တွင်
နီလာ၊လက်သူကြွယ်၏လက်သည်းခွံဘက်ခြမ်းတွင်စိန်၊လက်သူကြွယ်အရင်း၌မြ တို့ကို ထား၍ဝတ်ဆင်သည်။
တစ်နှစ်လျှင် တစ်ကြိမ် နဝရတ်လက်စွပ်ကို သိဒ္ဓိတင်က အထူးကောင်းသည်။
ရခိုင်ငှက်ပျော ၉-ဖီး၊ အုန်းသီး ၁-လုံး၊ အောင်သပြေ ၉-ညွန့်၊ ပေါက်ညွန့် ၉-ညွန့်၊
အမွေးတိုင် ၉-တိုင် တံခွန်၉-ခု၊ ယပ် ၉-ခု၊ ဖယောင်းတိုင် ၉-တိုင်၊ ဆွမ်း ၉-ပွဲ၊ သစ်သီး ၉-လုံး၊
လက်ဖက် ၉-ပုံ ပွဲထိုး၍တင်ရသည်။
ဘလော့တစ်ခုမှ..ကိုဇေကြီး
No comments:
Post a Comment