ဖြေကြည့်ပါ
"ကို" ကအချစ်ဦးပါတဲ့ ငါ့ကို ရူးအောင် နင်ပြောခဲ့တာ
ဆားမပါတဲစကားတွေကို
နားမပါတဲ့ ငါက
ပုံပြင်လို ယုံချင်ခဲ့တယ်...................
ငါအတွက် မင်းရဲ့ လက်ဆောင်
ရင်ဘက်ထွက်သွားတာ လိပ် မဟုတ်ပါ နှလုံးသား ဖြစ်ပါသည်
မင်းပေးခဲ့သော ဒဏ်ရာတွေ
"ကို" ရယ်လို့ ခေါ်သံတွေ မမှန်ပြန်တော့
ရိပ်မိခဲ့ဖို့ ကောင်းပေမဲ့
အိပ်မိတဲ့ နဂါးလိုဘဲ
တုံးအတဲ့ ငါ့နှလုံးသားက
အရာရာကို ယုံမှားခဲ့တယ်................
မေးချင်တယ်ချစ်သူရယ်
ငါဟာ နင့်အတွက်
ဘယ်နှစ်ယောက်မြောက် " အချစ်ဦး" လဲ.................မင်းဖြေကြည့်ပါ
ကိုဇေကြီး(လ၀န်းသစ်ကဗျာ)