Tuesday, September 11, 2012

ကွန်ပျူတာ Hangs ရခြင်း (၁ဝ)ချက်

                                 
                                  ကွန်ပျူတာ ဟမ်းသွားလို့သင်စိတ်ညစ်နေပါသလား

Category: Computer,Knowledge — NayOkkar @ 9:00 am
ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာမျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့စက်မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ်ရအောင် ဖြေရှင်းနည်း (၁ဝ) ချက်ရှိတယ်။

   ၁။ မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။
    ၂။နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက်တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။
  ၃။ နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ကျွန်တော် တင်ပေးလိုက်ပါတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet e×plorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefo× မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။ဒီမှာ Down လိုက်ပါ။
   ၄။ နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရပါ့မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။
   ၅။ နောက်တစ်ခုက ကျွန်တော်တို့ cookies တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ Internet Browser တွေက option ထဲကနေ cookies တွေကို ဖျက်ထုတ်လိုက်ပါ။
 ၆။ နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိတာလျင် အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို install လုပ်လိုက်ပါ။ software လေးနဲ့သုံးချင်တယ်ဆိုရင်တော့ တင်ပေးလိုက်တယ်နော်။ဒီမှာ Down လိုက်ပါ။
   ၇။ နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။
  ၈။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။
 ၉။  Run ထဲမှာ (%temp%;prefetch;recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။နောက်တစ်ခုကတော့ ကျွန်တော်တို့ computer ထဲက search button မှာ cooking လို့ ရိုက်ထည့်ပြီ သူ့ထဲမှာ ရှိတဲ့ ဖိုင်တွေကို ဖျက်ထုတ်လိုက်ပါ. ဗိုင်းရပ်အများဆုံးနားခိုတဲ့ နေရာလဲဖြစ်ပါတယ်။
  ၁၀။ နာက်တစ်ခုကတော့ မိမိတို့ computer ဖွင့်ဖွင့်ချင်မှာ process တွေကြောင့် ကျွန်တော်တို့ window အတက် အတော်လေးပါတယ်။ ဒါကြောင့် msconfig က startup ထဲမှာ မလိုအပ်ဘူးထင်တာတွေကို disable ပေးထားလိုက်ပါ။ လိုအပ်တာတွေတော့ မှားမပေးနဲ့နော်။ နောက်တစ်ခုကတော့ shutdown လုပ်တဲ့အခါမှာ power ပေါက် ထိုးပိတ်တာမျီုးမလုပ်ပါနဲ့။

ဆေးမဖက်ဘဲ အစာကြေညက်မယ့်အကြံပြုအချက်-၅ခု


• မင်းသုတ

အစာစားရခြင်းရဲ့ အခြေခံ အကြောင်းရင်းကတော့
ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးရှင်သန်ဖို့
မရှိမဖြစ် အာဟာရဓာတ်တွေကို စုပ်ယူဖို့ဖြစ်တယ်။
အဲဒီအတွက်ရိုးရှင်းလွယ်ကူတဲ့
အကြံပြုချက်ကလေး၅-ခုပေးချင်တယ်။
ဆေးလည်းမသောက်ရဘူး။
နောက်ပြီးတော့ ခန္ဓာကိုယ်က နေ့စဉ်လုပ်နေတဲ့
အခြေခံအကျဆုံးထဲက အလုပ်တစ်ခုကိုလည်း
တိုးတက်စေပါတယ်။

(၁)ပိတ်လိုက်ပါ
************
ပိတ်ရမယ်ဆိုတာ တီဗီနဲ့ ဖုန်းကိုပိတ်ဖို့ပြောတာပါ။
ကွန်ပျူတာကိုလည်းအိပ်စက်ပါစေဦး။
တစ်ယောက်တည်းလေးလေးနဲ့အေးဆေးတဲ့
ညှင်းသွဲ့သွဲ့တေးသံနဲ့ ငြိမ့်နေတာမဟုတ်ရင်
နားကြားကိရိယာကိုလည်း ဖြုတ်လိုက်ပါ။
အစာကြေညက်ဖို့ဆိုရင် အေးဆေးငြိမ်သက်တဲ့
ပတ်ဝန်းကျင်ဖြစ်ဖို့ လိုပါတယ်။

(၂)သက်သောင့်သက်သာနေပါ
**********************
တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာတစ်ခုကိုရှာပါ။
အိပ်ရာညောင်စောင်း အစွန်မှာ
ကိုယ့်ကိုဟန်ချက်မပျက်အောင် ထိန်းနေရတာဟာ
ပြည့်ပြည့်၀၀အနား ရတာမဟုတ်ဘူး။
ကုလားထိုင်တစ်လုံး ပေါ်မှာထိုင်ချလိုက်ပါ။
ကွန်ပျူတာ (သို့ မဟုတ်) တီဗီဖန်သားပြင်ကို
ကျောခိုင်း ထားပါ။ (တီဗီကိုချောင်းကြည့်ချင်တဲ့စိတ်ယိုင်မှု၊
သို့မဟုတ် အီးမေးလ်ကိုစစ်ဆေးကြည့်ချင်တဲ့
ဆန္ဒတွေဟာ အနှောင့်အယှက်တွေပါ။)

(၃)သတိနဲ့နေပါ
************
မိမိစားတော့မယ့်အစားကို သတိနဲ့ ကြည့်ဖို့နဲ့
အဲဒီ အာဟာရ မှီဝဲလို့ ကျေးဇူး တင်စိတ်မွေးဖို့အတွက်
စိတ်မပျံ့လွင့်အောင်တစ်ခဏတာထိန်းချုပ်ပါ။
ဘာသာ ရေးကိုင်းရှိုင်းရမယ်လို့မဆိုလိုပါဘူး။

(၄)စိတ်ဖိစီးမှုဖျောက်ပါ
*****************
ကိုင်ထားတဲ့ခက်ရင်း ပါးစပ်နားကိုမရောက်ခင်
နှစ်မိနစ် အချိန်ယူပြီး အသက်ကို ဖြည်းဖြည်းနဲ့
ရင်ခေါင်းထဲရောက်အောင် နက်နက်ရှိုင်းရှိုင်း
ရှူသွင်းပါ။ အဲဒီအခါမှာခန္ဓာကိုယ်ကို
ပို၍ သက်သောင့်သက်သာရှိနေအောင်
ဖြေလျှော့ထားပါ။

(၅) ၀ါးပြီးရင်း ၀ါးပါ
**************
“၀ါးစားပါ၊၀ါးစားပါ”ဆိုတဲ့စကားကို
ကလေးဘ၀တစ်လျှောက်လုံး ကြားခဲ့မှာပါ။
ဝါးစားတာဟာ မလုပ်မဖြစ်တဲ့ လိုအပ်ချက်ဖြစ်တယ်။
စားလိုက်တဲ့ကာဗိုဟိုက်ဒရိတ်တွေဟာ
ကြေဖို့ လွယ်ချင်လွယ်မယ်။
ခက်ချင်ခက်မယ်၊ အစာကြေညက်ဖို့ဟာ
ပါးစပ်ထဲက စရပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့
သင့်လျော်တဲ့အင်ဇိုင်းတွေဟာ
ပါးစပ်ကထွက်တဲ့သွားရည်ထဲကို ရောက်သွားတယ်။
တိရစ္ဆာန်အသားပရိုတိန်းဟာ
အစာအိမ်ထဲရောက်မှ ကြေညက်တယ်ဆိုပေမယ့်
ပါးစပ်ထဲမှာ အများကြီး ကြိတ်ဝါးရပါမယ်။
ကြိတ်ဝါးမှု များလေလေ၊ လည်ချောင်းထဲမှာ
မနင်လေလေဖြစ်ပြီး၊ အစာကြေညက်ဖို့
မြနလေလေဖြစ်တယ်။

Ref: Five Drug Free Tips for Better Digestion By Gourmet Healthy Living