Tuesday, September 11, 2012

ဆေးမဖက်ဘဲ အစာကြေညက်မယ့်အကြံပြုအချက်-၅ခု


• မင်းသုတ

အစာစားရခြင်းရဲ့ အခြေခံ အကြောင်းရင်းကတော့
ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးရှင်သန်ဖို့
မရှိမဖြစ် အာဟာရဓာတ်တွေကို စုပ်ယူဖို့ဖြစ်တယ်။
အဲဒီအတွက်ရိုးရှင်းလွယ်ကူတဲ့
အကြံပြုချက်ကလေး၅-ခုပေးချင်တယ်။
ဆေးလည်းမသောက်ရဘူး။
နောက်ပြီးတော့ ခန္ဓာကိုယ်က နေ့စဉ်လုပ်နေတဲ့
အခြေခံအကျဆုံးထဲက အလုပ်တစ်ခုကိုလည်း
တိုးတက်စေပါတယ်။

(၁)ပိတ်လိုက်ပါ
************
ပိတ်ရမယ်ဆိုတာ တီဗီနဲ့ ဖုန်းကိုပိတ်ဖို့ပြောတာပါ။
ကွန်ပျူတာကိုလည်းအိပ်စက်ပါစေဦး။
တစ်ယောက်တည်းလေးလေးနဲ့အေးဆေးတဲ့
ညှင်းသွဲ့သွဲ့တေးသံနဲ့ ငြိမ့်နေတာမဟုတ်ရင်
နားကြားကိရိယာကိုလည်း ဖြုတ်လိုက်ပါ။
အစာကြေညက်ဖို့ဆိုရင် အေးဆေးငြိမ်သက်တဲ့
ပတ်ဝန်းကျင်ဖြစ်ဖို့ လိုပါတယ်။

(၂)သက်သောင့်သက်သာနေပါ
**********************
တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာတစ်ခုကိုရှာပါ။
အိပ်ရာညောင်စောင်း အစွန်မှာ
ကိုယ့်ကိုဟန်ချက်မပျက်အောင် ထိန်းနေရတာဟာ
ပြည့်ပြည့်၀၀အနား ရတာမဟုတ်ဘူး။
ကုလားထိုင်တစ်လုံး ပေါ်မှာထိုင်ချလိုက်ပါ။
ကွန်ပျူတာ (သို့ မဟုတ်) တီဗီဖန်သားပြင်ကို
ကျောခိုင်း ထားပါ။ (တီဗီကိုချောင်းကြည့်ချင်တဲ့စိတ်ယိုင်မှု၊
သို့မဟုတ် အီးမေးလ်ကိုစစ်ဆေးကြည့်ချင်တဲ့
ဆန္ဒတွေဟာ အနှောင့်အယှက်တွေပါ။)

(၃)သတိနဲ့နေပါ
************
မိမိစားတော့မယ့်အစားကို သတိနဲ့ ကြည့်ဖို့နဲ့
အဲဒီ အာဟာရ မှီဝဲလို့ ကျေးဇူး တင်စိတ်မွေးဖို့အတွက်
စိတ်မပျံ့လွင့်အောင်တစ်ခဏတာထိန်းချုပ်ပါ။
ဘာသာ ရေးကိုင်းရှိုင်းရမယ်လို့မဆိုလိုပါဘူး။

(၄)စိတ်ဖိစီးမှုဖျောက်ပါ
*****************
ကိုင်ထားတဲ့ခက်ရင်း ပါးစပ်နားကိုမရောက်ခင်
နှစ်မိနစ် အချိန်ယူပြီး အသက်ကို ဖြည်းဖြည်းနဲ့
ရင်ခေါင်းထဲရောက်အောင် နက်နက်ရှိုင်းရှိုင်း
ရှူသွင်းပါ။ အဲဒီအခါမှာခန္ဓာကိုယ်ကို
ပို၍ သက်သောင့်သက်သာရှိနေအောင်
ဖြေလျှော့ထားပါ။

(၅) ၀ါးပြီးရင်း ၀ါးပါ
**************
“၀ါးစားပါ၊၀ါးစားပါ”ဆိုတဲ့စကားကို
ကလေးဘ၀တစ်လျှောက်လုံး ကြားခဲ့မှာပါ။
ဝါးစားတာဟာ မလုပ်မဖြစ်တဲ့ လိုအပ်ချက်ဖြစ်တယ်။
စားလိုက်တဲ့ကာဗိုဟိုက်ဒရိတ်တွေဟာ
ကြေဖို့ လွယ်ချင်လွယ်မယ်။
ခက်ချင်ခက်မယ်၊ အစာကြေညက်ဖို့ဟာ
ပါးစပ်ထဲက စရပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့
သင့်လျော်တဲ့အင်ဇိုင်းတွေဟာ
ပါးစပ်ကထွက်တဲ့သွားရည်ထဲကို ရောက်သွားတယ်။
တိရစ္ဆာန်အသားပရိုတိန်းဟာ
အစာအိမ်ထဲရောက်မှ ကြေညက်တယ်ဆိုပေမယ့်
ပါးစပ်ထဲမှာ အများကြီး ကြိတ်ဝါးရပါမယ်။
ကြိတ်ဝါးမှု များလေလေ၊ လည်ချောင်းထဲမှာ
မနင်လေလေဖြစ်ပြီး၊ အစာကြေညက်ဖို့
မြနလေလေဖြစ်တယ်။

Ref: Five Drug Free Tips for Better Digestion By Gourmet Healthy Living

No comments:

Post a Comment