Friday, June 29, 2012

စစ်သား "အလွမ်း"

                                                                     အမိစစ်တက္ကသိုလ်
စစ်သား "အလွမ်း"
တောင်တန်းပြာပြာ စခန်းသာလှ
တိုင်းပြည်တာဝန် အသွင်မျိုးမျိုး
ပခုံးထမ်းရွက် လွမ်းအိမ်မက်နှင့်
ချစ်သူလွမ်းစိတ် ရင်တွင်၇ှိလည်း
စွန့်လွှတ်စွန့်စား အားမာန်များနှင့် 
စစ်သားဟူသည် တိုင်းပြည်အကျိုး
ရွက်သည်ပိုးက ဂုဏ်၇ှိစွဟု
ရင်ဝယ်ပိုက်ထား ဇွဲမာန်များနဲ့
ထမ်း၇ွက်ရသည့် ဒို့စစ်သည်.....................

မိုးတဖွဲ့ဖွဲ့ မြူမှုန်ထဲက 
မိုးကအန်တု အားမာန်ခု၍
ငါကစစ်သား ဇာနည်ဖွားဟု
ရင်၌ကြွေးကြော် ဂုဏ်ယူမိသည်.....

သူရိန်နေမင်း ပူပြင်းနေလည်း
နေကိုတွန်းလှန် မမှုဟန်နှင့် 
ပေးအပ်တာဝန် ငါကျေပွန်မှ
စစ်သားဂုဏ်ရည် ၀င့်ကြွားစေမည်
ဇာနည်စိတ်ထား ခိုင်မာခဲ့သည်.....
                                                         ကိုဇေကြီး(ထက်ဝေတိုး)

Thursday, June 28, 2012

ကြက်သွန်ဖြူ၏ ဆေးဘက်ဝင်ပုံ

ကြက်သွန်ဖြူသည် အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို ပျောက်စေသည်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေသည်။ ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေသည်။ ရောဂါပိုးများ သေစေနိုင် သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ များတွင် တိုက်ကျွေးနိုင်သည်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။ နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျဉ်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။

Wednesday, June 13, 2012

မိန်းကလေးများ စကပ်တိုနဲ့ အင်တာနက်ဆိုင်မထိုင် မိစေရန်

အဖြစ်မှန်လေးပါ...ရိုင်းတယ်လို့မထင်စေချင်ဘူး ..မိန်းကလေးတိုင်းသတိရှိစေရန်ဖြစ်ပါသည်
တစ်ခါ့က ကျွန်တော် အင်တာနက် သုံးဖို့ဆိုင်ကိုသွားတယ်... ဆိုင်တစ်ပေါ့ဗျာ.... ဆိုင်လေးက တော်တော်သန့်တယ်... ဆိုင်ရဲ့ဖွဲ့စည်းပုံရော ... သုံးထားတဲ့အရောင်တွေရော... မိုက်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့သုံးနေရင်း နာရီဝက်လောက်ကြာတော့ ကျွန်တော့်ဘေးစက်ကိုလူတစ်ယောက် လာသုံးတယ်ဗျ.... သူဟာသူသုံးလိုက် ဆိုင်မှာရှိတဲ့သူနဲ့သိတဲ့ ကောင်လေးတွေကို သူသုံးနေတဲ့စက်ကိုခေါ်ပြလိုက်နဲ့..... အော်ကျယ်အော်ကျယ်နဲ့ပေါ့.... ကျွန်တော်လည်းကိုယ့်အာရုံနဲ့ ကိုယ်မို့လို့သူ့ကို ပထမတော့သတိမထားမိဘူး.... နောက်တော့ ကိုယ့်ဆရာကဘယ်ဟုတ်မလဲဗျ ... vzo ကိုဖွင့်ပြီး web cam ကိုသူ့ခြေမ နဲ့ ခြေညှိုးကြားမှာညှပ်ပြီး အောက်ကနေ ရှေ့ကကောင်မလေးတွေကိုကြည့်နေတာကိုဗျ.... ကောင်မလေးတွေက စကပ်တိုလေးတွေနဲ့ဆိုတော့ ကိုယ့်ဆရာသမားက အကြိုက်တွေ့နေတော့တာပဲ.... ဓါတ်ပုံတွေလဲရိုက်လိုက် တာတဖျပ်ဖျပ်နဲ့..... နောက်တော့ ကောင်မလေးတွေပြန်သွားတယ်... ကျွန်တော်လည်းသူ့ကို သတိထားလိုက်မိတယ်... သူလုပ်တာကို ကိုယ်ကမြင်နေပေမယ့် ဟိုကောင်မလေးတွေက လုံးဝမသိဘူး... နောက်ထပ်ရောက် လာတဲ့ကောင်မလေးကတော့ ထမီတွေ နဲ့ဆိုတော့ ငနဲကတွက်ချေ မကိုက်တော့ဘူး... နောက်ကျွန်တော်လည်းသူ့ကို သေချာဘုရှိုးရှိုးလိုက်တယ်... ခဏကြာတော့ငနဲထလစ်သွားတယ်... ဒီဘဲက အင်တာနက်တောင်ဖြစ်ဖြစ်မြောက်သုံးတတ်တာမဟုတ်ဘူး....ဘာ web site မှကြည့်တာမဟုတ်ဘူး... vzo ကို full screen လုပ်ပြီးကြည့်တာ.... vzo ကိုလည်းဆိုင် ကကောင်လေးတွေ ကိုဖွင့်ခိုင်းပြီးသုံးတာ... ဥာဏ်တော့ တော်တော်ကောင်းပဲ.... ကျွန်တော်လည်းယောကျာ်းလေးပါ... ဒါပေမယ့် ဒီဘဲလုပ်ပုံက တော်တော်အောက်တန်း ကျတဲ့လုပ်ရပ်ပဲ... ကျွန်တော့်သူငယ်ချင်းမလေးတွေလဲ သတိထားလို့ရအောင် သိထားအောင်လို့ သတိပေးလိုက်ပါတယ်.....
                 myanmar express မှကူယူဖေါ်ပြသည်....

Saturday, June 9, 2012

ဆင်းတုရှိခိုးတာ အကျိုးရှိသလား

ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် စံလွန်တော်မူသွားတာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပါပြီ။ မရှိတော့တဲ့ 
မြတ်စွာဘုရားကို ဆည်းကပ်၊ ကိုးကွယ်လို့ရသေးလား? ကိုးကွယ်နေလို့ကော အကျိုးရှိပါ့မလား?
ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေ၊ ကိုးကွယ်တဲ့ဘာသာလား?
ဆင်းတုတွေ၊ ရုပ်ပုံတွေ၊ ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ?
ဒီမေးခွန်းတွေက အနောက်တိုင်ငံခြားတွေ၊ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပါ။
ဂေါတမမြတ်စွာဘရားဟာ ပရိနိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန်စံလွန်သွားပြီဖြစ်ပေမဲ့ သူဟောကြားခဲ့တဲ့ တရားအဆုံးအမတွေက
ပကတိအတိုင်းရှိနေတုန်းပါဘဲ။သူဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာအခုလိုတရားအဆုံးအမတွေကို
 ဟောပြဖို့ဘဲ။ နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် ရောက်ကြောင်းတရားတော်တွေကို ညွှန်ပြပေးခဲ့ဖို့ဘဲ။
ဒါတွေက ယခုထိ အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်းလိုက်နာကျင့်ကြံ အားထုတ်ရင်း
မြတ်ဗုဒ္ဓ ရှိစဉ်တုန်းကလိုဘဲ ထပ်တူထပ်မျှ အကျိုးတူခံစားရပါတယ်။ နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် ချမ်းသာကိုလည်း မျက်မှောက်
ပြုနိုင်ပါတယ်။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ (၄) မျိုးကို
သတ်မှတ်ပေးတော်မူခဲ့တယ်။
၁။ ဓာတုစေတီ - ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသင်္ဂြီုလ်တဲ့အခါ ကျန်ရစ်တဲ့ဓါတ်တော်များကို ဘုရားရှင်
    ကိုယ်စား ကိုးကွယ်နိုင်တယ်။
၂။ ဓမ္မစေတီ - ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ် ၃ ပုံ၊ မဂ်လေးတန် ၊
    ဖိုလ်လေးတန်နဲ့ နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန် တရားတို့ကို ဘုရားရှင်ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်တယ်။
၃။ ဥဒ္ဒိသစေတီ - သက်တော်ထင်ရှား မြတ်စွာဘုရားကိုရည်မှန်း၍ ရေးသားထားတဲ့ ပုံတော်၊ 
    ပန်းချီကားချပ်တွေ ၊ သစ်သားဆင်ဆွယ် စသည်တို့ကို ထုလုပ်ထားတဲ့ဆင်းတုတွေ၊ အုတ်၊သဲ၊
    အင်္ဂတေစသည်တို့ဖြင့် တည်ဆောက်ထားတဲ့စေတီပုထိုးတွေ၊ ဒီအရာတွေအားလုံးကို ဘုရားရှင်၏
   ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။
၎။ ပရိဘောဂစေတီ -  မဟာဗောဓိပင်အပါအ၀င် ဘုရားရှင်အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊
    တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စားဆည်းကပ်ကိုးကွယ်နိုင်တယ်။
    အဲဒီတော့  ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်၊ ပန်းချီကားတွေ ဆင်းတုတွေ၊ကိုရှိခိုးပူဇော်
တာဟာ  ဥဒ္ဒိသစေတီ အဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထုဆင်း
တုတော်များအနေနဲ့ ရှိခိုးပူဇော်တာ မဟုတ်ပါဘူး။ဥပမာ - ကွယ်လွန်သွားပီဖြစ်တဲ့ မိဘများရဲ့ဓါတ်ပုံကို
ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူ ဓါတ်ပုံကို ရှိခိုးကန်တော့နေတာ မဟုတ်ပါဘူး။ သူ့မိဘကို ရည်မှန်းပီး ကန်တော့နေခြင်းသာဖြစ်တယ်။ မိဘဓါတ်ပုံက အသက်ထင်ရှား ရှိစဉ်ကမိဘတို့ရဲ့ ရုပ်ပုံကို ထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူး
ပြုပေးတယ်။
     စက္ကူဓါတ်ပုံကိုကျော်လွန်ပီး မိဘတို့ရဲ့ တကယ်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင်
ကြည့်ရှုရသလို ဘုရားပန်းချီရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပီး မြတ်စွာဘုရားရဲ့ ရုပ်သွင်တော်နဲ့ ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှု ရမှာဖြစ်ပါတယ်။ ပုံတော် ဆင်းတုတော်
တွေက အထောက်အပံ ပစ္စည်းမျှသာဖြစ်တယ်။ ဆင်းတုတော်တွေမရှိဘဲနဲ့လဲ မြတ်စွာဘုရားရဲ့ ဂုဏ်
တော်များကိုရည်မှန်း၍ ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားရှိစဉ်အခါကလည်း ဘုရားဂုင်္ဏတော်တွေကို
ရည်မှန်းပြီး ပူဇော်ရတယ်။
    မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာဘဲ။
ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဥာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ
ဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ ဒါက မသိနားမလည်
သူတွေရဲ့ လွဲမှားသောစွပ်စွဲမှုများသာဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာ အရဟံ
အစ ဘဂ၀ါအဆုံး အတုမရှိတဲ့ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တော်မူတဲ့ ဗုဒ္ဓဘုရား၊ ထိုဗုဒ္ဓဘုရားရှင် ဟောကြား
ညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ 
သစ္စာလေးပါးမြတ်တရားကို သိမြင်ကြပီးတဲ့အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ သြ၀ါဒ
အတိုင်း ကျင့်ကြံနေတဲ့ သမုတိသံဃာ၊ ဒီဘုရား၊တရား၊သံဃာ လို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါဘဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာသုံးပါး ဆိုတာ အခြားဘယ်မှာရှာဖွေလို့
ရနိုင်တော့ပါမလဲ။။။။။။။
                                                              ဒေါက်တာမင်းတင်မွန်


   



Sunday, May 27, 2012

တွန်းမလား ဆွဲမလား


တစ်ခါက အက်ဒီဆင်မှာ အားအကိုးရဆုံး တပည့်ကြီးတစ်ယောက်ရှိတယ်.။ သူဟာ အက်ဒီဆင်ရဲ့အားအကိုးရဆုံးသော တပည့်ကြီး တစ်ယောက်ဖြစ်တယ်။ တွေးခေါ်စဉ်းစားလုပ်ကိုင်မှု အားအလွန် ထက်သန်ကောင်းမွန်တယ်.။ လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်.။အက်ဒီဆင်ပြီးရင် သူ့ကို အားလုံးက အလေးစားဆုံး ဖြစ်ခဲ့ကြတယ်.။ ဒါကို သူကဒီလို ပြောတယ်.။

“တကယ်တော့ဗျာ.။ ကျွန်တော် က ဘာမှ တတ်တဲ့ သိတဲ့ တော်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး.။ ကျွန်တော်ဟာ သာမာန်လူတစ်ယောက်ပါ.။ ဒါပေမဲ့ အရမ်းကို တတ်ကြွဖြတ်လတ် နေတတ်တဲ့ ကျွန်တော့်ဆရာနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ကျွန်တော်မှာအင်အားတွေ အလိုလို ရှိလာတယ်.။ အတွေးတွေ ထက်မြက်လာတယ်.။ ကျွန်တော့်မှာစိတ်ပျက်နေမိတဲ့ နေ့ရက်တွေ ၊ အင်အားမဲ့နေတဲ့ အချိန်တွေမှာ ဆရာရဲ့ အမြဲတမ်းသွက်လက်နေမှုက ကျွန်တော့်ကို အမြဲတမ်းသွက်သက် ထက်မြက်လာအောင် ဆွဲဆောင်လှုံ့ဆော်သွားတာပါပဲ.။ ”


တကယ်တော့ ကျွန်တော်ဟာ ဒီစကားလေးကို သဘောပေါက် နားလည်ဖို့ အချိန်တွေများစွာ ပေးခဲ့ရ ပါတယ်.။ ကျွန်တော် ငယ်ငယ်ကတော့ ဖေဖေက ဒီစကားလေးသဘောပေါက်စေဖို့ ကျွန်တော့်ကို ခဲလုံးလေး တစ်လုံး ၊ အပ်ချည်ကြိုးတစ်စ ၊ တုတ်လေး တစ်ချောင်း ပေးပြီး စမ်းသပ်စေခဲ့ပါတယ်.။
ခဲလုံးလေး တစ်လုံးကို နေရာရွှေ့အောင် တွန်းကြည့်စေခဲ့တာပါ.။ ဒီမှာခဲလုံးလေး နေရာ ရွေ့စေဖို့ တုတ်ချောင်းလေး တစ်ချောင်းနဲ တွန်းပြတယ် ။နောက်တော့ ဒီခဲလုံးကိုပါပဲ နေရာ ရွေ့စေဖို့ အပ်ချည်ကြိုးနဲ့ကြိုးစားတွန်းကြည့်ရာမှာ .. ၊ အပ်ချည်ကြိုးက ဘယ်လိုမှ ခဲလုံးကို နေရာရွေ့အောင် မတွန်းနိုင်ပါဘူး.။ သူက နဂိုကကို ပျော့ပြောင်းနေတာလေ.။ဒါကြောင့် ဘယ်လိုမှ တွန်းလို့ မရ..။ ဒါပေမဲ့ ဒီခဲလုံးလေးကိုပဲဒီအပ်ချည်ကြိုးလေးနဲ့ ချည်ပြီး ဆွဲလိုက်တော့ ခဲလုံးလေး နေရာရွေ့လာပါတော့တယ် ။
ဒီနောက်မှာတော့ ကျွန်တော် စာအုပ်လေးတွေ လိုက်ဖတ်နေရင်း ရူပဗေဒ ဆိုင်ရာ သဘောတရားမှာ “အရွေ့တစ်ခုအတွက် တွန်းမှု နဲ့ ဆွဲမှု အင်အားစိုက်ထုတ်ရမှုမှာ အရာဝတ္ထု တစ်ခုရွေ့လျားဖို့ အတွက် ဆွဲအားထက် တွန်းအားက အနည်းဆုံး ၅ ဆလောက် ပိုပြီးအားစိုက်ထုတ်ရကြောင်း ” ဖတ်လိုက်ရပါတော့တယ်.။
ဒါလေးကို ကျွန်တော် ဆက်စပ်ပြီး လူ့လောကနဲ့ ပတ်သတ်ပြီးတွေးကြည့်မိပါတော့တယ်.။ လူတွေမှာ ပြောတတ်ကြတယ်လေ.။ အထူးသဖြင့် မိဘတွေကလေ.။သူတို့ သားသမီးကို ဖြစ်စေချင်ဇော နဲ့ အတင်းတွန်းပို့ မိတတ်ပါတယ်.။ ဒီတော့သားသမီးနဲ့ ဝါသနာ အကြောင်းအရာ မတူလေတော့ လုပ်ရပ် တော်တော်များများမှာအခက်အခဲပေါင်းများစွာ ရှိတတ်ကြပါတယ်.။
တကယ်ဆိုလူတစ်ယောက်ကို အောင်မြင်စေလိုရင် တွန်းပို့မှုထက် ဆွဲဆောင်မှုကအကောင်းဆုံးပါပဲ..။ ဒါကြောင့်မို့လိုလည်း အဖေ ဆရာဝန် ၊ အမေဆရာဝန်က မွေးတဲ့သားသမီးတွေက ဆရာဝန်တွေ ဖြစ်တယ် ဆိုတာ တကယ်တော့ မိဘတွေက တော်နေလို့ဆိုတာထက် သူတို့ရဲ့ ဆွဲဆောင်မှု နောက်ကို သားသမီးတွေက လိုက်သွားတာပါ.။
အခု ကျွန်တော် ပြောတာတွေ တော်တော်ရှည်နေပါပြီ..။ အကြောင်းအရာတွေ များနေလို့ ထုံများသွားမလားပဲ.။ တကယ်တော့ ဒါဟာ Management တစ်ခုပါ.။ Manager တွေ အတွက် အရေးကြီးမှု တစ်ခုပါ.။
Managerတွေဟာ အောက်က လူတွေကို အမိန့်တွေပေး. ၊ အတင်းတွန်းပို့တတ်ကြပါတယ်.။တကယ်တော့ ကိုယ်ကလည်း တက်တက်ကြွကြွ နဲ့ လုပ်ကြည့်ပါ.။ ကိုယ်က နေရာတကာမှာတက်ကြွနေရင် ကိုယ့်ရဲ့ တက်ကြွမှုတွေက သူတို့ကို ကူးစက်ပြီး အလိုလိုပါလာပါလိမ့်မယ်.။ ဒါဆို အတင်းတွန်းပို့စရာ မလိုတော့ပါဘူး.။
သူများကို ဆွဲဆောင်နိုင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းထား ရပါလိမ့်မယ် ဆိုတာကတော့ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်.။
                        fb မှ.........                                      ကိုဇေကြီး

Monday, May 21, 2012

အမျိုးသမီးများ သတိပြုဆင်ခြင်စရာ

အမျိုးသမီးအများစုဟာ ဒေါက်မြင့်ဖိနပ်ကို အမြတ်တနိုးစီးကြပါတယ်။ ဒေါက်မြင့်စီးလိုက်လျှင် မိန်းကလေးများရဲ့စိတ်ထဲမှာ  ပိုကြွ၊ ပိုလှလာတယ်လို့ အထင်ရှိနေတက်ပါတယ်။


ဒါပေမယ့်... ဒေါက်မြင့်ဖိနပ်စီးလို့ ကျန်းမာရေးကို ဘယ်လို ထိခိုက်တယ်ဆိုတာ သိထားသင့်ပါတယ်။
ဒေါက်မြင့် ဖိနပ် စီးတဲ့အတွက် အနည်းဆုံး ခြေမပေါ်မှာ အနာ စိမ်းပေါက်တာ၊ နောက်ကြွက်သားနဲ့ အရိုးကို ဆက်သွယ် ပေးထားတဲ့ အရွတ်ကို ပျက်ဆီးစေတာ၊ ခြေချောင်းလေးတွေပျက်စီးတာ စသဖြင့် ဖြစ်ပွားစေ ပါတယ်။

အဓိက ဖြစ်ပွားစေတာကတော့ ပုံမှာ ပြထားတဲ့အတိုင်း ball of the foot လို့ ခေါ်တဲ့ ခြေမနဲ့ ခြေဖ၀ါးအရိုးကို ဆက်ထားတဲ့ နေရာကို တကိုယ်လုံးက ဖိအားတွေ ကျရောက်ပြီး အဲဒီ အရိုးဆုံလည် ပျက်ဆီးတာတွေ၊ အရိုး ကျီးပေါင်းတက်တာတွေ၊ နောက် အရိုးအတက်ပေါက်တာတွေနဲ့ ခြေထောက်ပုံသဏ္ဍန် ပျက်စီးတာတွေ လည်းဖြစ်စေပါတယ်။

ဒေါက်က မြင့်လေ လေ ဖိအားက အဲဒီ အရိုးဆုံလည်အပေါ် တကိုယ်လုံးရဲ့ဖိအားက သက်ရောက်လေဖလဖြစ်ပါတယ်။

နောက်ထပ် ဆိုးကျိုးကတော့ ဒူးနဲ့ ကျောကိုပါ ထိခိုက်လာနိုင်တာပဲဖြစ်ပါတယ်။ မကြာခဏ အကြောတက်တာ၊ ခါးကိုက် တာတွေလည်းဖြစ်စေပါတယ်။ ၊ အမြဲလိုလို ဒေါက်မြင့်ဖိနပ်ကို စီးမယ် ဆိုရင်တော့ ခြေထောက်ကို ဆိုးဆိုးဝါးဝါး ပျက်စီးစေ မှာ အသေအချာပါဘဲ။

fb မှ ကိုဇေကြီး ကူးယူ၍ မသိ၇ှိသေးသော အမျိုးသမီးများအား သိစေရန်၇ည်၇ွယ်သည်
                                                                                                            ကိုဇေကြီး



ကိုယ့်ကိုယ်ကို ကျန်းမာစေချင်တယ် တကယ် လှစေချင်တယ်ဆိုရင်တော့ ဒေါက်မြင့်ဖိနပ် မစီးတာ အကောင်းဆုံးပါဘဲ။

Thursday, May 3, 2012

မိဘကျေးဇူး ဆပ်ဖူးချင်တယ်

                                     မိဘကျေးဇူး ဆပ်ဖူးချင်တယ်
         သားတွေက အမေကို ပိုချစ်တယ်တဲ့...ကျွန်တော် ၀န်ခံပါတယ်...
အဖေ ထက် အမေ့ကို ကျွန်တော် ပိုချစ်ပါတယ်...တကယ်တော့ ...အဖေရော အမေ ရော 
ကျွန်တော့် ဘ၀ အတွက် အရေကြီးဆုံး လူသားတွေပါ...သူတို့ထက် အေ၇းကြီးတာ 
ကျွန်တော့မှာ မ၇ှိပါဘူး...ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အခု အရွယ် (၂၁) နှစ်ထိ 
ဖြတ်သန်းလာတဲ့ ကျွန်တော့်ရဲ့ ဘ၀ တစ်စိတ်တစ်ဒေသမှာ မိဘ၇ဲ့ ပံ့ပို့းမှု ၊ ဆုံးမှသွန်သင်မှုသာမရခဲ့ရင်
ကျွန်တော် ဒီနေ့ ဒီအခြေအနေကိုရောက်လာစရာ အကြောင်းမရှိပါဘူး...လက်ဦးဆရာလို့ခေါ်ထိုက်တဲ့
မိဘများအား ကျေးဇူးဆပ်သင့်ကြောင်း ကမ္ဘာပေါ်ရှိလူသားတိုင်း သိ၇ှိကြပါတယ်...ဒါပေမဲ့ မိဘကိုကျေးဇူး
ဆပ်ခဲ့ဖူးတဲ့လူ၊ ကျေးဇူးမဆပ်ရသေးဘဲ ကျေးဇူးဆပ်ရန် ပြင်ဆင်ကြိုးစားနေသူ၊ ကျေးဇူးဆပ်ရမှာကို
သိသော်လည်း ဥပေက္ခာပြုထားသူ၊ အထူးသဖြင့်ကျွန်တော်ပြောနေတာက ဘာသာကွဲ၊လူမျိုးကွဲ မ၇ှိပါဘူး။
လူသားအားလုံးမှာ မိဘနှစ်ပါးကိုစီ၇ှိကြပါတယ်။ ကဲဒါကထားပါ...
                                          ဘယ်လိုကျေးဇူးဆပ်မှာလဲ။
    ကျွန်တော်လဲ ဘာမှမသိပါဘူး..ဒါပေမဲ့ ကျွန်တော့် အ၇ွယ် ကျွန်တော့် ဥာဏ်နဲ့ စဉ်းစားပီး ကျွန်တော် 
လုပ်ချင်တာလေး ၊ ကျွန်တော်ဖြစ်ချင်တာလေးပြောပါ့မယ်။ ဘာလို့ဒီလိုပြောရလဲဆိုတော့...ကျွန်တော် ကိုယ်တိုင်ကလည်း...မိဘကျေးဇူးဆပ်မလို့ ပြင်ဆင်နေတဲ့သူပါ။
 ၁။ မိဘများအား ကြင်နာပါ။
               မိဘများက ဖ၀ါးလက်နှစ်လုံး ပခုံး လက်နှစ်သစ် မှ မိမိ အပေါ် ကြင်နာခဲ့တာ အခုချိန်ထိပါဘဲ။
 ၂။ မိဘများအား ဂရုစိုက်ပါ။
              မိဘအနာမှာရှိနေရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့လို အဝေးမှာ၇ှိနေသူများအဖို့တော့
  မိဘများအား " နေကောင်းလား...ကျန်းမာရေးကောင်လား..." စသဖြင့် ပေါ့။
 ၃။ မိဘများအားနွေးနွေးထွေးထွေး ဆက်ဆံပြီး မိမိ မှ အမြဲတမ်း သတိရကြောင်းပြောပေးပါ။
              "အမေ ထမင်းစားပီးပီလား ...ဘာဟင်းတွေချက်လဲ...အမေချက်တာလား....အမေချက်တာ
ဆိုတော့ ကောင်းမှာပေါ့...အမေစားကောင်းလား" စသဖြင့်ပေါ့။
 ၄။ မိဘများအား မည်သည့်အခါမှ အော်မပြောပါနှင့်။
              "အမေကလဲဗျာ...အဖေကလဲဗျာ....ဒီလိုမလုပ်ပါနဲ့ဆို......" စသဖြင့်ပေါ့။
 ၅။ မိဘများအား အမြဲပြုံးနိုင်အောင် ပြုလုပ်ပေးပါ။ မဲ့ပြုံး မပြုံးမိစေနဲ့။အမြဲ ဂုဏ်ယူစေနိုင်အောင်ကြိုးစားပါ။
              " ဒါမှ ငါ့သားလေး...
 ၆။ မိဘများအား တရားဘာဝနာနှင့်ကုသိုလ် များ ပြုလုပ်နိုင်အောင် ကူညီဖြည့်ဆည်းပေးပါ။
               လူဆိုတာ တစ်နေ့တစ်ချိန်သေကြရမှာပါ။ မြတ်စွာဘုရားကိုယ်တိုင် သေခြင်းတရားကို မလွန်ဆန်နိုင်ဘူး။ လူဆိုတာတော့ပြောမနေနဲ့တော့။ နောက်ကျတာနဲ့ စောတာဘဲကွာတာပါ။ စာဖတ်သူလဲ
သေခြင်းတရားကို ရင်ဆိုင်ရမှာဘဲ။ အဲတော့..မိဘများ မျက်ကွယ်မပြုခင်အချိန်မှာ မိဘများအား ကုသိုလ်ရေးများ ဘာသာရေးများ လိုက်စားခြင်း၊ ဘုရားကျောင်းကန်သွားခြင်း၊ ဥပုဒ် စောင့်ခြင်း၊ တရားနာခြင်း ၊ လှူဒါန်းခြင်း စသဖြင့် ပြုလုပ်စေလိုပါတယ်။
               မိဘ ကိုကျေးဇူးဆပ်ခြင်း သည် အပယ် ငရဲ မကျပါ။ မိဘလုပ်ကျွေးသောသားသမီး ဒုက္ခမရောက်ဘဲ ချမ်းသာသုခရရှိခြင်းကို ဘုရားဟောဇာတ်တော်တွေမှာ ဟောထားတာစာရေးသူ
ဖတ်ရပါတယ်။ မိဘလုပ်ကျွေးရခြင်းသည် နည်းပါးသောကုသိုလ်မဟုတ်ပါ။ တစ်ချို့ လုပ်ကျွေးချင်
သော်လည်း လုပ်ကျွေးခွင့်မရ။ အနီးနားမှာ လုပ်ကျွေးချင်သော်လည်း အဝေးမှာနေရတယ်။ မိမိသည် 
မိဘ နှင့်အတူ ဥမကွဲ သိုက်မပျက် နေရခြင်းကို ကံကောင်းလှသည်ဟုမှတ်ပါ။ 
                                           မိဘအားလုပ်ကျွေးကြပါ။
မှတ်ချက်။ ။ ကိုဇေကြီးသည်၏စိတ်၌ ဖြစ်သောအကြောင်းအ၇ာများအားတက်သလောက်
                   တင်ပြထားခြင်းဖြစ်ပါသည်။မည်သည့် ဆိုဒ်မှကူးယူခြင်းမဟုတ်ပါ။
                                                                                                                                      ကိုဇေကြီး