ကိုဇေကြီး သည် blogger တစ်ယောက်မဟုတ်ပါ လာရောက်လည်ပတ်သူ အားပေးဖတ်ရှုသူများအား ကျေးဇူးတင်ပါသည်.....
Thursday, July 12, 2012
Sunday, July 8, 2012
ကောင်မလေးရေ
စွဲလမ်းမိတဲ့ ဒီတစ်ယောက်
နှလုံးသားရဲ့တောက်လျောက်မှာ
မင်းကို အခါခါလွမ်းမိပါရဲ့
ကြယ်စင်တွေခရ
နှင်းမှုန်တွေကြွေကျတဲ့ညမှာ
ရင်ဘက်က တေးသွားတစ်ပုဒ်ကို
မင်းသောတဆင်နိုင်ဖို့
မျှော်နေတိုင်း မြင်နိုင်ပါစေ(ချစ်သူ)
မိုးစက်လင်းထက်
နှလုံးသားရဲ့တောက်လျောက်မှာ
မင်းကို အခါခါလွမ်းမိပါရဲ့
ကြယ်စင်တွေခရ
နှင်းမှုန်တွေကြွေကျတဲ့ညမှာ
ရင်ဘက်က တေးသွားတစ်ပုဒ်ကို
မင်းသောတဆင်နိုင်ဖို့
မျှော်နေတိုင်း မြင်နိုင်ပါစေ(ချစ်သူ)
မိုးစက်လင်းထက်
Saturday, June 30, 2012
ရင်ထဲကစာသား
ငါဟာပျော်ရွှင်နေပေမဲ့
လမင်းလေးလိုမပြုံးနိုင်ခဲ့ဘူး...။
လမင်းလေးလိုပြုံးနေပေမဲ့
ငါဟာမပျော်ရွှင်ခဲ့ဘူး....။
အချစ်ကိုစသိတုန်းကပေါ့.......
-နှင်းဆီပန်းကို မနမ်းရသေးပေမဲ့
ငါ့ရင်မှာမွှေးနေခဲ့တယ်..
-နေမင်းရဲ့ အလင်းရောင်မထွက်ပေါ်သေးပေမဲ့
ငါ့ရင်မှာ လင်းနေခဲ့တယ်...
-သီချင်းသံတွေမကြားရသေးပေမဲ့...
ငါ့ရင်မှာ သာယာငြိမ့်ညောင်းတဲ့ ဂီတသံတွေရှိနေခဲ့တယ်...
-ကဗျာဆရာ၊ တေးရေးဆရာမဟုတ်ပေမဲ့
ကဗျာတွေသီချင်းတွေ ရေးစပ်တက်လာခဲ့တယ်...
ငါမသိလိုက်ခင်မှာဘဲ ငါ့ရဲ့နှလုံးသားက
စေလိုရာစေနိုင်တဲ့ မင်းရဲ့အပြုံးအောက်မှာ
ဒူးထောက် ခစားရောက်ရှိသွားတော့တယ်......။
ကိုဇေကြီး Friday, June 29, 2012
နင်..........အတွက်...........
ငါ လွမ်းတယ်..............
ဝိုးတ၀ါးဝါး မြင်တွေ့ရတဲ့
တောင်တန်းကြီး ကို ငေးကြည့်မိခိုက်
နေ၀င်ဆည်းဆာ တောင်တန်းလှကို ငါငေးမိခိုက်..
အိပ်တန်းငှက်တို့ တေးဆိုသံကို ငါကြားမိတစ်ခဏ..
ရင်ဝယ်လွမ်းချင်း...ဆိုမိတော့မယ်
ငါ့ နိုင်ငံ ။ငါ့မြို့ ။ငါ့ရွာ။ငါ့အိမ်။ငါ့မိသားစု....
ငါ လွမ်းဆွတ်တိုင်း .....
ဖြေသိမ့်ရတယ်....
တစ်ခါ တစ်ခါ ငါသိလိုက်တယ်
ငါ့ ရဲ့ ပါးပြင်..စိုစွတ်လေတော့..
ငါ့ မျက်ရည်လား....နှင်းစက်တွေလား
မော်စကို(MAI)
စစ်သား "အလွမ်း"
တောင်တန်းပြာပြာ စခန်းသာလှ
တိုင်းပြည်တာဝန် အသွင်မျိုးမျိုး
ပခုံးထမ်းရွက် လွမ်းအိမ်မက်နှင့်
ချစ်သူလွမ်းစိတ် ရင်တွင်၇ှိလည်း
စွန့်လွှတ်စွန့်စား အားမာန်များနှင့်
စစ်သားဟူသည် တိုင်းပြည်အကျိုး
ရွက်သည်ပိုးက ဂုဏ်၇ှိစွဟု
ရင်ဝယ်ပိုက်ထား ဇွဲမာန်များနဲ့
ထမ်း၇ွက်ရသည့် ဒို့စစ်သည်.....................
မိုးတဖွဲ့ဖွဲ့ မြူမှုန်ထဲက
မိုးကအန်တု အားမာန်ခု၍
ငါကစစ်သား ဇာနည်ဖွားဟု
ရင်၌ကြွေးကြော် ဂုဏ်ယူမိသည်.....
သူရိန်နေမင်း ပူပြင်းနေလည်း
နေကိုတွန်းလှန် မမှုဟန်နှင့်
ပေးအပ်တာဝန် ငါကျေပွန်မှ
စစ်သားဂုဏ်ရည် ၀င့်ကြွားစေမည်
ဇာနည်စိတ်ထား ခိုင်မာခဲ့သည်.....
ကိုဇေကြီး(ထက်ဝေတိုး)Thursday, June 28, 2012
ကြက်သွန်ဖြူ၏ ဆေးဘက်ဝင်ပုံ
ကြက်သွန်ဖြူသည် အဆီကျစေသဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုး ရောဂါကို ပျောက်စေသည်။ အစားစားနေစဉ် အတူ စားသုံး၍ ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ် အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက်စေနိုင်သည်။ ကလေးများ လေဆန်နာ ဖြစ်လျှင် ကြက်သွန်ဖြူ ဥတစ်လုံးကို မီးဖုတ်ကျွေးပါက ပျောက်ကင်းနိုင်သည်။ အဆုတ်နှင့် ဆိုင်သော အဆုတ် အအေးမိ၊ အဆုတ်ပွသော ရောဂါများ ပျောက်ကင်း စေနိုင်သည်။ အအေးမိခြင်းနှင့် တုတ်ကွေး ဖျားများကိုလည်း ပျောက်စေသည်။ ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ်ရွှင်စေ၊ ချောင်းဆိုး သလိပ်ကပ်ခြင်း တို့ကို ပျောက်ကင်းစေသည်။ ရောဂါပိုးများ သေစေနိုင် သဖြင့် မြစ်ခြောက်နာ (ခေါ်) အဆုတ်နာ (တီဘီ) ရောဂါ များတွင် တိုက်ကျွေးနိုင်သည်။ လိမ်းဆေး အဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီး လိမ်းလျှင် ကိုယ်လက် အကိုက်အခဲနှင့် နားကိုက်၊ နားပြည်ယိုခြင်းကို သက်သာ ပျောက်ကင်း နိုင်သည်။ နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာ ရှင်များအတွက် ဆေးအနေနဲ့ သော်လည်းကောင်း၊ အစာအဟာရ အဖြစ်နှင့် သော်လည်းကောင်း မှန်မှန် စားသုံးပါက ဖြစ်ပွားမှုနှုန်း နှေးကွေးပြီး တဖြည်းဖြည်း သက်သာ စေနိုင်သည်။ ကြာရှည် စားသုံးလျှင် ဆံပင်ကို နက်စေ၍ သုတ်ကို ပွားစေသည်။ မြစ်ပွားနာ (ခေါ်) ကင်ဆာ ရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေရန် အတွက် ကြိုတင် ကာကွယ် စားသုံးနိုင်သည်။ ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်ဖြင့် ဖောက်၍ ပျားရည်တွင် စိမ်ထားပြီး စားသုံးပါက အိပ်ပျော် စားဝင် အင်အား ပြည့်ဖြိုး စေနိုင်ပါသည်။ သွေးတွင်းတွင် ရှိသော cholesterol ကို ကျစေသဖြင့် သွေးကြောကျဉ်း၊ နှလုံးရောဂါ များအတွက် လွန်စွာ သင့်တော်သည်။
Subscribe to:
Posts (Atom)






