Sunday, October 28, 2012

အိပ်မပျော်သည့် ရောဂါ (Insomnia)



အိပ်မပျော်သည့် ပြဿနာသည် အလွန်အဖြစ်များသော ပြဿနာ တစ်ခု ဖြစ်သည်။ လူကြီး ၃ ဦးလျှင် ၁ ဦးမှာ အိပ်မပျော်သည့် ပြဿနာ ကြုံတွေ့နေ ကြရသည်။

အိပ်ပျော်ရန် ခက်ခဲခြင်း သို့မဟုတ် ခဏခဏ အိပ်ရာမှ နိုးနေခြင်းကြောင့် အိပ်ရေး မဝခြင်း စသည့် ဝေဒနာများ ခံစားနေကြရသည်။

သုတေသန ဓာတ်ခွဲခန်းများတွင် လေ့လာ တွေ့ရှိချက်များအရ လူတိုင်း အတွက် တစ်နေ့လျှင် အိပ်ချိန် ၈ နာရီ လိုအပ်သည် ဆိုသည့်အချက်မှာ မှားယွင်းကြောင်း တွေ့ရှိထားသည်။

အမှန်တကယ်တွင်မူ လူတစ်ဦးတစ်ယောက်ချင်း အပေါ်မူတည်၍ အိပ်စက် အနားယူရမည့် အချိန်နာရီ ပမာဏ လွန်စွာကွဲပြား ခြားနားကြောင်း သိရှိ ရသည်။ အသက်ကြီးလာသည်နှင့်အမျှ အိပ်ချိန်လိုအပ်မှု နည်းလာသည်။

ကမ္ဘာကသိသည့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာသည် တစ်နေ့လျှင် ၄ နာရီ၊ ၅ နာရီမျှသာ အိပ်စက်လေ့ရှိသည်ဟု ဆိုသည်။ ထို့အပြင် အခြားသော အောင်မြင်ထင်ရှားသည့် ပုဂ္ဂိုလ်အချို့သည်လည်း အိပ်ချိန်နည်းသူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

လေ့လာချက်များအရ အိပ်မပျော်ရောဂါ ခံစားနေရသည်ဟု ဆိုသော သူများတွင် သူတို့ ထင်ထားသည်ထက် အိပ်စက်ဖြစ်ကြသည်ကို တွေ့ရှိ ရသည်။ မည်သို့ပင် ဖြစ်စေကာမူ ၎င်းတို့မှာ သာမန်လူများထက် မကြာခဏ အိပ်ရာမှ နိုးလေ့ရှိတတ်ကြသည်။

အိပ်မပျော်ခြင်း ပြဿနာတွင် အိပ်သည့်အချိန်ကာလ နာရီ အရေအတွက် မဟုတ်ဘဲ အိပ်စက်ခြင်း အရည် အသွေးကသာလျှင် ပို၍အရေးကြီးပါသည်။

အိပ်စက်ခြင်းအကြောင်း သုတေသနပြုသူများ ယုံကြည်ထားကြသည့်မှာ အိပ်စက်ခြင်း၏ မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းမှာ Slow Wave Sleep ဟုခေါ်သော အစိတ်အပိုင်း ဖြစ်သည်။ ထိုကာလမှာ ဦးနှောက်လုံးဝ အနားယူ နေခြင်းတွင်သာ ရှိသော အချိန်ဖြစ်သည်။ ထို့အပြင် ထိုအချိန်မှာ ညအိပ်ချိန် ပထမပိုင်း တစ်ဖက်အတွင်းမှာသာ အများဆုံး ပါဝင်ပါသည်။ ထိုအချိန်သည် အရေးကြီးပြီး တကယ်အဖြစ်မှန်မှ ပျောက်ပျက် သွားလေ့ မရှိပါ။

အိပ်မပျော်နိုင်ပဲ အိပ်ရာထဲ လဲလျောင်းရင်း အားအင်ကုန်ခန်း စိမ်မောပန်း နေရတာထက် ပို၍ဆိုးတာ မရှိပါ။
                                                          ကူးယူဖေါ်ပြသည်

Tuesday, October 23, 2012

တန်ဖိုးရှိတင့်တယ်သော ဆံကေသာများထိန်းသိမ်းကြ


ကောင်းခြင်းဝေဖြာ တင့်တယ်စွာလျှင်၊ ကေသာဆံလှ ထိန်းသိမ်းကြ

ကျွန်မတို့ ငယ်စဉ်ကပင် ဦးခေါင်းထိပ်ရှိ ဆံပင်၊ ဆံထုံးအလှကို တန်ဖိုး ထားခဲ့ကြသည်။ မိန်းမတို့၏ ကောင်းခြင်း ငါးဖြာ လက္ခဏာတွင် ဆံပင်၏ ကောင်းခြင်း၊ အသား၏ကောင်းခြင်း၊ အရိုးအဆစ်၏ ကောင်းခြင်း၊ အရေ၏ ကောင်းခြင်း၊ အရွယ်၏ ကောင်းခြင်းဟု ဓမ္မပဒ၊ ပုပ္ဖဝဂ်၊ ဝိသာခါ ဝတ္ထုတွင် ဖွင့်ဆိုထားခဲ့သည်။

နန်းတော်ရှေ့ ဆရာတင် တေးပြုသော ''ရွှေမင်းဂံ'' သီချင်းတွင် ဆံကေသာနှင
့် ပတ်သက်၍ ''ပိတုန်းရောင် ကေသာ ဖြန့်လိုက်လျှင် တစ်ကိုယ်လုံး ဝေဝေဆာဆာ ကြည်ကြည် လင်လင်၊ မင်းဂံဘုတ်ရွာသူများ အသားတော် ဝင်းလို့ ဝါဝါရည်ရွှင်'' ဟု စပ်ဆိုခဲ့သည်။

လှပကြော့ရှင်းသော မိန်းမပျိုက နက်မှောင်သော ပိတုန်းရောင်ဆံ ကေသာ ပိုင်ဆိုင်ရမှုကို ဂုဏ်တင်ဝင့်ကြွား လေ့ရှိသည်။ နက်ရှိုင်းမှုရုပ်သွင် အပေါ် မာန်ကလေးချီ၍ ဟန်ကလေး ဝင့်ရသည်။ မိန်းမပျို လေးများ၏ လှ တစ်မျက်နှာ ယဉ်တကျေးကျေး ကိုယ်နေဟန်ထားတွင် ဆံကေသာ ၏ကောင်းခြင်းက အရေးပါလှသည်။



ယနေ့အချိန်တွင် ဆင်ယင်ထုံးဖွဲ့မှုများက ပြောင်းပြန် ဖြစ်ကုန်သည်။ ခေတ်ဆန်သည်ပဲ ပြောပြော ခေတ်မီသည်ပဲ ဆိုဆို...၊ မူလအနက်ရောင် ဆံပင်ကို နီရဲနေအောင် ဆေးဆိုးလာခြင်းအပေါ် မြန်မာအမျိုးသမီး တစ်ဦးအနေဖြင့် မနှစ်မြို့မိတာ အမှန်ပါ။ ''ပိတုန်းရောင်ကေသာ'' အဆိုမှ ''ပဒိုင်းရောင်ကေသာ'' အဆိုသို့ ပြောင်းပစ်ရမည့် အခြေအနေမျိုးကိုတော့ မလိုလားပါ။

ဖြောင့်စင်းနေသော ဆံပင်အလှကို ကောက်၍ တွန့်၍ လိမ်၍ မြန်မာ မလေးများဘဝမှ အာဖရိကန် မလေးများ ဘဝသို့ ငွေကုန်ကြေးကျခံပြီး အရှင်လတ်လတ် ဘဝပြောင်းကြပြန်၏။ ကျက်သရေရှိသော ပိတုန်းရောင် ကေသာ အလှကို ဂုတ်ထောက်၊ ဂုတ်ဝဲ၊ ဆံတိုမလေးများအဖြစ် ပုံစံပြောင်း လဲကြကုန်၏။ ဂုတ်ဝဲ၊ ကျောဝဲ ဆံပင်ဖားလျားချ အလှပြမှု စတိုင်ကို တီဗီကြော်ငြာများမှ အတုယူပြီး ငွေသောင်းချီကုန်ခံကာ ပုံစံပြောင်းကြ ပြန်၏။
ဆံပင်လျှော်ပြီးခါစ ဖားလျားချထားသည့် ပုံမျိုးဖြင့် စက်ဘီး၊ ဆိုင်ကယ် စီးနင်းခြင်းမှ ပေးသော ဒုက္ခဆင်းရဲကို လက်တွေ့ ကြုံဖူးသူများမှ နားလည် ကြပေမည်။ ခေါင်းလျှော်ပြီးစ ဆံပင် မခြောက်၍ ဖားလျားချ ပြီး ရပ်ထဲရွာထဲ သွားလာမှုကို ရှေးဘိုးဘွား မိဘများက အတိတ်နိမိတ် မကောင်းဟုဆိုကာ တားမြစ်ခဲ့ကြသည်။၏

မြန်မာအမျိုးသမီးများ ဆံပင်ကိုအမြတ်တနိုးဖြင့် တန်ဖိုးထားခဲ့သည် မှာ ခေတ်အလီလီ နှစ်အဆက်ဆက်ကျော်ဖြတ်ခဲ့ပါပြီ။ မျိုးရိုးဗီဇ၏ ပြယုဂ် အဖြစ်နေရာပေးခဲ့ပါသည်။

''ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး'' ဟူသည်ကို မေ့၍ မရသလို ပစ်ပယ်၍လည်းမရပါ။ မြတ်နိုးဖွယ်ရာ တန်ဖိုးထား ထိန်း သိမ်းရမည်သာဖြစ်သည်။

မိမိတို့၏ဆံပင်၊ ဆံစုများကို ဖြတ်တောက်၍ ပြတိုက်၊ ဌာပနာတိုက် များ၌ ထည့်လှူဒါန်းခြင်းသည် တန်ဖိုးရှိသော အရာ၊ မြတ်နိုးဖွယ်အရာကို စွန့်လှူ ခြင်းဖြင့် အတ္တကို ဖယ်ခွာခြင်းပင်ဖြစ်သည်။

မိန်းမတို့၏ ကောင်းခြင်း ဆံကေသာအလှကို မြတ်နိုးဂုဏ်ယူစွာ ထိန်းသိမ်း သင့်ပါကြောင်း၊ ဖုံးလွှမ်း ကြီးစိုးလာမည့် အနောက်တိုင်း ယဉ်ကျေး မှုများကို မျိုးချစ်စိတ် လူမျိုးချစ်စိတ် မဟာ အုတ်တံတိုင်းကြီးဖြင့် ကာရံ တားဆီး သင့်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

ဇင်မာသင်း

ဂျင်း၏ ဆေးဖတ်ဝင်ပုံ

အိမ်ရှင်မများ မီးဖိုချောင်တွင် မရှိမဖြစ် ဟင်းခတ် အမွှေးအကြိုင် ပစ္စည်း တစ်မျိုးဖြစ်၏။ အညှီနံ့များ ပျောက်ကင်း စေရန် အထူးအသုံးပြု ကြသည်။ဥအတက်ကိုသာ များသော အားဖြင့် အစား အသောက်တွင် လည်းကောင်း၊ ဆေးဝါးများ အဖြစ် သော်လည်းကောင်း အသုံးပြု တက်ပါသည်။
 
ဆေးဖက်ဝင်အဖြစ် အသုံးပြုပါက လွန်စွာ အသုံးဝင်ပေသည်။ အော့အန်ခြင်း၊ ကြို့ထိုးခြင်းများဖြစ် ပါက ချင်းစိမ်း သတ္တုရည် ၁၂ ပဲသားခန့်ကို ကြက်သွန်နီဥ သတ္တု ရည်နှင့်ရော၍ သောက်သုံးပါက လျင်မြန်စွာ ပျောက်ကင်းစေ နိုင်ပါသည်။
အသံဝင်ခြင်း၊ အသံပျက်ခြင်း၊ လည်ချောင်း နာခြင်း များအတွက် ဂျင်းပါးပါး ၇ လွှာအား ထန်းလျက် ၃ လုံးထည့်၍ ရေသုံးခွက် တစ်ခွက်တင် ကျိုပြီး သောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေနိုင်ပါသည်။ ရာသီ အပြောင်းအလဲကြောင့် ဖြစ်ပေါ်တက်သော တုပ်ကွေး ဖျားခြင်း၊ ချမ်းစိမ့်စိမ့် ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ ချောင်းဆိုးခြင်း စသော ရောဂါများတွင်လည်း ဂျင်းနှင့် ထန်းလျက်ကို အထက်ပါ အတိုင်း နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်သုံးခြင်း၊ ဟင်းလျာ များတွင် ယခင်ကထက် အနည်းငယ် ပိုထည့်၍ ချက်ပြုတ် စားသောက်ခြင်းဖြင့် ရောဂါ ပျောက်ကင်း စေပါသည်။ အနောက်တိုင်း သုတေသီ တချို့မှ ဂျင်းကို စားသုံးခြင်းဖြင့် virus များကြောင့် ဖြစ်သည့် အချို့ရောဂါ တော်တော် များများ ပျောက်ကင်းနိုင်ကြောင်း တွေ့ရှိထားပါသည်။

နှာစေး၊ ချောင်းဆိုး၊ ပန်းနာ ရောဂါများကို ချင်းစိမ်း သတ္တုရည်နှင့် ပျားရည် အနည်းငယ် ရောစပ်၍ မကြာမကြာ လျက်ပေးခဲ့ပါက သက်သာ ပျောက်ကင်း စေပါသည်။သွားကိုက် ရောဂါတွင် ဂျင်းကို ပါးပါးလှီး၍ အုံပေးခြင်းဖြင့် သွားကိုက် ရောဂါ ပျောက်ကင်း စေပါသည်။

နားကိုက်ရောဂါ ခံစားနေရလျှင် ချင်းစိမ်း သတ္တုရည်ကို မီးနှင့် အနည်းငယ် အပူပေး၍ နားကို ကျပ်ပေးပါက နားကိုက်ခြင်းကို သက်သာ ပျောက်ကင်း စေပါသည်။ သွားကိုက်ပါက ချင်းစိမ်း အနည်းငယ်ကို ကိုက်ဝါး၍ သွားကိုက် သော နေရာတွင် ငုံထားပါက မကြာခင် သက်သာ ပျောက်ကင်း လာပါ လိမ့်မည်။

အမျိုးသမီးများ မီးဖွားပြီး သားအိမ် မကျက်ဘဲ ဖျားနာခြင်း များအတွက် ထန်းလျက် ၂ ကျပ်သား၊ ဂျင်း ၁ ကျပ်သားအား ရေ တစ်ပိဿာတွင် တစ်ဝက်ခန့် ဖြစ်အောင် ကျိုပါ။ ပြီးလျှင် တစ်ခါသောက် ၂ အောင်စ သောက်ခြင်းဖြင့် ၎င်းရောဂါကို ပျောက်ကင်းစေ ပါသည်။ မီးယပ်သွေးနှင့် ပတ်သက်၍ ထိမ်ခြင်း၊ ကျန်ခြင်းများဖြစ်ပါက ချင်းစိမ်း အနည်းငယ်နှင့် ထန်းလျက်ကို သုံးခွက်တစ်ခွက် တင်ပြုတ်၍ သောက်ပါက သွေးသားမှန်ကန် လာပါလိမ့်မည်။

ခရီးသွားရတာဝါသနာပါသော်လည်း ကားမူး ၊ လှိုင်းမူး အောအန်နေသူများအတွက် အောအန်မှုကိုထိန်းချုပ်နိုင်တဲ့ ဦးနှောက်၇ဲ့အစိတ်အပိုင်းတွေကို
ဂျင်းတက်မှာပါတဲ့ ဓါတ်ပစ္စည်းတွေက ထိန်းချုပ်နိုင်တယ်လို့သိရပါတယ်။ဘေးထွက်ဆိုးကျိုးမရှိတဲ့အပြင်
ခံတွင်းအနံ ကိုမွှေးစေပါတယ်။စိတ်ကို၇ွှင်လန်းစေပါတယ်။ထို့အတွက် ခရီးမသွားခင် လက်သန်းဖျား
လောက်ဂျင်းတက်လေးစားသွားလျှင် မူး၍ အော့အန်ခြင်းမှကင်းဝေးမှာဖြစ်ပါတယ်

မှန်ကန်တိကျ အသုံးချက ရောဂါပျောက်ကင်း သက်သာစေသော စိတ်ချမ်း သာစရာ တိုင်းရင်း ဆေးပညာ ဖြစ်ပါသည်။


ပန်းသီးစားသုံးခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ

(က) အရိုးများကို ခိုင်မာစေပြီး အရိုးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း။

(ခ) ပန်းနာရင်ကျပ် ရောဂါများကို သက်သာစေပြီး ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေခြင်း။

(ဂ) အဆုတ်၊ ရင်သား၊ အူမကြီး၊ အသည်းတို့တွင် ဖြစ်ပွားနိုင်သော ကင်ဆာ ရောဂါကို တားဆီး ကာကွယ် ပေးခြင်း။

(ဃ) မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ အသက်ကြီးရင့်ချိန် အတိတ်မေ့ခြင်းစသည့် ဇရာ ရောဂါများ ဆောလျင်စွာ ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးပေးခြင်း။

(င) ကိုလက်စထရောဓာတ်ကို လျော့ကျစေခြင်း။

(စ) ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ခြင်းနှင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ် နိုင်ခြင်း။

(ဆ) ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ ကျစ်လစ် စေခြင်း စသည့် အကျိုးကျေးဇူး များရရှိနိုင်ပါတယ်။
                                                                

Saturday, October 20, 2012

ဗိုက်အောင့် ခြင်းအကြောင်းသိကောင်းစရာ

 
ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း သည် လူနာများ အဖြစ် အများဆုံးနှင့် ဆရာဝန်ထံ လာရောက် ပြသသည့် အများဆုံး ရောဂါ လက္ခဏာဖြစ်သည်။ ပုံစံစုံ၊ ဝမ်းဗိုက်နေရာအနှံ့ နာလေ့ရှိ သည်။ မျှဉ်းမျှဉ်း နာသကဲ့သို့ ပြင်း ပြင်းလည်း နာတတ်သည်...။ အများစု မှာ သာမန်နာ၊ ခဏနာလေ့ရှိသော် လည်း တစ်ခါတစ်ရံ ဆိုးဆိုးရွားရွား၊ အချိန်ကြာကြာ နာတတ်သည်။ ထို အခါ လူနာများက စိုးရိမ်ပူပန်လာကြ သည်။ ဘာကြောင့် နာသနည်းဟု သိလိုကြသည်။


ခွဲစိတ်ခံရမည်ကို စိုး ရိမ်လာကြသည်။ ပူပန်မှုအများဆုံးမှာ ဝမ်းဗိုက်အတွင်း ကင်ဆာကဲ့သို့သော ရောဂါရှိလေမလားဟူ၍ ဖြစ်သည်။ ဗိုက်နာလူနာကို ဆရာဝန်က ချဉ်းကပ်ရာတွင် ရောဂါ ရာဇဝင်ဖြစ်စဉ် ကို အသေးစိတ် မေးလေ့ရှိသည်။ နာ သည့်နေရာ၊ နာပုံနာနည်း၊ ဗိုက်နာ ခြင်း၏ ပြင်းထန်မှုနှင့် အချိန်ကြာမြင့်မှု စသည်တို့က ဘာကြောင့်နာသည်၊ ဘယ် ရောဂါဖြစ်နိုင်သည်ကို ညွှန်းလေ့ ရှိသည်။ အသက်အရွယ်နှင့် ကျား၊ မ စသည်တို့ကလည်း ဗိုက်နာသည့် အကြောင်းကို ကွဲစေသည်။ လူနာကို စမ်းသပ်ရန်မလို၊ ရောဂါဖြစ်စဉ်ကို အသေးစိတ် မေးခြင်းဖြင့် ရောဂါအမည် ကို ဖော်ထုတ်နိုင်သည်ပင် ရှိသည်။ တစ်ခါတစ်ရံ စမ်းသပ်လျှင် မည်သည့် လက္ခဏာမျှ မတွေ့ရဘဲ ဖြစ်တတ် သည်။


ဗိုက်နာစေသည့် ဝမ်းဗိုက်ရောဂါများ
ဝမ်းဗိုက်တွင်းတွင် အသည်း၊ ကျောက်ကပ်၊ ဘေလုံး၊ အစာအိမ် အူလမ်းကြောင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း စသည်ဖြင့် အင်္ဂါ မျိုးစုံရှိသည်။ မည်မျှ အင်္ဂါအရေ အတွက်များစေကာမူ အဓိက အုပ်စု နှစ်ခုသာ ရှိသည်။ အသည်း၊ ကျောက် ကပ်၊ ဘေလုံးကဲ့သို့သော အလုံး၊ အခဲ သဏ္ဌာန် အင်္ဂါများနှင့် အစာအိမ်အူ လမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းကဲ့သို့ ပြွန်၊ အခေါင်းသဏ္ဌာန် အင်္ဂါများဟူ၍ ဖြစ်သည်။
ယင်းအုပ်စုနှစ်ခု၏ နာပုံ၊ နာနည်းမှာ ကွာကြသည်။ ပြွန်သဏ္ဌာန် အင်္ဂါများသည် တင်းလျှင်၊ ညှစ်လျှင်၊ ဖောင်းကား လျှင်၊ ပိတ်လျှင် နာလေ့ရှိသည်။ သည်းခြေလမ်းကြောင်း၊ ဆီးလမ်း ကြောင်း ရောဂါများသည် ဤပုံစံ နာလေ့ရှိသည်။ ထိုးပြီး၊ ရစ်ပြီးနာသည် ဟု ပြောလေ့ရှိသည်။ နာလိုက် ပျောက်လိုက်၊ တစ်ခါနာလျှင် ဆိုးဆိုး ရွားရွားနာ၊ ဇောချွေးပြန်လောက် အောင်နာ၊ ထိုင်မရ၊ ထမရဖြစ်အောင် နာ၊ နာလွန်းသဖြင့် သတိမေ့လုမတတ် ခံရသည်။ သန်ထိုး၊ လေထိုးသဖြင့် ဟိုလူး၊ ဒီလိမ့်နှင့် အော်နေသည့် ကလေးများကို တွေ့ဖူးကြမည်ထင် သည်။ ဝမ်းဗိုက်ကို လက်နှင့်၊ ခေါင်း အုံးနှင့် ဖိထားလျှင် သက်သာသည်ဟု ဆိုကြသည်။
အနာပျောက်သွားချိန် တွင်တော့ အကောင်းပကတိ ဖြစ်နေ တတ်သည်။ သန်ထိုး၊ လေထိုးက ဝမ်း ဗိုက်တစ်ပြင်လုံး နာလေ့ရှိသော်လည်း ဆီးလမ်းကြောင်းပိတ်ခြင်းက ခါးတွင် နာပြီး၊ ဆီးစပ်သို့ ထိုးဆင်းသွားလေ့ ရှိသည်။ ဆီးအောင့်၊ ဆီးကျင်၊ ဆီး သွေးပါသည်တို့ကလည်း ဆီးလမ်း ကြောင်းရောဂါဟု ပြသည်။ သည်းခြေ ကျောက်တည်၊ ကျောက်ပိတ်ခြင်း သည်လည်း အလားတူ နာစေသည်။ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတွင် နာခြင်း၊ မျက်လုံးနှင့် အသားဝါခြင်း၊ ချမ်းတုန်၍ ဖျားခြင်းတို့သည် သည်း ခြေလမ်းကြောင်းရောဂါကို ပြသည်။


အသည်းနာတာလား
အသည်းကဲ့သို့သော အလုံး၊ အခဲသဏ္ဌာန်ရှိ အင်္ဂါများသည်ကြီးလာ လျှင်၊ တင်းလာလျှင် နာလေ့ရှိသည်။ အောင့်သည်ဟု ဆိုလေ့ရှိသည်။ အသည်းကြီးရောဂါများတွင် ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းနေရာသည် တင်း နေသည်၊ ထောက်နေသည်ဟု ပြော လေ့ရှိသည်။ အလွန်အကျွံကြီးသော အသည်းရောဂါမှလွဲ၍ ပြင်းပြင်းထန် ထန် နာလေ့မရှိချေ။ မျှဉ်းမျှဉ်းလေး နာသည်။ ဆက်တိုက်နာသည်။ လှုပ် လျှင် နာသည်။ အသည်းနေရာ ဖိမိ လျှင်လည်း နာလေ့ရှိသည်။


ဘယ်နေရာက နာတာလဲ
ဝမ်းဗိုက်တွင်း အင်္ဂါများသည် သူ့ နေရာနှင့်သူ သတ်သတ်မှတ်မှတ် တည်ရှိကြသဖြင့် ဝမ်းဗိုက်၏ မည်သည့် နေရာတွင် နာသည်ကလည်း ဘာ ကြောင့်နာသည်၊ ဘယ်အင်္ဂါတွင် ရောဂါရှိသည်ကို ညွှန်းလေ့ရှိသည်။ ဝမ်းဗိုက်အပေါ်ပိုင်း အလယ်တည့်တည့် ရင်ညွန့်တွင် နာလျှင် အစာအိမ်၊ ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းနာလျှင် အသည်း သို့မဟုတ် သည်းခြေ၊ ဝမ်းဗိုက်အလယ် ချက်တစ်ဝိုက်နာ လျှင် ဝမ်းဗိုက်ပိုင်းသွေးကြောမကြီး၊ အူလမ်း ကြောင်းနှင့် ပန်ကရိယ၊ ခါးတစ်ဖက် တစ်ချက်နာလျှင် ကျောက်ကပ်၊ ချက် အောက် ဆီးစပ်နာလျှင် ဆီးအိမ်၊ သား အိမ်၊ ညာဘက်အောက် ပိုင်းနာလျှင် အူအတက်စသည်ဖြင့် ညွှန်းလေ့ရှိ သည်။


ဗိုက်နာပေမယ့် ဝမ်းတွင်းရောဂါမရှိ
ဗိုက်နာတိုင်း ဝမ်းဗိုက်တွင်းရှိ အင်္ဂါတစ်ခုခုတွင် ရောဂါရှိနေပြီဟု တထစ်ချ တွက်၍မရ။ ရင်ခေါင်းတွင်း ရှိ နှလုံးနှင့် အဆုတ်ရောဂါကလည်း တစ်ခါတစ်ရံ ဗိုက်နာတတ်သည်။ အချို့ နှလုံးသွေးကြောကျဉ်းလူနာတို့သည် ရင်ဘတ်နာသည်ဟု မပြော၊ ဗိုက် အပေါ်ပိုင်း နာသည်ဟုဆိုတတ်သည်။ နှလုံးအနာက ညွှန်ပြရခက်သဖြင့် ဟိုပြ၊ ဒီပြ ပြသည်လည်း ရှိသည်။ ထို့ကြောင့် နှလုံးလေဖြတ်ဖြစ် နိုင်ခြေ များသော သွေးတိုး၊ သွေးချို လူနာ တစ်ယောက် ဝမ်းဗိုက်အပေါ်ပိုင်း နာ လျှင်လည်း နှလုံးလေလားဟု ဆရာဝန်က စဉ်းစားလေ့ရှိသည်။ ဝမ်းဗိုက်အရေပြားရောဂါ၊ အာရုံ ကြောရောဂါတို့ကလည်း ဗိုက်နာစေ သည်။
ခါးအာရုံကြော ညပ်ခြင်း၊ အရေပြား ရေယုန်ပေါက်ခြင်းတို့တွင် ခါးနှင့် ဗိုက်ပတ်ပတ်လည် ပူစပ်ပူ လောင် နာလေ့ရှိသည်။ ရေယုန်တွင် နာပြီး နှစ်ရက်၊ သုံးရပ်အကြာ အရည် ကြည်ဖုလေးများပေါက်လာလေ့ရှိသည်။ ဝမ်းဗိုက်ပြင်ပရောဂါများတွင် လည်း ဗိုက်နာတတ်သည်။ သွေးချို ဆိပ်တက်လူနာ ဗိုက်နာ၊ ပျို့အန် သည်ကို မကြာခဏ တွေ့ရလေ့ရှိ သည်။ ရုပ်ပိုင်းဆိုင်ရာရောဂါ တစ်ခုမျှ မရှိ၊ စိတ်ကြောင့်လည်း ဗိုက်နာတတ် သည်။ စိတ်ဓာတ်ကျသူ၊ စိတ်ပူပန်မှု များသူများသည် ဗိုက်နာသည်ဆိုပြီး မကြာခဏ ဆရာဝန်ထံ ရောက်လာ လေ့ရှိသည်။ ဟိုနာ၊ ဒီနာ ပြောင်းနာ လေ့ရှိသည်။ မည်သည့်ရောဂါဟု သတ်သတ်မှတ်မှတ်ပြောရန် ခက် သည်။
စမ်းသပ်စစ်ဆေးမှုအားလုံးက လည်း ပုံမှန်ဖြစ်နေလေ့ရှိသည်။ စစ် ဆေးမှုအားလုံးကောင်းသည်ဆိုသည့် အဖြေက တစ်ခါတစ်ရံ လူနာကို ဗိုက်နာပျောက်စေသည်။ ဗိုက်နာသည့် လူနာစမ်းသပ် တော့ ဘာလက္ခဏာမှ တွေ့လေ့မရှိ။ ထို့ကြောင့်လည်း နေမကောင်း အကြောင်းပြလိုသူတို့အတွက် ဗိုက်နာ ခြင်းသည် လက်နက်တစ်ခုဖြစ်နေ တတ်သည်။


အစာအိမ် ရောဂါ
အစာအိမ်ရောင်ခြင်း၊ အစာအိမ် အနာဖြစ်ခြင်းတို့သည် ဗိုက်နာစေ သည်။ လေထိုးသည်၊ လေနာသည် ဟု အပြောများသည်။ လူလတ်ပိုင်း တွင် အတွေ့ရများသည်။ ဝမ်းဗိုက် အပေါ်ပိုင်း ရင်ညွန့်တွင်နာ၊ ပူစပ် ပူလောင်ဖြစ်။ ယင်း-ရင်ပူခြင်းသည် အစားနှင့် ပတ်သက်နေသည်။ အချို့ က ဗိုက်ဆာလျှင်နာ၊ အချို့က အစာ စားလျှင် ပိုဆိုးတတ်သည်။ လူနာက နာသည့်နေရာ အတိအကျ ထောက်ပြ နိုင်သည်။ ထူးခြားချက်မှာ မကြာခဏ ပြန်နာခြင်းဖြစ်သည်။ အစာအိမ်ဆေး သောက်၍ သက်သာခြင်းကလည်း အစာအိမ်လေနာဟု ညွှန်ပြသည်။ သာမန် အစာအိမ်နာရောဂါကဲ့ သို့ပင် အစာအိမ်ကင်ဆာသည်လည်း ဗိုက်နာတတ်သည်။ သို့ရာတွင် အစာ အိမ်ကင်ဆာတွင် ထူးခြားချက်များ ရှိသည်။ အသက်ခပ်ကြီးကြီး၊ အစား ပျက်၊ ရက်ပိုင်းလပိုင်းအတွင်း အလွန် ပိန်ချုံးကျသွားလျှင် အစာအိမ်ရိုးရိုးနာ ထက် ကင်ဆာပိုဖြစ်ရန် များသည်။ သွေးအားနည်းခြင်းသည်လည်း လက္ခ ဏာတစ်ရပ်ဖြစ်သည်။ စောစောသိ၊ စောစောစမ်းသပ်မှုလုပ်၊ စောစော ကုပါက အကျိုးရှိသည်။


ခွဲစိတ်ရန်လိုသည့် ဗိုက်နာရောဂါ
ဗိုက်နာစေသည့် အချို့ဝမ်းဗိုက် တွင်းရောဂါများသည် ခွဲစိတ်ရန်လို တတ်သည်။ ဝမ်းဗိုက်တွင်းရှိ ပြွန် သဏ္ဌာန် အင်္ဂါများရောင်ခြင်း၊ ပိတ် ခြင်း၊ ပေါက်ခြင်းတို့သည် ခွဲရန်လိုလေ့ ရှိသည်။ အူအတက်ရောင်ခြင်း၊ အစာ အိမ်ပေါက်ခြင်း၊ ဆီးလမ်းကြောင်းနှင့် သည်းခြေလမ်းကြောင်းပိတ်ခြင်းတို့မှာ ဥပမာများဖြစ်သည်။ ဗိုက်ခွဲရန်လိုသည့် ရောဂါများမှာ သီးသန့်ပြတ်ပြတ်သား သား ရောဂါလက္ခဏာဟူ၍ မရှိ။ ဆရာဝန် စမ်းသပ်စစ်ဆေးမှ ဆုံးဖြတ် နိုင်သော အခြေအနေများဖြစ်သည်။ ခန္ဓာကိုယ်အင်္ဂါအများအပြားရှိသည့် ဝမ်းဗိုက်ရောဂါများသည် တစ်ခါတစ်ရံ လူနာရော၊ ဆရာဝန်ကိုပါ လှည့်စား တတ်သည်။ မျက်လှည့်ပြတတ်သဖြင့် ဝမ်းဗိုက်ကို မှော်ဝင်သေတ္တာဟု တင် စားလေ့ရှိသည်။ ထို့ကြောင့် ဗိုက်နာ လူနာများသည် ရမ်းကု၊ မှန်းကုလုပ် ရန် မသင့်တော်ဘဲ ဆရာဝန်နှင့်ပြသ၊ အကြံဥာဏ်ယူရန် လိုအပ်ပါသည်။
ပါမောက္ခနေဝင်း။ (ဆေး)
 
ပြန်လည်မျှဝေပါသည်။

Sunday, October 14, 2012

ဝက်ခြံအကြောင်းသိကောင်းစရာ


နဖူးမှာပေါက်တဲ့ ဝက်ခြံဆိုတာ မျက်ခုံးနှစ်ခုကြားနဲ့ နှာခေါင်းထိပ်ပိုင်း စုံတဲ့နေရာကို မျက်နှာရဲ့ T-zone လို့ခေါ်ပါတယ်။ နဖူးမှာပေါက်တဲ့ ဝက်ခြံတွေက အဲလိုနေရာမျိုးတွေမှာ အများဆုံး ပေါက်တတ်ကြပါတယ်။ အဆီပြန်တဲ့ အရေပြားပိုင်ရှင်နဲ့ ပေါင်းစပ်အရေပြား ပိုင်ရှင်တွေမှာ ပိုပြီး ပေါက်တတ်ကြပါတယ်။ နဖူးပြင်ပေါ်က ဆံပင်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ ဝက်ခြံတွေကို တွေ့ရတတ်ပြီး အရေပြားနီရဲကာ ရောင်ရမ်းနေတတ်ပါတယ်။ ဝက်ခြံပေါက်တဲ့ အချိန် ပုံမှန်အိမ်မှာ ပြုလုပ်နေကျ ကုထုံးတွေနဲ့ ကုသနေရင်း ခြောက်ပတ်လောက် ကြာတာတောင် မသက်သာသေးဘူးဆိုရင် အရေပြား အထူးကုနဲ့ တိုင်ပင်သင့်ပြီး လိုအပ်ရင် ဆေးဝါးနဲ့ ကုသမှုတွေ ခံယူသင့် ပါတယ်။

နဖူးမှာ ဝက်ခြံပေါက်တတ်သော တခြားအကြောင်းရင်း

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲ တချို့ကြောင့် နဖူးမှာ ဝက်ခြံပေါက်တတ်ပါတယ်။ ဆီပါဝင်တဲ့ အလှကုန် ပစ္စည်း အသုံးပြုတဲ့သူတွေနဲ့ ဆံပင်လိမ်းဆေး တချို့ကြောင့် ပေါက်တတ် ပါတယ်။ တခြား အကြောင်းအရာတွေလည်း ရှိပါသေးတယ်။

အလွန်အမင်း သန့်စင်ခြင်း

အရေပြားကို ကြေးချွတ်သန့်စင်တာက ကောင်းပါတယ်။ ဒါပေမဲ့ ခဏ၊ ခဏ ပြုလုပ်တာတွေကြောင့်တော့ ဆန့်ကျင်ဘက် အာနိသင် ဖြစ်သွားတတ် ပါတယ်။ အရေပြားကို အလွန်အမင်း သန့်စင်လိုက်တာကြောင့် အဆီဂလင်း တွေထဲကို ဘက်တီးရီးယားတွေ ရောက်ရှိသွားပြီး ကြာရင် ဝက်ခြံဖြစ်စေတတ် တယ်လို့ Los Angeles မှ အရေပြား ပညာရှင်တွေက ဆိုပါတယ်။

ဆံပင်လိမ်းပစ္စည်းများ

ဆံပင်လိမ်းတဲ့ စပရေး၊ ဂျယ်လ်နဲ့ တခြားဆံပင်လိမ်းတဲ့ ပစ္စည်းတွေကြောင့် သင့်နဖူးနေရာနားမှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဆံပင်လိမ်းတဲ့ ပစ္စည်းမှာ ပါဝင်တဲ့ ကမ်မီကယ်တွေ ဦးရေပြားပေါ် ထိတွေ့ရာကနေ ဝက်ခြံ တွေ ပေါက်လာရတာမျိုး ဖြစ်ပါတယ်။

ဦးထုပ်နှင့် လုပ်ငန်းခွင်သုံး ဦးထုပ်

လုပ်ငန်းခွင်ထဲမှာ ဦးခေါင်းကို ကာကွယ်ဖို့အတွက် အမြဲတမ်းဝတ်ဆင်ရတဲ့ Helmets တွေနဲ့ ဦးထုပ်ကို အမြဲဝတ်ဆင်တတ်သူတွေမှာ နဖူးနဲ့ ဦးထုပ်ကြား ကချွေးနဲ့ ပြင်ပက အညစ်အကြေးတွေကြောင့် ဝက်ခြံတွေ ပေါက်လာတတ် ပါတယ်။

အိပ်စက်မှု အလေ့အထ

အိပ်စက်ချိန်မှာ သင်က ဘေးတစ်ဖက်တည်းကို စောင်းပြီး အိပ်တတ်သူဆိုရင် ခေါင်းအုံးနဲ့ သင့်နဖူးပြင်နဲ့က ထိတွေ့မှုဟာ အချိန်ကြာတတ်ပါတယ်။ သင့်ခေါင်းအုံးဟာ သန့်ရှင်းမှု မရှိရင်ဘဲဖြစ်စေ၊ ရောဂါပိုးဝင်ရင်ပဲ ဖြစ်စေ စောင်းအိပ်တဲ့ နဖူးပြင်နေရာနားမှာ ဝက်ခြံပေါက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ဖက်တည်းစောင်းပြီး အိပ်တတ်သူတွေဟာ ပက်လက်ပြန်ပြောင်း အိပ်ကြည့်ပါ။ သန့်စင်တဲ့ ခေါင်းအုံးကို အသုံးပြုပါ။

မိတ်ကပ်လိမ်းထားပြီး အိပ်စက်ခြင်း

မိတ်ကပ်လိမ်းထားချိန်ဟာ ဘယ်အချိန်ပဲ ဖြစ်ပါစေ၊ ညအိပ်ရာဝင်တော့မယ် ဆိုရင်တော့ သင်လိမ်းထားတဲ့ မိတ်ကပ်တွေကို ဖျက်ပြီးမှ အိပ်ရာဝင်သင့် ပါတယ်။ အိပ်ရာဝင်ခါနီး မိတ်ကပ်မဖျက်တာကြောင့် မျက်နှာမှာ ပြင်ပက ဖုန်မှုန့်တွေ၊ မိတ်ကပ်မှာပါဝင်တဲ့ ဆီတွေနဲ့ ချွေးတွေပေါင်းကာ ဘက်တီး ရီးယားတွေ ပေါက်ဖွားလာပြီး နဖူးပြင်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဖော်ပြပါ အလေ့အထတွေကို ဆင်ခြင်လိုက်မယ်ဆိုရင်တော့ နဖူးမှာပေါက်တဲ့ ဝက်ခြံကို သက်သာသွားနိုင်ပါတယ်။

                                                      သဲသဲ

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း


အခုနည်းကတော့ သဘောင်္ရွက်ပါဘဲဗျာ လွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကို ညအိပ်ခါနီး ကျောဘက်အင်္ကျီ အတွင်းက အသားပေါ်မှာ ကပ်ထားပြီး အိပ်ရမယ်။ ပက်လက်လှဲပြီး ညအိပ်ပါ။ ခါးထဲက အပူအခိုးတွေ ကို သင်္ဘောရွက်က စုပ်ယူပါတယ်။ ကပ်ထားခိုက်မှာ စပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလို နေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။

နောက်ပြီး ခါးလေ့ကျင့်ခန်းကိုလည်း လုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ
်ရပ်နေပြီး ခါးကို ရှေ့အနည်း ငယ် ကိုင်းပြီး ခန္ဓာကိုယ်ကို ခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀)

ကြိမ်လောက် အလိုက်သင့် သက်သက်သာသာ လှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်က အကြောအရွက်တွေ ပွင့်လာပြီး အညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။