Friday, November 4, 2011

ချစ်ဖေဖေ....ချစ်မေမေ.....

ချစ်မေမေ.....
ဘ၀တိုက်ပွဲ ယှဉ်ပြိုင်နွှဲစဉ် 
မောဟိုက်ပင်ပန်း ပန်းတိုင်မရာက်မီ 
အရှုံးပေးမည်ဟု စိတ်မှကြံရွယ်
အားငယ်နေစဉ်....
သားမောင်လူလေး အရှုံးမပေးနှင့်ဟု
အားပေးခဲ့သော မေမေ့ စကားကြောင့်
ပန်းတိုင်ရောက်အောင် ကြိုးစားမည်ဟု
ရည်မှန်းချက်များ ထားခဲ့ပါသည်
ချစ်သောမေမေ သိပါစေ
                                                           ကိုဇေကြီး(ထက်ဝေတိုး.MAI)
ချစ်ဖေဖေ.....
မြင့်မိုရ်တောင်ဦး သာထက်ကျူးတဲ့
တုနှိုင်းမေတ္တာ ဂရုနာနှင့် 
သားငယ်လှထွေး ဖေ့သားလေးကို
မြင်လိုက်သည်က ရှု့၍ မဝ
ပွေ့ချည်ထွေးပိုက် တေးသံလှကို
နှုတ်မှမြည်တေး ချစ်နေရှာ၏........
သားငယ်တစ်ယောက် အ၇ွယ်ရောက်လာ
ပညာနို့ချို တိုက်ကျွေးဖို့ရာ
စိတ်ဓာတ်စည်းကမ်း မှန်ကန်လှသည့်..
သားတို့ပျော်ရာ ကျောင်းတော်ရာကို..
ပညာစွမ်းထက် လှမ်းတက်နိုင်ဖို့
ပညာရိပ်ကို ခိုလုံစေ၏........
ပညာတစ်ဝက်လှမ်းခဲ့ပြီးသော
သားငယ်ဘ၀ စိတ်ချရဖို့
ဘ၀တိုက်ပွဲ ရင်ဆိုင်နွှဲပြီး
လုဘုံအလယ် အားမငယ်အောင်
ရှာဖွေစုဆောင်း ငွေသွန်းလောင်း၍
သူရဲကောင်းများ ထွန်းကားလေရာ
စိန်ပန်းပြာမြေ စစ်တက္ကသိုလ်ကို ပို့ခဲ့လေသည်........
                                                             ကိုဇေကြီး(ထက်ဝေတိုး)

No comments:

Post a Comment