Friday, August 24, 2012

ကန်စွန်းရွက်၏ဆေးဖက်ဝင်ပုံ

သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့်
သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ်သတ္တိကို လျော့ကျစေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။

(၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-
ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
Aung Ko Oo
မြန်မာပြည်မှ မြန်မာလူမျိုး မှ မျှဝေပါသည်။

Wednesday, August 15, 2012

အသံမပြုသော အမျိုးသမီးများ၏ရောဂါများ


သတိမထားလို့  ဖြစ်ကြရရာဝယ် ...
မြန်မာအမျိုးသမီးတွေဟာ အရှက်အကြောက်ကြီးသူများပီပီ မိမိခံစားနေရတဲ့ ရောဂါဝေဒနာကို ဆရာဝန်ထံမှာ ပြသရမှာ အင်မတန် ဝန်လေးတတ်ကြပါတယ်။ ဘာမှမပြောပလောက်တဲ့ ဝေဒနာဟာ ထုတ်ဖော်ပြောရမှာ ရှက်ကြတဲ့အတွက် ကြီးကျယ်တဲ့ရောဂါအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

အမှန်စင်စစ် ဒီဝေဒနာတွေဟာ လွယ်လွယ်နဲ့ ပျောက်ကင်းနိုင်တဲ့ သာမန်ဝေဒနာတွေသာ ဖြစ်ပါတယ်။
ဝေဒနာကို စောစောစီးစီး ကုသမှု ခံယူရမှန်းမသိတဲ့အတွက် အပ်နဲ့ထွင်းရမယ့်ကိစ္စမှာ ပုဆိန်နဲ့ ထွင်းရတဲ့အခြေအနေ ဖြစ်သွားတတ်ပါတယ်။

အဲဒီလို ဖြစ်သွားနိုင်တဲ့ ဝေဒနာတွေဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ဝေဒနာတွေဖြစ်ကြောင်း ဆက်လက်ဖတ်ရှုရင် သိလာပါလိမ့်မယ်။
နံပါတ်တစ် နေရာယူထားတဲ့ အမျိုးသမီးတွေ အများဆုံး ဖြစ်လေ့ရှိတဲ့ ဝေဒနာဟာ အဖြူဆင်း အညောင်းကျတဲ့ ဝေဒနာပါ။ တစ်ချိန်မဟုတ် တစ်ချိန်မှာ အမျိုးသမီးတိုင်းလိုလို ခံစားရတတ်ပါတယ်။

သာမန်ဇီဝဖြစ်စဉ်မှာ ဆင်းလေ့ရှိတဲ့ အဖြူဆင်းခြင်းဝေဒနာဟာ မီးယပ်ပေါ်ပြီးစအချိန်နဲ့ မျိုးဥလွှတ်ချိန် (မီးယပ်ပေါ်ပြီး ရက်သတ္တ နှစ်ပတ်အကြာ)တွေမှာ ဖြစ်လေ့ရှိပါတယ်။

အညောင်းထိုင်လွန်းရင် ဖြစ်စေ၊ အားနည်းရင်ဖြစ်စေ အဖြူဆင်းလာတတ်ပါသေးတယ်။ ဒီအချိန်မှာတော့ အနာသိ ဆေးရှိ-ဆိုသလို အဖြူဆင်းရတဲ့ အကြောင်းရင်းကို ကုလိုက်ရင် ဝေဒနာပျောက်ကင်းနိုင်ပါတယ်။
မှက္ခရုကြောင့်ဖြစ်တဲ့ မိန်းမကိုယ် အတွင်းပိုင်း ရောင်ရမ်းလို့ဖြစ်ရတဲ့ အဖြူဆင်းဝေဒနာကတော့ နာကျင်ခြင်းနဲ့အတူ ယားယံခြင်းကိုပါ တစ်ပြိုင်နက် ခံစားရလို့ တော်တော် ကသိကအောက် ဖြစ်တဲ့ ဝေဒနာလို့ ဆိုနိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့---

* အတွင်းခံဘောင်းဘီ နိုင်လွန်ထည်များ ကြာကြာဝတ်လေ့ရှိခြင်း။
* ခန္ဓာကိုယ်တွင်း လှည့်ပတ်နေသော “မ”ဟော်မုန်းဓာတ် များလာခြင်း။
(ဥပမာ-ကိုယ်ဝန်ဆောင်ချိန်နှင့် ပဋိသန္ဓေ တားဆေး သုံးသူများ)
* လက်သည်းဖြင့် ကုတ်ခြစ်မိရာမှ ကွဲရှသွားသော အရေပြားမျိုး ဖြစ်ခြင်း။
* သွေးထဲတွင် သကြားဓာတ် များနေခြင်း။ (ဥပမာ-ဆီးချို ရောဂါရှင်များ)
* ပဋိဆေးဝါးများ ကြာရှည်သုံးစွဲခြင်း။
* တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းခြင်း။
* အဝလွန်ခြင်းတို့ ဖြစ်ပါတယ်။
ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ရှာပြီး ရောဂါကာကွယ်ရာမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အရေးကြီးဆုံး အကြောင်းတရပ် ဖြစ်ပါတယ်။

ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ အတွင်းခံသုံးခြင်းဟာလည်း နိုင်လွန်ထည်ကို သုံးခြင်းထက်
ရောဂါအဖြစ်နှုန်း လျော့နည်းစေပါတယ်။
ရောဂါစဖြစ်ဖြစ်ချင်း ကျွမ်းကျင်သူ ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသရင် အမြန်ဆုံး ပျောက်နိုင်ပါတယ်။

ဒုတိယအဖြစ်အများဆုံး ဝေဒနာကတော့ ဆီးအိမ်ရောင်ရမ်းခြင်း ဖြစ်ပြီး တစ်နှစ်မှာ အမျိုးသမီးငါးဦးမှာ တစ်ဦး ဖြစ်လေ့ရှိကြောင်း သိရပါတယ်။
အမျိုးသားတွေမှာလည်း ဒီရောဂါမျိုး ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာဖြစ်တဲ့ နှုန်းလောက် မများလှပါဘူး။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်း ဖွဲ့စည်းပုံဟာ အမျိုးသားတွေထက် တိုလွန်းတာဟာ ရောဂါအဖြစ်နှုန်း များရခြင်းပါပဲ။

ရောဂါရဲ့ လက္ခဏာမှာ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးမကြာခဏ သွားချင်ခြင်း၊ ဆီးသွား၍ မဝခြင်းတို့ ဖြစ်ပြီး တချို့ ဆီးထဲမှာ သွေးပါလာတဲ့အထိ ဝေဒနာပြင်းထန်နိုင်ပါတယ်။
ဒီရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဆီးသွားချင်လျက်နဲ့ အောင့်မထားဖို့ရယ်၊ အပူအစပ်နဲ့ အရက်တို့ကို ရှောင်ကြဉ်ဖို့ရယ်၊ ရေများများ သောက်ပေးဖို့ရယ်ပါပဲ။

အမျိုးသမီးတွေမှာ တတိယအများဆုံး ခံစားရလေ့ရှိတဲ့ ရောဂါတမျိုးကတော့ အကြောပြတ်ဆဲ့ ဝေဒနာဖြစ်ပါတယ်။
အရွယ်ရောက်လာတာနဲ့အမျှ ကြီးထွားလာတဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးဖို့ အပေါ်ယံ အရေပြားဟာ လိုသလို ဆန့်ပေးရပါတယ်။
သဘာဝအလျောက် ဒီလိုမှမလုပ်ပေးနိုင်ရင် လူခန္ဓာကိုယ်ဟာ ပေါက်ကွဲသွားနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် အရေပြားလွှာအောက်မှာ ပါဝင်တဲ့ ကျုံ့ဆန့်နိုင်တဲ့ အမျှင် (Elastic fibre)တွေက လုပ်ဆောင်ပေးပါတယ်။

အကယ်၍ ခန္ဓာကိုယ်ဟာ ချက်ချင်း ဝဖြိုးလာမယ်ဆိုရင် အရေပြားလွှာက လိုသလို ဆန့်ပေးနိုင်ဖို့ဟာ တိုတောင်းလှတဲ့အချိန်အတွင်းမှာ မဖြစ်နိုင်ပါဘူး။
အဲဒီအခါ Stretch mark လို့ခေါ်တဲ့ အကြောပြတ်ရာတွေ ဖြစ်လာပါတယ်။
ယေဘုယျအားဖြင့် ဆိုရင် အရေပြားဆန့်ထုတ်တာ ပြင်းလွန်းတဲ့အခါ တင်းလွန်းတော့ ပြတ်-ဆိုတဲ့ စကားလို အရေပြားလွှာမှာရှိတဲ့ (Elastic fibre)တွေ လုံးဝပျက်စီးသွားနိုင်ပါတယ်။

တချို့က Strech mark ဟာ ဟိုမုန်းဓာတ်ပြောင်းလဲမှုကြောင့်ဖြစ်ရတာလို့ ဆိုပါတယ်။ တချို့ ဟိုမုန်းဓာတ်တွေဟာ အရေပြားလွှာမှာရှိတဲ့ Elastic fibre တွေကို ပျော့တွဲပျက်စီးစေပါတယ်။
သားရေမျှော့ကြိုးလိုပါပဲ။ ပျော့ပြီး အားနည်းလာတဲ့အခါ ဆန့်ထုတ်ခြင်း ကျုံ့ခြင်းတွေ မလုပ်နိုင်တော့ပါဘူး။
အကြောပြတ်တာဟာ ပထမအပြာရောင် သို့မဟုတ်-ပန်းရောင် ဖြစ်သွားပြီး နောက်ဆုံးမှာ ဖြူလာပါတယ်။ မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက် ပိုအဖြစ်များပြီး အများဆုံး ဖြစ်လေ့ရှိတဲ့ နေရာတွေကတော့ ဝမ်းဗိုက်သား၊ ပေါင်တွင်းသားတွေမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ဝမ်းဗိုက်ပြင်က အကြောတွေပြတ်တာ အများဆုံး တွေ့ရပါတယ်။ မိမိကိုယ်ကို ဝမလာအောင် ထိန်းသိမ်းနိုင်ရင် အကြောပြတ်ခြင်းက ကင်းဝေးပါလိမ့်မယ်။
အသားအရေ စိုပြည်စေတဲ့ ကရင်မ် လိမ်းဆေးတွေကလည်း အကြောပြတ်ခြင်းကို တနစ် သက်သာရာရစေပါတယ်။

စတုတ္ထဝေဒနာဟာ အမျိုးသမီးတွေ ဓမ္မတာနဲ့ ပတ်သက်နေပါတယ်။ ဓမ္မတာ ထိမ်ခြင်း၊ မမှန်ခြင်း၊ များခြင်း၊ ဓမ္မတာ လာနေစဉ် ကိုက်ခဲနေခြင်း စသဖြင့် ဓမ္မတာနဲ့ဆိုင်တဲ့ ဝေဒနာအနည်းနဲ့အများ ခံစားရတတ်ကြပါတယ်။
အပျိုဘော် မဝင်မီအချိန် သွေးဆုံးပြီးချိန်နဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ ဓမ္မတာထိမ်ခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်သာ
ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ သားဖွားပြီး သုံးလတန်သည် တစ်နှစ်တန်သည် ဓမ္မတာမပေါ်ခြင်းဟာလည်း သာမန်ဖြစ်စဉ်တခုပါပဲ။

ပဋိသန္ဓေတားဆေး သုံးနေတဲ့ အမျိုးသမီးတွေမှာလည်း မီးယပ်ထိမ်တတ်ပါတယ်။ စိတ်ပူပန်မှု များတဲ့အခါ အစားအသောက် လျှော့ပြီး diet လုပ်နေတဲ့အခါတွေမှာလည်း ဓမ္မတာ မလာတတ်ပါဘူး။
အမျိုးသမီးတစ်ဦးဟာ လစဉ် ၈၀-စီစီ ပမာဏရှိတဲ့သွေး ဆင်းလေ့ရှိတယ်။ လစဉ်သုံးအဝတ်စ ၁၂-ခုခန့် သာမန်အားဖြင့် သုံးရလေ့ရှိပါတယ်။ ဒါထက် ပိုရင်တော့ ဓမ္မတာများတယ်လို့ ဆိုနိုင်ပါတယ်။

ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်စေ၊ သားအိမ်ရောင်ခြင်း၊ သားအိမ်တွင် အလုံးထည်ခြင်းကြောင့် ဖြစ်စေ သားအိမ်တွင်းသို့ ပဋိသန္ဓေတား ကိရိယာ ထည့်ထားခြင်းတို့ကြောင့် ဖြစ်စေ ဓမ္မတာဆင်းတာ များတတ်ပါတယ်။ သွေးဆင်းများရင် သွေးအားနည်း ရောဂါဟာလည်း နောက်ဆက်တွဲ ဝေဒနာအနေနဲ့ လိုက်လာတတ်ပါတယ်။

ဒါကြောင့် အကြောင်းရင်းအမျိုးမျိုးရှိတဲ့အနက်က သွေးဆင်းများရတဲ့ အကြောင်းရင်းကို ရှာဖွေပြီးမှ ကုသရင် ထိရောက်စွာ ပျောက်ကင်းနိုင်ပြီး ဝေဒနာကို ရေရှည်ခံစားရမှာ မဟုတ်တော့ပါဘူး။
ဓမ္မတာမမှန်ခြင်းဟာလည်း ဓမ္မတာများခြင်းနဲ့ အလားတူ အကြောင်းရင်းခံတွေကြောင့် ဖြစ်တတ်ပါတယ်။

ဓမ္မတာမမှန်တဲ့အတွက် မျိုးဥလွှတ်ခြင်းလည်း မမှန်တတ်ပါဘူး။ ဒီလို အမျိုးသမီးတွေမှာ သားသမီးရနိုင်ဖို့ ခဲယဉ်းပါတယ်။
သားဖွားပြီးချိန်နဲ့ သွေးဆုံးကာစ အချိန်တွေမှာ အများအားဖြင့် သွေးဆင်းမမှန်တတ်ကြပါဘူး။

ဓမ္မတာဆိုတဲ့ သဘာဝရာသီပန်း မှန်မှန်ပွင့်အောင် အကြောင်းရင်းဇစ်မြစ်ကိုရှာဖွေပြီး ကုသနိုင်ဖို့ ကျွမ်းကျင်တဲ့ သမားတော်တွေနဲ့ ပြသပြီး ကုသမှုခံယူပါ။
အမျိုးသမီးတစ်ချို့ဟာ ဓမ္မတာလာစဉ်မှာ ကိုက်ခဲတတ်ကြပါတယ်။ အပျိုဘော်ဝင်ပြီး ၁-နှစ် ၂-နှစ် ဒါမှမဟုတ် ၁၀-နှစ် ၁၅-နှစ်ကြာမှ ဒီဝေဒနာကို ခံစားရတတ်ကြပါတယ်။

အပျိုဘော်ဝင်ပြီး ၁-နှစ် ၂-နှစ်မှာ နာကျင်ကိုက်ခဲခြင်းဟာ မျိုးဥလွှတ်ချိန် သားအိမ် ကျုံ့ပေးရတဲ့အခါမှာ ဖြစ်ပေါ်တဲ့ဝေဒနာပါ။
မီးယပ်မဆင်းမီ နာရီပိုင်းအတွင်းမှာ ဝမ်းဗိုက်အောင့်ပြီး နာလာတတ်ပါတယ်။ ရာသီပေါ်စ ပထမ ၁-ရက် ၂-ရက်ပဲနာပြီး ပျောက်သွားလေ့ရှိပါတယ်။

ကြိုတင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပေးရင် သက်သာနိုင်ပါတယ်။ တချို့ကတော့ ဟော်မုန်းဆေးတွေ သောက်မှ ပျောက်ပါတယ်။ အပျိုဘော်ဝင်ပြီး ၁၀-နှစ် ၁၅-နှစ်ကြာမှဖြစ်တဲ့ ကိုက်ခဲတဲ့ ဝေဒနာကတော့ သားအိမ်ရောင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားအိမ် အလုံးတည်ခြင်းတို့ကြောင့် ဖြစ်တတ်တာမို့ ကျွမ်းကြင်သူများနဲ့ အမြန်ဆုံး တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

ဖော်ပြခဲ့တဲ့ ဝေဒနာတွေအကြောင်း တစေ့တစောင်း လေ့လာကြည့်ပြီးပြီဆိုရင် မိမိကိုယ်ကို အမျိုးသမီးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေ ကင်းဝေးအောင် ဆင်ခြင်ကြံဆပြီး နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ဖြူဖြူဝင်း (ဆေး-သု)

Monday, August 13, 2012

ကောသလ မင်းကြီး အိမ်မက် ၁၆ ချက်


၁။ နွားနက် လေးခု ဝှေ့မူဟန်ပြင်၊
မဝှေ့ကြဘဲ ရှောင်လွဲသည်မြင်၊
အရှေ့၊ အနောက်၊ တောင်၊ မြောက် မိုးဆင်၊
ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်
၂။ မြေက မကြွ ငယ်လှသစ်ပင်။
ဖူးငုံရင့်ပြီး ပွင့်သီးတွေမြိုင်၊
အရွယ်မမျှ ပျိုမ မယ်ခင်၊
သမီးသား လင်သား အိမ်ထောင်ချင်။
၃။ ယနေ့ဖွားစ နွားမနို့သာ၊
မိခင်နွားကြီး စို့ပြီးနေရှာ၊
သမီးနှင့်သား စီးပွားပိုင်ရှာ၊
မိနှင့်ဘ ကျွေးမှ စားရမှာ။
၎။ နွားကြီးမကြိုက် ဝင်တိုက်နွားငယ်၊
မရုန်းနိုင်ဘဲ ဝပ်လဲနေတယ်၊
ကြီးသူဖယ်ရှား မြှောက်စားလူငယ်၊
တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်။
၅။ ခံတွင်းနှစ်ခွ များလှရာဇာ၊
ကျွေးကျွေးသမျှ မဝနိုင်ပါ၊
မှူးမတ်မင်းစိုး လာဘ်ထိုးသူရှာ၊
နှစ်ဖက်စား တရားစီရင်မှာ။
၆။ ခွေးအိုထံဆက် ရွှေခွက်သိန်းတန်၊
ကျင်ငယ်အမြဲ ခွက်ထဲ စွန့်ပြန်၊
မျိုးမြတ်သမီး ပစ္စည်းမက်ဟန်၊
အမျိုးယုတ် လင်လုပ်ပေါင်းဖက်ဆံ။
၇။ ရှေ့က ကျစ်ချ လွန်စကြိုးကို၊
ခွေးမ ခိုးစား ကိုက်ဝါးကာမျို၊
လင်ကြီးပစ္စည်း သိမ်းဆည်းမသို၊
လင်မြှောက်အား မယားလောကွက်ပို
၈။ အိုးငယ်ချည်နှီး အိုးကြီးရေလျှံ
အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်၊
ဆင်းရဲသူများ ဝတ်စားမကျန်၊
အခွန်တွက် နှိပ်စက်ငွေတောင်းခံ။
၉။ ကြာမျိုးငါးဝ ပွင့်ကြ ရေကန်၊
ရေလယ်နောက်လျက် ကမ်းလက်ကြည်ပြန်၊
မြို့တွင်းပွေရှုပ် ခွန်တုတ်ကောက်ခံ၊
မြို့ပြင်ထွက် ပြည့်နှက်စည်ကားရန်။
၁၀။ တစ်အိုးတည်းချက် အကျက်မညီ၊
ထမင်းမာဆတ် ပျော့နပ်သုံးလီ၊
မင်းကျင့်လူများ တရားမမှီ၊
မိုးသုံးစား ကွက်ကြားရွာချမည်။
၁၁။ မွှေးပျံ့နံ့ကြူး စန္ဒကူးသိန်းတန်၊
ပုန်းရည်နှင့်လဲ သုံးစွဲပြန်၊
အလဇ္ဇီများ တရားဖိုးတန်၊
ငွေနှင့်ပုလဲ အမြဲဟောမည်မှန်။
၁၂။ သံကြေးမပေါင်း ဘူးပေါင်းဘူးအုံ၊
ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ
ပညာရှိများ စကားဥဿုံ
ပြောသမျှ လောက မသုံးကုန်။
၁၃။ အိမ်လုံး တောင်လုံး ကျောက်တုံးကျောက်ဖျာ။
ရေမှ ဘွားဘွား ထင်ရှားပေါ်လာ၊
ရဟန်းရှင်ဆိုး လူဆိုးများသာ၊
ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်လာ။
၁၄။ အဆိပ်ပြင်းတောက် မြွေဟောက်ကြီးကို၊
ဖားငယ်မက ကိုက်ဝါးကာမျို၊
ကညာယူထား သက်ကြားဖိုးအို၊
မယားဆဲ အမြဲအော်ငေါက်ဆို။
၁၅။ အဆင်းမည်းနက် ကျီးငှက်ထံမှာ၊
ရွှေဟင်္သာများ ခစားနေပါ၊
ပညာသီလ ပြည့်ဝသူဟာ၊
သူယုတ်အား ဝပ်တွားနေရမှာ။
၁၆။ ဆိတ်ကို မြင်ငြား၊ ကြောက်အားပြင်းထန်၊
ခြင်္သေ့ သစ် ကျား ခုန်လွှားပြေးပြန်
သူယုတ်မာများ ထောင်လွှားနိုင်ငံ၊
သူတော်ကောင်း ပုန်းအောင်း တောမြိုင်ယံ
            ဤ သည်ကား ကေသလ အိမ်မက် ၁၆ ချက်ပေတည်း

ဟာသအမြင်ဖြင့်သာ


မပြောဝံ့တုန် ပြောဝံ့တုန်....
မေ၇းဝံ့တုန်ေ၇းဝံ့တုန် ဖြင့်...
၇င်ခုန်လိုင်းထ ဒီစာကိုေ၇းလိုက်၇ပါတယ်...

( )က အပွင့်သဏ္ဍန်အမြင့်စံတဲ့..
မိုးမင်းသမီး မဟုတ်လား...
အဆင်းသဏ္ဍန်မလှ..အနင်းခံဘဝ
မြေမင်းသားက ကျနော်ပါဗျာ...

မိုးပေါ်ကလမင်း..မြေအခင်းပေါ်မျိုး
ကြွေဆင်းပျော် ရိုးမရှိပေမယ့်..
ဖွေအတင်းမျှော်ကိုးနေ၇သူက..
ကျနော့်ဘ၀သာဖြစ်ပါတယ်( )..
လေ၇ာင်ဆန်းမှ..ပွင့်ကာလန်းတဲ့...
ရွှေကြာပန်း ကုမုဒြာ ဆိုတာဟာလည်း
ကျနော်သာဖြစ်ပါတယ်( ).......

ဒါကြောင့်မို့လည်းး....
ရွှေကြာပန်း ဝေဖြာလန်းအောင်...
ေ၇ပြာစမ်း ပမာဆောင်တဲ့...
( )ရဲ့မေတ္တာတုန့်ပြန်လွှာကို...
ကမ္ဘာဦး လူသားတို့..နေကိုမျှော်လင့်သလို
ကျနော်လည်း မျှော်လင့်နေပါတယ်....
( ) က သာဥပေက္ခာ ပြုလိုက်မယ်ဆို၇င်ဖြင့်...
ကျနော်လေ အခြေမခိုင်ပဲ..
သေနိုင်တယ် သိလား...
( ) ကို အသက်မက ချစ်တဲ့..
ကျနော်....
             ကျွန်တော်ရေးထားတာတော့မဟုတ်ပါဘူး ( ) နေရာမှာ နှစ်သက်ရာနာမည်ရေးနိုင်ပါတယ်

အလွမ်း (မင်းယုဝေ)

                                              မော်စကို-Moscow-Москва
အခါတစ်ပါးမှာလ
တိုင်းခြားကိုရောက်ခဲ့တယ် ..။
ကိုယ့်ဝတ်စုံ အသာချွတ်ကာပ..
သူ့ ဝတ်စုံ အသာစွပ်လို့ ရယ်..
ဝတ်ဆင်ရတယ်..။
သူ့ စကားကိုလည်း
နှုတ်ဖျား တလှိုင်လှိုင်နဲ့ 
မမောနိုင် စာဆိုပြောကာပ
ရောနှောလို့  ဟန်ရေးကြွယ်
သူတို့ နှယ် ထင်ယောင်မှား ..။
သို့ ပေမယ့်လျှင်
သူ့ အသွင် အစာစားပြန်တော့
သူ့ အစား ဘယ်လိုမြိုင်လည်း
မမြိန်နိုင် လျှာမတွေ့ လေဘု
ကိုယ့်ဓလေ့ ကိုယ့်ဘာသာထင့်
တို့ စရာ ဆန်ထမင်းရယ်နဲ့ 
ငပိကြော် ချဉ်ပေါင်းဟင်းကိုလ
ချက်ချင်းပင် စားလိုက်ချင်ရဲ့ 
စာဆိုရှင် မျှော်ယောင်တပါလို့ 
အမိမြေ ကိုယ့်ဒေသကိုကွယ်
လွမ်းရသည် တကား …။
                                           မင်းယုဝေ ( ခေတ္တ အမေရိကန် )၁၀.၁၁.၁၉၇၆
                                    

Sunday, July 29, 2012

ရတနာပုံတက္ကသိုလ်ကျောင်းသူလေးရဲ့ဖြစ်ရပ်


ဖြစ်ပုံက ရင်နာစရာကောင်းသလိုဒီ
ကောင်မလေးတွေကိုလည်းဘယ်လိုဆက်သွယ်ပြီး အကူညီပေးရမှန်းမသိတာနဲ့ ဒီဘလော့လေးကိုသူတို့
ဖတ်မိရင်တော့ ဖြစ်နေတဲ့ပြဿနာကို အမှုမှန်တိုင်းပေါ်ပေါက်အောင်လုပ်နိုင်ပါစေဆိုတဲ့ဆန္ဒနဲ့ရေးလိုက်တာ
ပါ။
ပြဿနာကဒီလိုပါ ခုအမှုဖြစ်တဲ့ကောင်မလေးက နယ်ကနေရတနာပုံတက္ကသိုလ်မှာ ဥပဒေ ပထမနှစ်
ကျောင်းလာတက်တာပါ။နေတော့ခင်မင်ရင်းနှီးတဲ့ဘုန်းကြီးကျောင်းမှာတည်းနေပါတယ်။ သူနဲ့အတူကျောင်း နေဘက်သူငယ်ချင်းမိန်းကလေးတစ်ယောက်က သူ့ချစ်သူနဲ့တွေို့ရှိတယ် ဦးပိတ်တံတားမှာ အတူလည်ကြမယ် ကျန်တဲ့နေရာတွေနေရာလည်သလားတော့မသိပါဘူး ထားပါတော့အဲတော့ချစ်သူနဲ့အတူလည်ဖို့အတွက် နယ် ကကျောင်းလာတက်တဲ့ကောင်မလေးကိုကျောင်းဆင်းချိန်မှာ အဖော်ခေါ်လာပါတယ်။ဒီလိုနဲ့ လည်ကြပတ်ကြ ရင်း မိုးချုပ်သွားပါတယ်။
မိုးချုပ်သွားပြီဆိုတော့နယ်ကကျောင်းလာတက်တဲ့ကောင်မလေး ပြန်ဖို့အခက်တွေ့တာပေါ့။သူနေတာ
ကျွဲဆည်ကန် တံခွန်တိုင် ဈေးနားက မိုးထိအောင်စည်ကျောင်းရဲ့ အရှေ့ထဲကိုသွားရတဲ့လမ်းကြိုလမ်းကြားက
ဘုန်းကြီးကျောင်းတစ်ကျောင်းပါ ။ဒီတော့ ခြေကျင်ပြန်ဖို့ဆိုတာ အလှမ်းလည်းဝေးသလိုမိန်းကလေးတစ်ယောက်ထဲလည်းမဖြစ်နိုင်ပါဘူး။ ဒီအခြေနေမှာ သူ့သူငယ်ချင်းကောင်မလေးကသူ့ချစ်သူကိုဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းပါသတဲ့ ။အမှန်ဆိုသူကိုယ်တိုင်ပါလိုက်ပြီးလိုက်ပို့သင့်တာ။ချစ်သူကိုပဲလိုက်ပို့ခိုင်းတာတော့စဉ်းစားစရာတစ်ချက်ပေါ့လေ။ သူ့ချစ်သူကိုလိုက်ပို့ခိုင်းတော့ဆိုင်ကယ်နဲ့ နှစ်ယောက်ထဲထွက်လာခဲ့ကြပါတယ်။ သူငယ်ချင်းရဲ့ချ
စ်သူပဲဆိုပြီးယုံကြည်လို့လည်းလိုက်လာတာပါ။
ဒီလိုလိုက်ပို့ဖို့ဆိုင်ကယ်စီးလာရင်းတောင်သမန်အင်းရဲ့မြောက်ဘက် အင်းဘောင်ပေါ်မှာဆိုင်ကယ်ကိုထိုးရပ်လိုက်ပါသတဲ့ ။ ဘာလို့လည်းဆိုတော့ငါအရက်သောက်ချင်လို့ အရက်ဆင်းဝယ်လိုက်ဦးမယ်ဆိုပြီးအနီးမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာအရက်နှစ်ပုလင်းဝယ်ယူလာပါသတဲ့။အရက်ဝယ်ပြီးငါအရက်သောက်လိုက်ဦးမယ်ဆိုပြီးလူသူရှင်းတဲ့ အင်းအတွင်းဘက် အင်းဘောင်အောက်ကိုဆင်းလာပါသတဲ့ ကောင်မလေးကိုလည်းလမ်းပေါ်မှာညကြီးတစ်ယောက်ထဲဖြစ်နေမယ်ဆိုပြီး အောက်ထဲကိုခေါ်လို့လိုက်သွားမိပါသတဲ့ အောက်ထဲ တံတိုင်းအကွယ်လူသူမမြင်နိုင်တဲ့နေရာ တစ်ခုမှာ ကောင်လေးကအရက်တွေသောက်ပါတော့တယ်။ သူ့ဖာသာတစ်ယောက်ထဲသောက်ရာကနေ ကောင်မလေးကိုပါအရက်သောက်ခိုင်းတယ် လို့ပြောပါတယ် ။ကောင်မလေးကတစ်ခါမှမသောက်ဖူးကြောင်းသောက်လဲမသောက်ချင်ကြောင်းအထပ်ထပ်အခါခါငြင်းဆန်သော်လည်း ။အတင်းအဓမ္မထိုးတိုက်တာကြောက် ပါးစပ်ထဲကိုအရပ်တွေရောက်ပြီးသောက်မိသွားပါတယ်။
တစ်ခါမှလည်းမသောက်ဘူး တာကြောင့်ဘာမှမသိအောင်မူးမေ့သွားခဲ့တယ်ဆိုပါတယ်။ အရက်ထဲမှာဆေးတစ်ခုခုခပ်ထားသည်လားဘာလားတော့မသိပါဘူးတဲ့။ဘာမှမသိလောက်အောင်မူးမေ့သွားတဲ့အချိန်မှာ
ကောင်လေးက သူ့ကိုဗလက္ကာယပြုခဲ့တယ်လို့သူခံစားရပါသတဲ့။ဘာကိုမှတော့မမှတ်မိတော့ဘူးပြောပါတယ်အဲဒီညမှာ ဘာတွေဖြစ်ခဲ့လည်းဘယ်ကိုရောက်နေလည်းကိုလည်းမသိရပါဘူးတဲ့ ။မနက်လင်းမှ သူငယ်ချင်းတွေ
ဆီသူရောက်နေမှအကြောင်းစုံကိုသိရပါသတဲ့။ ဘုန်းကြီးကျောင်းကိုလည်းမပြန်လိုက်ရပါဘူးတဲ့။ဒီတော့မှသူ့ကိုလုပ်ကြံခံရမှန်းကောင်းကောင်းကြီးသိပြီးရှုံးပွဲချငိုနေတော့သတဲ့။ သူ့သူငယ်ချင်းတွေကရောသူပါ ဥပဒေတက်နေကြပေမယ့် ပထမနှစ်လည်းဖြစ်တက်စလည်းဖြစ်တာကြောင့် ဥပဒေအရဘယ်လိုဆက်လုပ်ရမယ်ဆိုတာမသိပါဘူးတဲ့။ကောင်လေးကိုခေါ်ပြီးဆွေးနွေးတော့လည်း
ကောင်လေးက လုံးဝလက်မခံဘဲငြင်းဆိုနေပါသတဲ့။ နယ်ကမိဘတွေလည်းဘာမှမသိရသေးဘူးလို့ဆိုပါတယ်။ရှက်လည်းရှက်ဘ၀လည်းပျက်တာကြောင့် မိဘတွေလည်းအသိမပေး ဆရာဆရာမတွေကိုလည်းမပြောပြ အမှုလည်းမဖွင့်ရဲနဲ့အမြဲငိုကြွေးပြီးသူ့
ဖာသာသေကြောင်းတွေပဲကြံစည်နေပါတဲ့။သူငယ်ချင်းတွေကအဲလိုမလုပ်ဖို့တားနေကြပေမယ့် ဒီပြဿနာကိုဘယ်လိုဆက်လုပ်ရမယ်ဆိုတာခုချိန်
ထိမသိသေးဘဲ ဇဝေဇ၀ါသာဖြစ်နေကြပါသတဲ့။တကယ်တော့ကောင်မလေးက အသက် ၁၈ နှစ်မပြည့်သေးပါဘူး ကောင်လေးကတော့ အသက်၂၀ ရှိပြီဆိုပါတယ်။ဖြစ်ပုံကတော့ဒါပါပဲဒီတော့ခုထိဘာမှမလုပ်ရသေးဘဲ ခြေမကိုင်မိလက်မကိုင်မိထိုင်ငိုနေတဲ့ သူ့တို့ရဲ့သူငယ်ချင်းရဲ့ပြဿနာအတွက်ခေါင်းစားနေတဲ့ ကောင်မလေးတွေက ကျွန်တော့်သူငယ်ချင်းနဲ့ လမ်းမှာတွေ့ပြီးခဏလေးစကားပြောမိပြီးခင်လာရာက ဒီအကြောင်းတွေကိုပြောပြပြီး ဘယ်လိုဆက်လုပ်သင့်သလဲဆိုတာအကူညီတောင်းပါတယ်။တိုင်သင့်သလား တိုင်ရင်သူတို့နိုင်ပါ့မလား ကောင်လေးကငြင်းဆန်နေရင် အရှက်သာကွဲပြီးအမှုရှုံးမှာကို
စိုးရိမ်တာကြောင့်မတိုင်ရဲဖြစ်နေပါသတဲ့။ ကျွန်တော့်သူငယ်ချင်းကလည်း တိုင်သင့်တဲ့အကြောင်းအထောက်အ
ထားသက်သေ တွေပြဖို့တော့လိုကြောင်းပြောပြပြီးလမ်းခွဲလာခဲ့ပါသတဲ့ ။လိုသွားတာက ဒီကောင်မလေးရဲ့
လိပ်စာ ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်မတောင်းခဲ့မိပါဘူးတဲ့ ။နန်းရှေ့မှာနေတယ်လို့တော့သိရတယ်လို့ပြော
ပါတယ်။တကယ်လို့ကောင်မလေးရဲ့လိပ်စာကိုသာသိခဲ့ရင် ဆက်သွယ်ပြီးလူကြီးတွေအသိပေးဖို့ အထောက်အထား နဲ့မှန်ကန်တယ်ဆို တရားစွဲဆိုဖို့ သွားပြောပြီးကူညီဖေးမပေးချင်ခဲ့ပါတယ်။ဒါပေမယ့်ဆက်သွယ်လို့မရတဲ့နောက်ဆုံး ဒီဘလော့ကိုပဲရေးခဲ့ပါတယ်။ အင်တာနက်အသုံးပြုပြီးလို့ ဒီဘလော့ကိုဖတ်မိတယ်ဆိုရင် ညီမလေးတို့ရေ ဒါမျိုးပြဿနာဆိုတာ ကြာကြာထားလို့မကောင်းပါဘူး မှန်ကန်ကြောင်းသေချာရင် အမြန်တိုင်သ
သင့်ပါတယ် ။ လူကြီးတွေကိုအသိပေးသင့်ပါတယ် ။ဖြစ်လာပြီးမှတော့ရှက်နေလို့မရတော့ပါဘူး။ ဒီတိုင်းနေရင်ပို
ဆိုးလာနိုင်သလို နောက်ထပ်လည်းအခွင့်ကောင်းယူပြီးဒါမျိုးပြဿနာတွေများစွာဖြစ်ပေါ်စေနိုင်ပါတယ်။ညီမလေးတို့လည်းဥပဒေတက်နေတာပဲလေ
ကျောင်းကဆရာဆရာမတစ်ယောက်ယောက်နဲ့ တိတ်တခိုးပြောပြတိုင်ပင်သင့်ပါတယ်။ အဓိက ကအမှုဖွင့်တော့မယ်ဆိုရင် အမှန်တိုင်းပြောပြရပါမယ် ။ အဲနေ့က၀တ်ထားတဲ့အ၀တ်အစားသက်သေအဖြစ်ရှိရပါမယ်။ဖြစ်တဲ့နေရာအတိအကျနဲ့ အရက်ဝယ်ခဲ့တဲ့ဆိုင် မှာအဲနေ့ကအရက်ဝယ်မ၀ယ်သေချာအောင် သက်သေအဖြစ်ထားဖို့လိုပါတယ်။ ဆီးစစ်သွေးစစ်ပြီး ပြဿနာအမှုမှန်ပေါ်အောင်ဆောင်ရွက်
၇င်ပို အဆင်ပြေနိုင်တာကြောင့် အမြန်ဆုံးအမှုဖွင့်ဖို့လိုပါတယ် ဆီးစစ်တယ်ဆိုတာ မြန်နိုင်လေကောင်းလေပါ
ကြောက်နေဖို့မလိုဘူး ကိုယ်ဘက်ကမှန်ရင် နိုင်ကိုနိုင်မှာပါ ။ရှက်တာတော့ရှက်တာပေါ့လေရှက်မသိဒီတိုင်းတော့မနေပါနဲ့ ။ကိုယ့်ဘ၀ကိုလည်းသေကြောင်းမကြံပါနဲ့။ လူ့အသက်တစ်ချောင်းရပြီးလူဖြစ်ဖို့ဆိုတာတကယ်မလွယ်ပါဘူး ။ရှေးအကုသိုလ်လို့ပဲသဘောထားပြီး နောင်ဒီလိုမဖြစ်အောင်သင်္ခန်းစာယူပါ။အပျိုစင်ဘဝ
ကိုဆုံးရှုံးရပေမယ့်  လူဖြစ်ရကျိုးကိုတော့အဆုံးရှုံးမခံပါနဲ့နော်။ ဘ၀အတွက်အနှစ်များစွာကိုထုတ်ယူလို့ရသေးတယ် ။နောင်ဘ၀ဒီလိုအဖြစ်မျိုးနဲ့မကြုံအောင် ဘ၀အကျိုးပေးကောင်းအောင် ကုသိုလ်ရေးတွေဖိအားပေးလုပ်လို့ရသေးတယ်ညီမလေးရေ။ဖြစ်လာတဲ့ဘ၀ကြုံလာတဲ့ပြဿနာကိုရဲရဲကြီးရင်ဆိုင်ပါ ။တို့နိုင်ငံကမင်းမဲ့တိုင်းပြည်မဟုတ်ဘူး လုပ်ချင်ရာလုပ်လို့မရဘူး ။အပြစ်လုပ်ရင်ပြစ်ဒါဏ်တော့ခံရမြဲပဲ။ လူမဆန်တဲ့ ကာမကောင်တွေနောက်ဒီလို မကြံရဲအောင် လုပ်သင့်တဲ့တိုင်းဆက်လုပ်ပါ။ အမှုအမြန်ဖွင့်ပါ။ ဒီလိုမှမဟုတ်ရင်ရာဂဘီလူးတွေကပိုသောင်းကြမ်းလာကြလိမ့်မယ်နော်။
ညီမလေးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်။
တစ်ဆက်တည်းမှာပဲ တက္ကသိုလ်တက်နေကြတဲ့ အားလုံးသောညီမလေးများကိုလည်းသတိပေးချင်ပါတယ်။ခု
နောက်ပိုင်းဒါမျိုးပြဿနာတွေများစွာဖြစ်နေပါတယ်။သံလျှင်ကအသက် ၁၄နှစ်အရွယ်ကျောင်းသူလေး။ကိုချစ်သူကအခွင့်ကောင်းယူပြီး ဆေးတွေတိုက် တည်းခိုခန်းမှာ အတူအိပ်တဲ့အမှု မကြာသေးမှီလပိုင်းအတွင်းကဖြစ်ပျက်ခဲ့ပါတယ်။ ဒီနေ့တက္ကသိုလ်လောကမှာ စာကိုကောင်းကောင်းမသင်ကြပဲ တက္ကသိုလ်တက်ရည်းစားများစွာထားပြီးဘ၀တွေပျက်ကုန်တာ၇၀%
နှုန်းလောက်ထိရှိနေပါပြီ ကျောင်းသူမိန်းကလေးများအပျိုစင်ဘ၀ကိုတန်ဖိုးထားဖို့လိုသလိုကိုယ့်ဘ၀ကိုရေတိမ်မနစ်ဖို့သတိဝီရိယကြီးစွာနဲ့ ရှောင်ရှားသင့်ပါတယ်။
ယနေ့ခေတ်မှာရာဂစိတ်ကိုထကြွစေနိုင်တဲ့ ဆေးတွေအရမ်းပေါများနေသည့်အလျှောက်ကျောင်းသူ
ကျောင်းသားတွေရဲ့လက်ထဲမှာအလွယ်တကူရောက်ရှိနေပါပြီ။ကော်ဖီ အချိုရည်ဗူး ပီကေလိုအစားအစာမျိုးကစ
သတိထားပြီး စားသောက်ကြဖို့လိုနေပါပြီ။ ကိုယ်ကစိတ်မပါသော်လည်းစိတ်ကို ထကြွစေနိုင်တဲ့ဆေးကိုသောက်မိရင် ဘ၀တွေနစ်မွန်းကုန်ပါလိမ့်မယ်။ ယနေ့လူငယ်များကလည်းကိုယ့်ချစ်သူအပေါ်မှာရောအခြားမိန်းလေးများကိုပါ ဒီဆေးတွေကိုအသုံးပြုပြီး။ ကာမကိုရယူသိမ်းဆည်းမှုများ ရှိနေပါပြီ။ဒါကို ဘ၀ကိုတန်ဖိုးထားတဲ့ ကျောင်းသူလေးများ မိန်းမငယ်လေးများ သတိကြီးစွာထားပေးကြပါ။
ပြီးခဲ့တဲ့လက 7Day ဂျာနယ်ထဲမှာအလွန်အင်မတန် ဆိုးတဲ့သတင်းတစ်ခု ဖတ်လိုက်ရတာရင်လေးစရာ
ပါပဲ။ ရန်ကုန်မြို့မှာ ရှိတဲ့ ဟိုတည်တည်းခိုခန်းတွေမှာ အချိန်ပိုင်းအခန်းများငှားသည်ဆိုတဲ့ဆိုင်းဘုတ်တွေအောက်မှာယနေ့ကျောင်းသူကျောင်းသားတွေ အပါအ၀င် အပျိုလူပျိုများ စုံတွဲလိုက်လာပြီး အခန်းငှား ဘ၀ကိုကာမနောက်မှာနစ်မွန်းနေကြတယ်ဆိုတာပါပဲ။ ဘယ်လောက်ထိများသလဲဆို ခရီးသွားဧည့်သည်ရာခိုင်နှုန်းကနည်း
နေပြီး ကျောင်းသူကျောင်းသားနဲ့အခြားစုံတွဲတွေ ရဲ့လာရောက်တည်းခိုအတူနေထိုင်မှုက သာနေပါသတဲ့နေ့စဉ် ရာခိုင်နှုန်း ၆၀%ရှိပါသတဲ့ ကျောင်းပိတ်ရက်များမှာဆိုရင်ခန်းလွတ်မရှိလောက်အောင်
ပြည့်တယ်ဆိုပါတယ်။ဘ၀ကိုတန်ဖိုးမထားဘဲ စိတ်အလိုလိုက်နေကြတာ တကယ်ရင်လေးပါရဲ့။အချို့မိန်းကလေးများကတော့ ဆေးတိုက်ခံရတာကနေ နောက်လဲမထူးတော့ပါဘူးဆိုပြီး ခဏတိုင်းအ
တူနေတယ်လို့ဆိုပါတယ်။မန္တလေးကန်တော်ကြီး ဘန်ကတိုများမှာဆိုလည်းကျောင်းဝတ်စုံလေးများနဲ့ ကျောင်း
သူကျောင်းသားစုံတွဲတွေအမြဲပြည့်နေအောင်ပျော်ပါးနေပါသတဲ့။ မရိုသေ့စကား တစ်တွဲနဲ့တစ်တွဲအသံတွေတောင်ကြားရတယ်လို့ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူ တစ်ယောက်ကပြောပြဖူးပါတယ်။ ရတနာပုံတက္ကသိုလ်မှာတက်နေတဲ့ ခင်တဲ့ကျောင်းသားတစ်ယောက်ကိုကျွန်တော်မေးကြည့်ဖူးပါတယ်။ သူ့မှာ ထားခဲ့တဲ့ရည်းစားငါးယောက်လောက်ရှိသလို ငါးယောက်လုံးနဲ့ တည်းခိုခန်းမှာအတူအိပ်ဘူးပါသတဲ့ ကဲကောင်းကြရော ဒီလိုမလုပ်သင့်တဲ့
အကြောင်းတကယ်ဘ၀ကိုတန်ဖိုးထားသင့်ကြောင်းနဲ့ မိန်းကလေးဘက်ကိုငဲ့သင့်ကြောင်းကျွန်တော်သူ့ကိုပြော
ပြပေးခဲ့ရပါတယ်။ အချို့ရက်များမှာဆို ကျောင်းမတက်ဘဲ တစ်နေကုန်အောင် တည်းခိုခန်းမှာအတူနေပြီး ကျောင်းဆင်းချိန်မှ အိမ်တို့ နေတဲ့အဆောင်တို့ပြန်လေ့ရှိပါသတဲ့ မိဘတွေကတော့ ရှာဖွေပြီးကျောင်းထားပေးရတာ
သူတို့က ကျောင်းမတက်ဘဲ တည်းခိုခန်းရောက်နေပါတယ်။အချို့လည်းနယ်ကနေကျောင်းလာတက်ရာ အဆောင်မှာနေရတာလွတ်လပ်လွန်းတော့အုပ်ထိန်းသူမဲ့ဖြစ်ချင်ရာဖြစ်ကြတော့တာလို့ဆိုပါတယ်။ အဆောင်မှုးကိုဒီနေ့ညတော့သူငယ်ချင်းအိမ်မှာအိပ်မလို့နော်ဆိုပြီး
တည်းခိုခန်းရောက်နေသူတွေပုံနေပါသတဲ့။ကဲကျွန်တော်ရေးလက်စနဲ့ မို့ ဒီလိုမလုပ်သင့်ကြောင်း စိတ်ကိုအလိုမလိုက်သင့်ကြောင်းမိဘတွေကို
ငဲ့ကွက်သင့်ကြောင်း ဘ၀ကိုတန်ဖိုးထားသင့်ကြောင်းရေးပြတာပါ။
တကယ်တော့ကျွန်တော်တို့က သတိထားဖို့ တန်ဖိုးထားဖို့ အရှက်ရှိဖို့ သိက္ခာရှိဖို့အောက်တန်းစား
မဖြစ်ဖို့လမ်းညွှန်ပြီးဘလော့လေးရေးပေးနိုင်ရုံလောက်ပဲတတ်နိုင်ပါတယ်။တကယ်တမ်းလိုက်နာရမှာကတော့အမိ
တို့ ကိုကိုလေးတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။မိမိရဲ့လုပ်ရပ်ဟာ မိမိရဲ့အဆင့်အတန်းကိုဖော်ပြနေတယ်ဆိုတာ
သတိထားပြီးသိပေးစေချင်ပါတယ်။

လက်ချောင်းကလေးများရဲ့ထူးခြားချက်


သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။
1. (ပုံ 1) ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးမလုပ်ခံရပါဘူး။
2. (ပုံ 2) အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကို ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။
3. (ပုံ 3) အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။ထိုနည်းတူစွာ အဲ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။
4. (ပုံ ၄ ) အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။
5. (ပုံ 5) အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ်စာရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင့် ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။
6. (ပုံ ၆) အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တစ်အား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တစ်အား ရိုးတော့ တစ်ခါ တစ်လေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။
၁ ကနေ ၃ က အရှည်ဆုံး အပိုင်း ကို တိုင်း.. ပြီးမှ အားသာချက် ဖတ်..။
အောက်က ၄ ကနေ ၆ က ဘယ်ဟာ အတိုဆုံး တိုင်း.. အဲတာပြီးမှ အားနည်းချက် ဖတ်..။ တစ်ခုထဲ မဟုတ်ဘူးနော်.. အပေါ် ၁ ကနေ ၃ က အားသာချက်.. ၄ ကနေ ၆ က အားနည်းချက်။ :P
ဘလော့မိတ်ဆွေများအား Facebook မှ ကူးယူဖေါ်ပြလိုက်ရပါသည်ခင်ဗျာ......