Tuesday, January 15, 2013

ကိုယ့်ချစ်သူအပေါ် ဒါမျိုးစိတ်လေးတွေဖြစ်ဖူးလား



သူနဲ့ပတ်သတ်မဲ့
ကျန်းမာရေးဆောင်းပါးလေးတွေ ကိုဂရုတစိုက် ရှာဖွေနေခဲ့ဖူးလား...

ယုံတာမယုံတာ အပထား...
သူအကြောင်းရေးထားတဲ့ဗေဒင်လိုမျိုးဟောတမ်းတွေကိုအချိန်ပေးဖတ်ဖူးလား...

သူ့ကိုစားစေချင်တဲ့စိတ်နဲ့
ဟင်းချက်နည်းတွေကို ဂရုတစိုက် မှတ်သားဖူးလား...

သူနှစ်သက်မဲ့ ကဗျာ၊စာစောင်၊ဟာသလေးတွေကို 
ရှာဖွေပေးခဲ့ဖူးလား....

တိုက်ဆိုင်တယ်နော် ဆိုတဲ့စကားလုံးလေးတွေနဲ့ရော
အတူတူရီမောဖူလား...

အဲတုန်းကလေ ဆိုတဲ့
အတိတ်အကြောင်းကို ကြည်ကြည်နူးနူး ပြန်တွေးဖူးလား...
စားသောက်ဆိုင်ကောင်းကောင်းတွေ့ရင်..
အတူတူထိုင်ချင်တဲ့စိတ်လေးဖြစ်ဖူးလား............

အ၀တ်အစားလှလှလေးဆို
သူ့အတွက်ဝယ်ပေးချင်စိတ်ဖြစ်ဖူးလား....

အချိန်ပေးပြီး 
နွေးနွေးထွေးထွေးဆက်ဆံစမ်းပါ...
လူတစ်ယောက်ကို ရင်ဘက်ထဲထည့်ထားပြီးရင်....
အမှတ်တရ ဆိုတာ တမင် စိတ်ကူးယဉ်ကြည့်နေစရာမလိုပါဘူးချစ်သူရယ်...
အလိုလိုရောက်လာတဲ့ သတိရခြင်းတွေကိုလည်း...
ဘယ်လိုမှ လွယ်လွယ်မတွန်းလှန်နိုင်ဘူးလေ................

(ပုံရိပ်စစ်)

Sunday, January 13, 2013

မြန်မာ အမျိုးသမီးထု အစဉ် ဂရုပြု


မြန်မာ အမျိုးသမီးထု အစဉ် ဂရုပြု (ဆောင်းပါးရှင်-ရွှေတိုင်လွင်)

ဤကမ္ဘာ လောကကြီးတွင် မွေးဖွား သန့်စင် လာကြသော လူသား တိုင်းသည် မာတာမိခင် တို့မှ ရင်နှစ် သည်းချာ မွေးဖွား သန့်စင် လာကြရ သူများ ဖြစ်လေသည်။ သို့ဖြစ်ရာ မြန်မာ နိုင်ငံရှိ အမျိုးသမီး အများစု တို့သည် တစ်ချိန်သော ကာလဝယ် အနာဂတ် သားကောင်း တို့၏ မိခင်လောင်းများ ဖြစ်လာ ကြမည်မှာ ဧကန် မုချပင် ဖြစ်ကြပါမည်။

သို့ဖြစ်ရာ အမျိုးသမီးငယ် တို့ကလည်း လက်ရှိ မိမိနိုင်ငံနှင့် လူမျိုး ဆင်ယင် ထုံးဖွဲ့မှု တို့ကို မြန်မာမှု အစဉ်အလာ ရှိရှိနှင့် မိခင်ကောင်း ပီသစွာ ကြိုးပမ်း လုပ်ဆောင်ပေး လာကြရမည် ဖြစ်ပေသည်။ တိုင်းတစ် ပါး ယဉ်ကျေးမှုနှင့် ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုတို့ အစား မြန်မာမှု ဓလေ့ ထုံးစံနှင့် ယဉ်ကျေးမှု အနုပညာ တို့တွင်လည်း မြန်မာမှု ဟန်ပန် မပျက် သွန်သင် ကျင့်သုံး ပေးသွား ကြဖို့ လိုအပ် လှပေသည်။

ယနေ့ခေတ် ကာလသည် တိုးတက် ပြောင်းလဲ နေသောခေတ် ကမ္ဘာကို ရင်ပေါင် တန်းနေသော ကာလ ဖြစ်တာပဲ ဆိုပြီး မြန်မာတို့၏ ယဉ်ကျေးမှု အသွင် သဏ္ဌာန် တို့ကို မေ့ပျောက်လို့ မရပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ စာရေးသူ မြို့ထဲမှာ အမျိုးသမီးကြီး အတော် များများပင် တိုင်းတစ်ပါး အဝတ်အစား တို့ကို တိုတိုနံ့နံ့ ကျပ်ကျပ် တည်းတည်း ဝတ်ဆင် နေကြ သည်ကို တွေ့မြင် ရပါသည်။ သူတို့ ကိုယ်တိုင်က မိဘ အရွယ် ဖြစ် ပြီး နောင်လာမည့် မျိုးဆက်သစ် မြန်မာ သမီးငယ် လေးတွေကို ဘယ်လို စံနမူနာပေး သွားမလဲဟု စိတ်မကောင်းဖွယ် ရှုမြင် ခဲ့ရပေသည်>>> http://www.myawady.net.mm/post/post2/2012-11-15-06-47-16

အမျိုးသမီးတွေသိဖို့ အမျိုးသားတွေအကြောင်း (၁၀) ချက်တဲ့


(ချစ်တဲ့သူတိုင်းအဆင်ပြေစေဖို့ပါ).

၁ ။ တခါတလေ ဘာမဟုတ်တာလေးနဲ့ စကားနိုင်လုပြောတယ်လို့မထင်ပါနဲ့ အမျိုးသ
ားတွေဟာ ကိုယ်မှန်တယ်လို့ ယူဆထားတဲ့အရာတစ်ခုအတွက် တိုက်ပွဲဝင်ဖို့ ၀န်မလေးတတ်ကြဘူး ။ နောက်မှ သာ ချော့ရင်ချော့ရပါစေ လတ်လောမှာတော့ စိတ်ဆိုးခံပြီး ငြင်းခုန်ပြီး အမှန်ကို ရှာဖွေလေ့ရှိကြတယ် ။

၂ ။ ချိန်းထားတဲ့အချိန်နောက်ကျလို့ ဆိုပြီး စိတ်ဆိုးစိတ်ကောက်တာအရင်လုပ်မယ့်အစား ဘာကြောင့်နောက်ကျရသလဲဆိုတဲ
့အဖြေကို အရင်မေးသင့်တယ် ။ များသောအားဖြင့် အမျိုးသားတွေက ချိန်းထားတဲ့အချိန်ထက် စောပြီးလာချင်စိတ်ရှိကြပေမယ့် အကြောင်းတစ်ခုခုကြောင့် နောက်ကျတတ်တာများတယ် ။

၃ ။ ကိုယ်နဲ့အတူယှဉ်ပြီးလျှောက်နေတုန်း တခြားမိန်းကလေးတစ်ယောက်ကို ကိုယ့်ကောင်လေးက ကြည့်မိလို့ သ၀န်မတိုပါနဲ့ ။ သူကြည့်တာက သင့်လောက်လှမလှ ( သာမန် ) စိတ်ကလေးနဲ့ ကြည့်တာလည်းဖြစ်နိုင်သလို ဘာရယ်မဟုတ် မျက်လုံးထဲ ၀င်လာတဲ့ မြင်ကွင်းတစ်ခုကို ကြည့်မိလိုက်တာလည်းဖြစ်နိုင်တယ် ။ အမြဲတမ်း နှာဘူးထ ချင်လို့ ကြည့်တယ်လို့မထင်ပါနဲ့ ။

၎ ။ ဆေးလိပ်နဲ့ငါ ဘယ်သူ့ကို ဖြတ်မလဲ ဘောလုံးပွဲနဲ့ငါ ဘယ်သူ့ကိုဖြတ်မလဲ ဖေ့ဘုတ်နဲ့ငါ ဘယ်သူ့ကိုဖြတ်မလဲ စတဲ့ မေးခွန်းတွေမမေးစေချင်ပါဘူး ။ ကျဉ်းထဲကြပ်ထဲရောက်တဲ့အခါ ယောင်္ကျား အများစုက သွေးဆူလွယ်ပြီး အမှားတွေလုပ်တတ်ကြတယ် ။ တကယ်တော့ ဆေးလိပ်ဖြတ်စေချင်ရင် လျော့သောက်ကြည့်ပါလား မသောက်ပဲနေရင် ဘာတွေအကျိုးရှိတယ် စသဖြင့် ပြောသင့်သလို ဘောလုံးပွဲဆိုရင်လည်း ညဖက်ကြီးကြည့်ရတာ အိပ်ရေးပျက်ပါတယ်ကိုရယ် ဘာညာ စသဖြင့်ပြောသင့်တယ်မဟုတ်လား ။

၅ ။ ယောင်္ကျားမာန နဲ့ယောင်္ကျားသိက္ခာကို ထိပါးစေသော စကားလုံးတွေပြောတာကို ရှောင်ကြဉ်ပါ ။ ဥပမာ နင်ငါ့ကို ယူဖို့ ဘာအဆင့်ရှိလို့လဲ နင်ငါ့လောက် ရှာနိုင်လို့လား နင် ယောင်္ကျားမဟုတ်ဘူးလား စတဲ့စကားတွေဟာ ယောင်္ကျားတစ်ယောက်အတွက် စိတ်ဓါဏ်ရာတွေရသွားစေတယ် ။

၆ ။ ယောင်္ကျားလေးသဘာဝ သူငယ်ချင်းအပေါင်းအသင်းတွေကို အတိုင်းထက်အလွန်ခင်မင်တာကို ခွင့်လွှတ်ပေးလိုက်ပါ ။ သူငယ်ချင်းဆိုတာ ယောင်္ကျားတွေအတွက် အသက်တမျှ အရေးကြီးတဲ့ တိုင်ပင်ဖော်တွေဖြစ်တယ် ။ ဒါကို နားမလည်ပဲ ငါနဲ့နင့်သူငယ်ချင်းမှာ နင့်သူငယ်ချင်းကို ဦးစားပေးတယ်ဆိုပြီး ကိုယ်ကိုယ်ကိုယ် သူ့ သူငယ်ချင်းတစ်ယောက်နဲ့တန်းတူ မနှိုင်းယှဉ်လိုက်ပါနဲ့ ။ ချစ်တာက ချစ်တာတစ်ကြောင်း သူငယ်ချင်းက သူငယ်ချင်းတစ်ကြောင်း စသဖြင့် ယောင်္ကျားတွေက ခွဲခြားထားလေ့ရှိတယ် ။

၇ ။ ကိုယ့်ကို ချစ်တယ် လို့ ခဏခဏ မပြောလို့ သူ့ဖက်က အချစ်တွေလျော့နေပြီလားလို့ မထင်ပါနဲ့ ။ ယောင်္ကျားလေးအများစုက အပြောထက်စာရင် ရင်ထဲမှာ နှစ်နှစ်ကာကာ ချစ်တာပိုများတယ် ။

၈ ။ ဘ၀ နဲ့ အချစ်ကို ယှဉ်လာရပြီဆိုရင် မိန်းကလေးတွေက အချစ်ကို ပုံအောပြီး ဆင်းရဲတွင်းထဲ ခုန်ဆင်းလည်းဝန်မလေးတတ်ကြပေမယ့် ယောင်္ကျားလေးတွေကတော့ ကိုယ့်ချစ်သူကို ဘယ်တော့မှာ ဆင်းရဲတွင်းထဲ ခေါ်မသွင်းလိုကြဘူး ။ ဒါကြောင့်ပဲ ရင်နာနာနဲ့ စွန့်လွှတ်လိုက်ရတဲ့ အသဲကွဲဇတ်လမ်းတွေဖြစ်လာကြရတယ် ။

၉ ။ သူ့မိသားစုပဲသူချစ်တယ် ငါ့ကိုတော့ သိပ်မချစ်ဘူးလို့ မထင်လိုက်ပါနဲ့ ။ တကယ်တော့ ယောင်္ကျားတစ်ယောက်ဟာ တချိန်တည်းမှာ သားကောင်းတစ်ယောက်နဲ့ ခင်ပွန်းကောင်းတစ်ယောက် မဖြစ်နိုင်ဘူး ။ သူ့အမေရှေ့မှာသာ သူသားကောင်းဖြစ်ကြောင်းပြသတတ်ပေမယ့် သင့်ရှေ့မှာလည်း သူဟာ ယောင်္ကျားကောင်းပီသစွာ ခင်ပွန်းကောင်းပီသစွာ ချစ်သူကောင်းပီသစွာ နေတယ်ဆိုရင် သင်ကျေနပ်လိုက်ပါ ။

၁၀ ။ ကိုယ့်ကို ဆက်ဆံရေးတွေစိမ်းကားနေလို့ ကိုယ့်ကိုအ ရင်ကလောက် မချစ်ဘူးလို့ မထင်လိုက်ပါနဲ့ ။ စီးပွားရေး လူမှုရေးနဲ့အချစ်ရေးကို ယောင်္ကျားတွေက သိပ်ခွဲခြားထားလေ့မရှိဘူး ။ ဥပမာ ကိစ္စတစ်ခုခုမဆင်မပြေဖြစ်တဲ့အခါ ကိုယ့်ချစ်သူရှေ့မှာပါ စကားအပြောအဆို နည်းသွားပြီး မရွှင်မလန်းဖြစ်တတ်တယ် ။ အဲဒီအခါ စိတ်ဆိုးမယ့်အစား သူဘာပြဿနာဖြစ်နေလဲဆိုတာ အရင် စုံစမ်းပြီး ၀ိုင်းဝန်းကူညီဖေးမပေးလိုက်ပါ။

ချစ်တဲ့သူတိုင်းအဆင်ပြေပါစေ။။။
                                             သူ့ဆီက ပြန်လည်မျှဝေပါတယ်။ Mi yu ya (FaceBook)

အသဲကွဲတာဒီလိုဖြေသိမ့်ပါ




ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
ဆိုကရေးတီး....ပစ်လိုက်ရပြီဆို လဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
ဆိုကရေးတီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
ဆိုကရေးတီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
ဆိုကရေးတီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
ဆိုကရေးတီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
ဆိုကရေးတီး......ကိုယ့်ချစ်တဲ့ သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ် တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
ဆိုကရေးတီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန် တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
ဆိုကရေးတီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
ဆိုကရေးတီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
ဆိုကရေးတီး.....မဟုတ်ဘူး...လူေ လးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
ဆိုကရေးတီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်း အရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
ဆိုကရေးတီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
ဆိုကရေးတီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
ဆိုကရေးတီး.....မဖြစ်နိုင်တာ... လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
ဆိုကရေးတီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
ဆိုကရေးတီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
ဆိုကရေးတီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
ဆိုကရေးတီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
ဆိုကရေးတီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။



(ဖတ်ရတာ ကောင်းလို့ ပြန်ဝေလိုက်ပါတယ်)
---------------------------------------------------------------------------------------------

Friday, January 11, 2013

ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်




ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

http://www.myawady.com.mm/health/knowledge/item/3483-2013-01-03-09-56-46

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

စစ်တမ်းများအရ ပျော်ရွှင်မှု အပြည့်အ၀နှင့် လက်ထပ်ခွင့် ရသူများမှာ သွေးပေါင်ချိန် ပြဿနာများ ဖြစ်နိုင်ခြေနည်းပြီး ဆက်ဆံရေး အခြေအနေ ကောင်းမွန်ပြီး အိမ်ထောင်ရေး အဆင်ပြေသော စုံတွဲများမှာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ရသည့် ဝေဒနာမျိုး ဖြစ်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။

ယခုနောက်ဆုံး ဖော်ထုတ်မှုအရ သေနိုင်လောက်သော ရောဂါမျိုး စွဲကပ်ပြီး နောက်ဆုံး အချိန်ကို စောင့်မျှော် နေရသော လူမမာ များပင်လျင် စိတ်ချမ်းသာ ပျော်ရွှင်စွာ လက်ထပ်ခွင့် ရခဲ့ပါက ၄င်းတို့၏ သက်တမ်းကို (၅)နှစ်နှင့် အထက် ပိုမိုဆွဲဆန့် နိုင်ကြောင်း ပညာရှင်များက ကြေညာ ခဲ့သည်။

သုတေသီများက မည်သို့သော အကျိုး သက်ရောက်မှု များကြောင့် ယခုကဲ့သို့ လူ့သက်တမ်းကို ရှည်လျား စေသည်ကို အတိအကျ မပြောနိုင် သော်လည်း ၄င်းတို့ သုတေသန ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများက အထက်ပါ အဖြေအား အတည်ပြု ပေးခဲ့သည်ဟု ဆိုသည်။

ကင်ဆာ ရောဂါနှင့် နှလုံး ရောဂါတို့အား ပြင်းထန် ဆိုးရွားစွာ ခံစားနေရသည့် ပုဂ္ဂိုလ် အချို့တို့မှာ ၎င်းတို့၏ ချစ်သူများနှင့် ပျော်ရွှင်စွာ ထိမ်းမြားခွင့် ရရှိခဲ့ပြီးနောက် ဆရာဝန်များ အံ့သြရလောက်အောင်ပင် မူလ ခန့်မှန်းထားသည့် နောက်ဆုံး နေ့အား ကျော်လွန်ပြီး ကာလ ရှည်ကြာစွာ အသက်ရှင် နေထိုင်ခွင့် ရနေကြကြောင်း သိရှိရသည်။

အမေရိကန်၊ ဆွီဒင်နှင့် ဒိန်းမတ် နိုင်ငံများရှိ ဆေးရုံများနှင့် တက္ကသိုလ်များတွင် စမ်းသပ် ပြုလုပ်ခဲ့သည့် သုတေသန လုပ်ငန်းများမှ ရလဒ်များအရ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခြင်းသည် ပရိုစတိတ် ကင်ဆာ၊ တုပ်ကွေး၊ အယ်လ်ဇိုင်းမား၊ နှလုံးရောဂါ၊ သွေးပေါင်ချိန် ကျဆင်းမှု စသည့် ဝေဒနာများ ခံစားနေရသည့် လူနာများအတွက် ထိရောက်စွာ အကျိုး ဖြစ်ထွန်းစေပြီး စိတ်ဖိစီးမှုနှင့် သေနိုင် လောက်သော ရောဂါများ ဖြစ်ပွားမှု တို့ကို လျော့နည်း သေသည်ဟု သိရှိ ရသည်။

ဆရာဝန်များက နားလည်မှုရှိသည့် ချစ်သူခြင်း လက်ထပ်မှုမှာ အချို့သော ကျန်းမာရေး ပြဿနာများတွင် ၎င်းတို့ နားမလည် နိုင်လောက်အောင် အကျိုး ဖြစ်ထွန်းမှုများ ရှိကြောင်း ထုတ်ဖော် ၀န်ခံ သွားခဲ့သည်။

အနမ်းနဲ့ ကျန်းမာရေး




သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။

နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။

၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။

၃။ နောက်တစ်ခု ကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ

ကုထုံး တစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ၀ီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။

NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language

မြင်းခွာရွက်အစွမ်း


ကျန်းမာရွှင်လန်း မြင်းခွာရွက်အစွမ်း


မြန်မာ့ဆေးကျမ်းများ အလိုအရ မြင်းခွာရွက်သည် အရသာ ခါးသက်သက်ရှိ၏။ စပ်ရှားရှားရှိ၏။ ချို၏။ ထက်မြက်၏။ သလိပ်ကိုပယ်တတ်၏။ အရေပြား ရောဂါ၊ ယားနာအဖုအပိမ့်များ၊ အနာပေါက်ရောဂါနှင့် နူနာတို့ကို ပျောက်ကင်း စေနိုင်သည်။

မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့် ရောစပ်ပြီး နေ့စဉ် သောက်သော် ခွန်အားတိုးတက်စေ၏။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌ လိမ်းကျံပေးသော် ကလေးများချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ ပျောက်ကင်းစေသကဲ့သို့ မြင်းခွာရွက်ကို အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူရောစပ်ပြီး နှိပ်နယ်လိမ်းကျံပေးခြင်းဖြင့် အဆစ်အဆက်တို့၌ ဖြစ်သော လေအဖုအကျိတ် များပျောက်ကင်း စေနိုင်သည်။

ထို့အပြင် မြင်းခွာရွက်ကို အရည်ညှစ်၍ လက်ဖက် ရည်ဇွန်းအနည်းငယ် တစ်ဇွန်းခန့်တိုက်ပါက ကလေးငယ်များအအေးမိခြင်း၊ လေပြွန်ချောင်း ပူခြင်းပျောက်၏။ ဝမ်းသက်၍ သလိပ်ကိုလည်း ကျစေနိုင် သည်။

အရေပြား ရောဂါများအတွက် ၎င်း၏ အရွက်ညှစ်ရည်ဖြင့် လိမ်းကျံခြင်း၊ စားသောက်ခြင်းဖြင့် ပျောက်ကင်းစေခြင်း၊ ကိုယ်တွင် ရုတ်တရက် ထိခိုက်ရှနာဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်း၌ ၎င်း၏ အရွက်ကိုကြိတ်၍ ရသောအရည်ဖြင့် လိမ်းကျံပေးက ပျောက်ကင်း၏။ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် ဆီး၌ သွေးပါခြင်း တို့အတွက် မြင်းခွာရွက် ဖျော်ရည်ပြုလုပ်သောက်က ပျောက်ကင်းစေနိုင်သည်။ မြင်းခွာရွက်ကို ငရုတ်ကောင်း၊ ပျားရည်တို့နှင့် စပ်၍ သောက်ပါက အသက် ရှည်၏။ အနာရောဂါပျောက်ကင်းစေနိုင်သည်။

မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိ နာပျောက်ဆေး အဖြစ်လည်း ဖော်စပ်သုံးနိုင်သည့်အပြင် မြင်းခွာရွက်ကို အခြောက်ပြုလုပ်၍ လက်ဖက်ရည် ခါးသဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေသည်။ မြင်းခွာရွက်အစိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင်ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း သို့မဟုတ် အရည်ညှစ် ၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာမျက်စိနာခြင်း၊ မျက်စိ ကျိန်းခြင်း များကို ပျောက်ကင်းစေ နိုင်သည်။

မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့် ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန်တွင် လျက်သော် နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်ကြောင်းကို စာဖတ်သူ ပရိသတ်များ သိရှိသုံးစွဲနိုင်စေ ရန်အတွက် မြင်းခွာရွက်အကြောင်း သိကောင်းစရာ ဆေးဖက်ဝင်ပုံကို ရေးသားတင်ပြလိုက်ရပါသည်။